• Follow Us on

Home ဗဟိုဘဏ်၏ အတိုးနှုန်း၊ ဘဏ်များကအပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့်အတိုးနှုန်းများ ပြင်ဆင်သတ်

ဗဟိုဘဏ်၏ အတိုးနှုန်း၊ ဘဏ်များကအပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့်အတိုးနှုန်းများ ပြင်ဆင်သတ်

Share this post

နေပြည်တော်၊ သြဂုတ် ၁၅

 

မြန်မာနိုင်ငံ ဗဟိုဘဏ်၏ အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ် ပေးသည့်အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့် အတိုးနှုန်းများ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက်လျော့ကျစေရန်၊ ပြည်သူများ အနေဖြင့် ဘဏ်အပ်နှံငွေပေါ်မှ အတိုးဝင်ငွေပိုမိုရရှိစေရန်၊ ဘဏ်များ၏ ချေးငွေထုတ်ချေးနိုင်မှု ပိုမိုလာပြီး စီးပွားရေးတိုးတက်မှုအား အထောက်အကူပြုစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဗဟိုဘဏ်အတိုးနှုန်း၊ ဘဏ်များကအပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့်ချေးငွေများအပေါ် ကောက်ခံနိုင်သည့် အတိုးနှုန်းများကို အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

 

ဗဟိုဘဏ်အတိုးနှုန်းအား လက်ရှိ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ပြီး၊ ဘဏ်များက အပ်ငွေ များအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်းနှင့် ချေးငွေများအားလုံးအတွက် ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။

 

ဘဏ်များအနေဖြင့် မိမိတို့၏အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရအပ်ငွေနှင့် ချေးငွေအတိုးနှုန်း များအား ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရန်ဖြစ်ပြီး နိုင်ငံတော်၏ မူဝါဒအရ လက်ရှိထုတ်ချေး ပေးလျက်ရှိသည့် အထူးချေးငွေများ၏ အတိုးနှုန်းများသည် ပြောင်းလဲမှုမရှိကြောင်းနှင့် ယခုအတိုးနှုန်းပြင်ဆင် ချက်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post