ဗိုလ္ခ်ဳပ္ႀကီး ခ်ားလ္ဘေရာင္း ပထမဆုံးေသာ လူမည္းအေမရိကန္ေလတပ္ခ်ဳပ္ ျဖစ္လာ

PUBLISHED - June 10, 2020
ႏိုင္ငံတကာ၊ ဇြန္ ၁၀
ဗိုလ္ခ်ဳပ္ႀကီး ခ်ာလ္းဘေရာင္းအား အေမရိကန္ေလတပ္၏ အႀကီးအကဲအျဖစ္ခန္႔အပ္ရန္ အထက္လႊတ္ေတာ္က အတည္ျပဳခဲ့သည္။
၎သည္ အဆိုပါ ရာထူးတြင္ ပထမဆုံး တာဝန္ယူရသည့္ လူမည္းေလတပ္ခ်ဳပ္ ျဖစ္လာမည္ျဖစ္သည္။ ဘေရာင္းအား အဆိုပါ စစ္တပ္၏ အႀကီးအကဲျဖစ္လာေစရန္အတြက္ အထက္လႊတ္ေတာ္က ယေန႔တြင္ တညီတၫြတ္တည္းမဲေပးခဲ့ျခင္းျဖစ္သည္။
၎အား မတ္လအတြင္းကတည္းက သမၼတ ေဒၚနယ္ထရန္႔က အမည္စာရင္း တင္သြင္းခဲ့ျခင္းျဖစ္သည္။ ဘေရာင္းသည္ လက္ရွိတြင္ ပစိဖိတ္ေလတပ္ဖြဲ႕၏ တပ္မွဴးအျဖစ္ တာဝန္ထမ္းေဆာင္လ်က္ရွိသည္။
အေမရိကန္ အထက္လႊတ္ေတာ္က အတည္ျပဳလိုက္ျခင္းေၾကာင့္ ဘေရာင္းမွာ ပူးတြဲစစ္ဉီးစီးခ်ဳပ္ရာထူး တာဝန္ယူသည့္ ဒုတိယေျမာက္ အာဖရိကန္-အေမရိကန္ျဖစ္လာခဲ့သည္။ ေကာလ္လင္းပါဝဲလ္သည္ ပထမဆုံး ျဖစ္ၿပီး ၁၉၈၃ႏွစ္ ၁၉၉၃အထိ ဉကၠဌအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။
မင္နီပူးလစ္ျပည္နယ္တြင္ ရဲမ်ားက ထိန္းသိမ္းထားသည့္ လူမည္းအမ်ိဳးသားျဖစ္သူ ေဂ်ာ့ဖလြိဳက္ေသဆုံးမႈျဖစ္ပြား ၿပီးေနာက္ ဘေရာင္းသည္ ၿပီးခဲ့သည့္ ေသာၾကာေန႔က ဗြီဒီယိုသတင္းတစ္ခုကို ထုတ္ျပန္ခဲ့သည္။
ဘေရာင္းက ၎ တိုက္ေလယာဉ္မွဴးျဖစ္စဉ္က လူမ်ိဳးေရးခြဲျခားဆက္ဆံခံခဲ့ရမႈကို ေဖာ္ျပခဲ့သည္။ ဘေရာင္းက မိမိသည္ အျခားေလယာဉ္မွဴးမ်ားႏွင့္အတူ တူညီဝတ္စုံဝတ္ဆင္ထားေသာ္လည္း မိမိအား ေလယာဉ္မွဴး မွန္ကန္လားဟု အျခားစစ္တပ္အဖြဲ႕ဝင္မ်ားက ေမးခဲ့ေၾကာင္း ၎က ေျပာၾကားခဲ့သည္။
လူမ်ိဳးေရးခြဲျခားဆက္ဆံမႈမ်ား၊ မတူကြဲျပားမႈႏွင့္အျခားကိစၥရပ္မ်ားႏွင့္ ပတ္သက္ၿပီး ေဆြးေႏြးမႈမ်ားတြင္ ပါ၀င္ႏိုင္လိမ့္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ဘေရာင္းက ထုတ္ေဖာ္ေျပာၾကားခဲ့သည္။
မ်ိဳးခ်စ္ပုဂၢိဳလ္ျဖစ္ၿပီး ထူးခြၽန္ေသာ ပုဂၢိဳလ္ျဖစ္သည့္ ဘေရာင္းႏွင့္ ပိုမိုနီးကပ္စြာ အလုပ္လုပ္ကိုင္ရေတာ့ မည္ျဖစ္သည့္အတြက္ စိတ္လႈပ္ရွားမိေၾကာင္း အေမရိကန္ျပည္ေထာင္စုအတြက္ သမိုင္းဝင္သည့္ ေန႔ျဖစ္ေကာင္း ထရန္႔က အဂၤါေန႔အတြင္းက တြစ္တာေပၚတြင္ ေရးသားခဲ့သည္။
Ref; US Air Force to have first black service chief
#PeopleMedia
(unicode)
ဗိုလ်ချုပ်ကြီး ချားလ်ဘရောင်း ပထမဆုံးသော လူမည်းအမေရိကန်လေတပ်ချုပ် ဖြစ်လာ
……………………………………………………………………………………..
နိုင်ငံတကာ၊ ဇွန် ၁၀
ဗိုလ်ချုပ်ကြီး ချာလ်းဘရောင်းအား အမေရိကန်လေတပ်၏ အကြီးအကဲအဖြစ်ခန့်အပ်ရန် အထက်လွှတ်တော်က အတည်ပြုခဲ့သည်။
၎င်းသည် အဆိုပါ ရာထူးတွင် ပထမဆုံး တာဝန်ယူရသည့် လူမည်းလေတပ်ချုပ် ဖြစ်လာမည်ဖြစ်သည်။ ဘရောင်းအား အဆိုပါ စစ်တပ်၏ အကြီးအကဲဖြစ်လာစေရန်အတွက် အထက်လွှတ်တော်က ယနေ့တွင် တညီတညွတ်တည်းမဲပေးခဲ့ခြင်းဖြစ်သည်။
၎င်းအား မတ်လအတွင်းကတည်းက သမ္မတ ဒေါ်နယ်ထရန့်က အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။ ဘရောင်းသည် လက်ရှိတွင် ပစိဖိတ်လေတပ်ဖွဲ့၏ တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ခြင်းကြောင့် ဘရောင်းမှာ ပူးတွဲစစ်ဉီးစီးချုပ်ရာထူး တာဝန်ယူသည့် ဒုတိယမြောက် အာဖရိကန်-အမေရိကန်ဖြစ်လာခဲ့သည်။ ကောလ်လင်းပါဝဲလ်သည် ပထမဆုံး ဖြစ်ပြီး ၁၉၈၃နှစ် ၁၉၉၃အထိ ဉက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
မင်နီပူးလစ်ပြည်နယ်တွင် ရဲများက ထိန်းသိမ်းထားသည့် လူမည်းအမျိုးသားဖြစ်သူ ဂျော့ဖလွိုက်သေဆုံးမှုဖြစ်ပွား ပြီးနောက် ဘရောင်းသည် ပြီးခဲ့သည့် သောကြာနေ့က ဗွီဒီယိုသတင်းတစ်ခုကို ထုတ်ပြန်ခဲ့သည်။
ဘရောင်းက ၎င်း တိုက်လေယာဉ်မှူးဖြစ်စဉ်က လူမျိုးရေးခွဲခြားဆက်ဆံခံခဲ့ရမှုကို ဖော်ပြခဲ့သည်။ ဘရောင်းက မိမိသည် အခြားလေယာဉ်မှူးများနှင့်အတူ တူညီဝတ်စုံဝတ်ဆင်ထားသော်လည်း မိမိအား လေယာဉ်မှူး မှန်ကန်လားဟု အခြားစစ်တပ်အဖွဲ့ဝင်များက မေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လူမျိုးရေးခွဲခြားဆက်ဆံမှုများ၊ မတူကွဲပြားမှုနှင့်အခြားကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများတွင် ပါ၀င်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဘရောင်းက ထုတ်ဖော်ပြောကြားခဲ့သည်။
မျိုးချစ်ပုဂ္ဂိုလ်ဖြစ်ပြီး ထူးချွန်သော ပုဂ္ဂိုလ်ဖြစ်သည့် ဘရောင်းနှင့် ပိုမိုနီးကပ်စွာ အလုပ်လုပ်ကိုင်ရတော့ မည်ဖြစ်သည့်အတွက် စိတ်လှုပ်ရှားမိကြောင်း အမေရိကန်ပြည်ထောင်စုအတွက် သမိုင်းဝင်သည့် နေ့ဖြစ်ကောင်း ထရန့်က အင်္ဂါနေ့အတွင်းက တွစ်တာပေါ်တွင် ရေးသားခဲ့သည်။
Ref; US Air Force to have first black service chief
#PeopleMedia