ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်အဖွဲ့အား တွေ့ဆုံ၊ လေကြောင်း၊ ရထားနှင့် သတင်းအချက်အလက်နည်းပညာကဏ္ဍများ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ ဆွေးနွေး

PUBLISHED - March 26, 2022
နေပြည်တော်၊ မတ် ၂၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဥရောပ အာရှ စီးပွားရေးကော်မရှင်အဖွဲ့အား ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံပြီး၊ လေကြောင်းပို့ဆောင်ရေး ရထားပို့ဆောင်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍများ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ၁၉၄၈ ခုနှစ်မှစ၍ သံတမန်ဆက်သွယ်မှု ပြုခဲ့ရာ ယခုအခါ (၇၄) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံအပေါ် ဖွံ့ဖြိုးမှု အကူအ ညီများပေးအပ်မှု၊ ခိုင်ခိုင်မာမာရပ်တည်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ- ရုရှား လေကြောင်းသ ဘောတူစာချုပ်ကို ၁၉၇၀ ပြည့်နှစ်ကတည်းကရေးထိုးခဲ့ပြီး နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းမှုများ ဆောင် ရွက်ကြောင်း၊ ဆက်သွယ်ရေးကဏ္ဍတွင်လည်း သတင်းအချက်အလက် လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်ရန် နှစ်ဘက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရုရှားနိုင်ငံမှ နည်းပညာများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆို ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နှစ်ဘက်ဆွေးနွေးရာတွင် လေကြောင်းပို့ဆောင်ရေး၊ ရထားပို့ဆောင်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍများ၊ အီလက်ထရောနစ်ပစ္စည်းကိရိယာများ ဖြည့်တင်းပံ့ပိုးပေးနိုင်မှုဆိုင်ရာ ပူးပေါင်းဆောင် ရွက်နိုင်မည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းဆိုင်ရာများအပေါ် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဥ ရောပအာရှ စီးပွားရေးကော်မရှင်အဖွဲ့မှ Mr. Vitaly MALIEV, Vice President, Russia Association for Friendship & Cooperation with Myanmar ဦးဆောင်သော အဖွဲ့ဝင် (၁၄) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(unicode)
……………………………………………..