ဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာရဲ့ UTN ပါတီ ဖီယူထိုင်းပါတီနဲ့ ပူးပေါင်း
PUBLISHED - August 18, 2023
နိုင်ငံတကာ၊ သြဂုတ် ၁၈
မကြာခင်ဝန်ကြီးချုပ်ရာထူးက အနားယူတော့မယ့် ဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာရဲ့ UTN (United Thai Nation) ပါတီဟာ ဖီယူထိုင်းပါတီနဲ့ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
ပါတီနှစ်ရပ်ကြား သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း UTN ပါတီရဲ့ လွှတ်တော်အမတ် အ ကာရာဒေ့ဂျ်ဝေါင်ပီတာကရော့က သတင်းထောက်တွေကို ကြာသပတေးနေ့ (သြဂုတ်လ ၁၇ ရက်နေ့) က ပြော ကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံရှေ့ကို ဆက်လက်ချီတက်ပြီး ပြည်သူတွေကြားမှာ သဟဇာတဖြစ်မှုကို မြှင့်တင်ပေးနိုင်ဖို့အတွက် အခု လိုဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
UTN ပါတီက လွှတ်တော်အမတ် ၃၆ ဦး ထပ်မံရောက်ရှိလာတဲ့အတွက် ဖီယူထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့ဟာ လက်ရှိအချိန်မှာ လွှတ်တော်အမတ် ၂၇၄ နေရာရှိသွားပြီဖြစ်ပြီး အဲဒီအရေအတွက်ဟာ အောက်လွှတ် တော်တစ်ခုလုံးရဲ့ မဲဆန္ဒထက်ဝက်ထက် ပိုမိုကျော်လွန်သွားပြီဖြစ်ပါတယ်။
ဒါပေမဲ့ လွှတ်တော်အမတ်နေရာ ၄၀ ရှိတဲ့ ပါလန်ပရာချာရတ်ပါတီအပါအဝင် ပါတီလေးငါးခုဟာ ဖီယူထိုင်းပါတီ ဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့ကတင်လာတဲ့ ဝန်ကြီးချုပ်လောင်းကို ထောက်ခံမဲပေးဖို့ ကတိပြုထားတဲ့အတွက် သြ ဂုတ်လ ၂၂ ရက်နေ့မှာကျင်းပမယ့် ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ဖီယူထိုင်းပါတီအနေနဲ့ ထောက်ခံမဲ့ ပိုမိုရရှိနိုင်တယ် လို့ ဆိုပါတယ်။
ဖီယူထိုင်းပါတီမှာ ထိုင်းဘုရင်စနစ်ကိုအကာအကွယ်ပေးထားတဲ့ဥပဒေကို ပြင်ဆင်ဖို့ မူဝါဒမရှိတဲ့အတွက် ၎င်းတို့ ပါတီအနေနဲ့ ညွန့်ပေါင်းအဖွဲ့ထဲဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း အကာရာဒေ့ဂျ်က ပြောပါတယ်။
ဝန်ကြီးအဆင့်ရာထူးတွေခွဲဝေရေးအတွက် ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ ကောလာဟလတွေကိုတော့ အကာရာ ဒေ့ဂျ်က ပယ်ချခဲ့ပါတယ်။
ထိုင်းနိုင်ငံရင်ဆိုင်နေရတဲ့ အကျပ်အတည်းသုံးခုဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်း၊ စီးပွားရေးအ ကျပ်အတည်းနဲ့ ပြည်သူများကြားအငြင်းပွားမှုတွေကို ပြေလည်စေဖို့အတွက် နိုင်ငံရေးခံယူချက်တွေကွဲပြားနေ ပေမဲ့ ပါတီအားလုံးဆီကထောက်ခံမဲတွေကို ရရှိအောင်ကြိုးပမ်းနေကြောင်း ဖီယူထိုင်းပါတီဦးဆောင်တဲ့ ညွန့် ပေါင်းအဖွဲ့က အကြိမ်ကြိမ်ပြောကြားခဲ့ပါတယ်။
ရွေးကောက်ပွဲမကျင်းပခင်ကတော့ ဖီယူထိုင်းပါတီအနေနဲ့ အာဏာသိမ်းစစ်တပ်က ကျောထောက်နောက်ခံပေး ထားတဲ့ ပါလန်ပရာချတ်ပါတီ၊ UTN ပါတီတို့နဲ့ လက်တွဲဆောင်ရွက်မှာမဟုတ်ကြောင်း ဖီယူထိုင်းပါတီရဲ့ခေါင်း ဆောင် ချိုနန်ဆရီကောက ပြောဆိုခဲ့ပါတယ်။
ဖီယူထိုင်းပါတီက အဲဒီလိုဆောင်ရွက်ခဲ့မယ်ဆိုရင် ပါတီအကြီးအကဲအဖြစ်ကနေ နုတ်ထွက်သွားမှာဖြစ်တယ်လို့ ၎င်းက ပြောခဲ့ပါတယ်။
Ref: United Thai Nation joins Pheu Thai-led coalition to ensure majority in lower House
#PeopleMedia