• Follow Us on
Latest News

Home ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် တရုတ်စစ်သံမှူးတို့တွေ့ဆုံ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်ဆိုင် ရာများတွင် ပိုမိုပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များဆွေးနွေး

ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် တရုတ်စစ်သံမှူးတို့တွေ့ဆုံ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်ဆိုင် ရာများတွင် ပိုမိုပူးပေါင်းဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များဆွေးနွေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၇

 

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူး Senior Colonel Qu Zhe ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လျက်ရှိ သည့်အခြေအနေများ၊ နှစ်နိုင်ငံလေ့ကျင့်ရေးပိုင်းဆိုင်ရာများနှင့် စစ်ဘက်ဆိုင်ရာများတွင် ပိုမိုပူးပေါင်းဆောင် ရွက်လျက်ရှိသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူးနှင့်အတူ စစ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

#PeopleMedia


Share this post