ဗိုလ်ချုပ်ကြီးမြထွန်းဦးခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့ တတိယအကြိမ်ရပ်ဝန်းနှင့် ပိုးလမ်းမအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တက်ရောက်ခဲ့

PUBLISHED - October 21, 2023
နေပြည်တော်၊ အောက်တိုဘာ ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး (၂)၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်အပါအဝင် ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် စက်မှုဝန်ကြီးဌာနတို့မှ အဆင့် မြင့်အရာရှိကြီးများ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ နှင့် ၁၈ ရက်နေ့တို့တွင် ကျင်းပသော တတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (Third Belt and Road Forum for International Cooperation) သို့ တက်ရောက်ခဲ့သည်။
အရည်အသွေးမြင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်၍ နိုင်ငံများအားလုံး၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါစို့ (High-quality Belt and Road Coo peration: Together for Common Development and Prosperity) ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ယခုနှစ် Belt and Road ဖိုရမ်အား High-Level Forum on Digital Economy ၊ High Level Forum on Green Development နှင့် High Level Forum on Connectivity ဟူ၍ High-Level Forum (၃) ခုနှင့် ဘာသာရပ် ဆိုင်ရာဆွေးနွေးပွဲ (၆) ခုတို့ဖြင့် တစ်ပြိုင်တည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့သည် High-Level Forum on Digital Economy တက် ရောက်ဆွေးနွေးခဲ့သည်။
ဖိုရမ်ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက China Great Hall ပြည်သူ့ခန်းမ ဆောင်တွင် ကျင်းပခဲ့ရာ အခမ်းအနားသို့တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ ရှီကျင့်ဖျင် မှတက်ရောက်ပြီး ဖွင့်လှစ်ပေးခဲ့ပါသည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် နေ့လယ်ခင်းတွင် China National Convention Center (CNCC) ၌ ပြုလုပ် သည့် High-level Forum on Digital Economy သို့ တက်ရောက်ခဲ့ပါသည်။ Digital Economy Forum ဖွင့်ပွဲအစီအစဉ်အဖြစ် ချီလီနိုင်ငံ၊ အာဂျင်တီးနား နိုင်ငံ၊ ကွန်ဂိုနိုင်ငံ၊ ကင်ညာနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီး ယားနိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံ နှင့် ဂရိနိုင်ငံ တို့မှ နိုင်ငံခေါင်းဆောင်တို့မှ ၎င်းတို့ နိုင်ငံအသီးသီးတွင် ဒစ်ဂျစ် တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ် ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေသည့် အခြေအနေများ၊ BRI စီမံကိန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် အခြေအနေများ နှင့် ပြည်တွင်းဒစ်ဂျစ်တယ်အခြေခံအဆောက်အဦများ တည် ဆောက်ခြင်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို Leaders Statement များအဖြစ် အသီးသီး ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးချုပ် နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ် ချုပ်ကြီး မြထွန်းဦးမှ “The Opportunities of Digital Economy for shared benefits and mutual learning” ခေါင်းစဉ်ဖြင့် Speaker အဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။ အဆိုပါဖိုရမ်တွင် BRI မိတ်ဖက်နိုင်ငံ (၁၅) နိုင်ငံမှ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာဝန်ကြီးများသည်လည်း Speaker များအဖြစ် ပါဝင်ဆွေးနွေးခဲ့ကြသည်။
တတိယအကြိမ်ရပ်ဝန်းနှင့် ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် “Beijing Initiative on the Belt and Road International Digital Economy Cooperation” နှင့် “Initiative on International Trade and Economic Cooperation Framework for Digital Economy and Green Development” ပူးတွဲ ကြေငြာချက်တို့ကို ထုတ်ပြန်ခဲ့သည်။
ယခုကျင်းပသည့် ဖိုရမ်တွင် နိုင်ငံပေါင်း (၂၅) နိုင်ငံ မှ နိုင်ငံတော်အကြီးအကဲများ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့် နိုင်ငံပေါင်း (၁၅၀) မှ ဝန်ကြီးများ၊ အဆင့်မြင့်အရာထမ်း ကိုယ်စားလှယ်များ၊ နိုင်ငံ တကာအဖွဲ့အစည်း (၃၀) ကျော်တို့မှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်သူပညာရှင်များအပါအဝင် စုစုပေါင်း (၄,၀၀၀) ဦးခန့် ပါဝင်တက်ရောက်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
#PeopleMedia