• Follow Us on
Latest News

Home ဗိုလ်ချုပ်ကြီးရာဇီမူဆာဗီအသတ်ခံရမှုနဲ့ပတ်သက်ပြီး အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ပြော

ဗိုလ်ချုပ်ကြီးရာဇီမူဆာဗီအသတ်ခံရမှုနဲ့ပတ်သက်ပြီး အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၉

 

အီရန်ထိပ်တန်းစစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရာဇီမူဆာဗီအသတ်ခံရမှုနဲ့ပတ်သက်ပြီး အီရန်နိုင်ငံကဖြစ် စေ အီရန်ရဲ့မဟာမိတ်တပ်ဖွဲ့တွေကဖြစ်စေ အစ္စရေးကို တိုက်ရိုက်လက်တုံ့ပြန်ကလဲ့စားချေသွားမှာဖြစ်ကြောင်း အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က အစ္စရေးနိုင်ငံကို ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာလ ၂၇ ရက် နေ့) က သတိပေးလိုက်ပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေး-ဟားမတ်စ် စစ်ပွဲအရှိန်မြင့်တက်လာစဉ်အတွင်း ဆီးရီးယားမြို့တော်အနီး အစ္စရေးဒုံးကျည်တစ်စင်းနဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်ချုပ်ကြီးရာဇီမူဆာဗီ သေဆုံးသွားတာဖြစ်ကြောင်း အီရန် အစိုးရပိုင်မီဒီယာက ပြောပါတယ်။

 

စစ်ဘေးဒဏ်သင့် ဆီးရီးယားနိုင်ငံမှာရှိတဲ့ အီရန်နဲ့ဆက်နွယ်တဲ့ပစ်မှတ်တွေကို မကြာသေးခင်နှစ်တွေအတွင်းက လေကြောင်းကနေရာ ဒုံးကျည်တွေနဲ့ပါ အကြိမ်ပေါင်းများစွာတိုက်ခိုကခဲ့တဲ့ အစ္စရေးစစ်တပ်ကတော့ နိုင်ငံခြား သတင်းဌာနတွေကို ဘာတစ်ခုမှ ပြောကြားခြင်းမရှိပါဘူး။

 

အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့ ပြည်ပစစ်ဆင်ရေးအကြီးအကဲတစ်ဦးဖြစ်သူ ဗိုလ် ချုပ်ကြီး ရာဇီမူဆာဗီရဲ့ အလောင်းကိုတော့ အီရန်နိုင်ငံက ကြာသပတေးနေ့မှာကျင်းပဖို့ စီစဉ်ထားတဲ့ ဈာပန အခမ်းအနား မတိုင်ခင်တစ်ရက်အလိုမှာ ရှီရိုက်မူဆလင်ထုံးစံအတိုင်း ဈာပနအခမ်းအနားကျက်းပဖို့ အီရတ်နိုင် ငံကို သယ်ဆောင်သွားပါတယ်။

 

“ဗိုလ်ချုပ်ကြီးရာဇီမူဆာဗီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုဟာ တိုက်ရိုက်ပေါင်း စပ်ပြီး တိုက်ခို်က်သွားမှာဖြစ်သလို တော်လှန်ရေးမဟာမိတ်အဖွဲ့က ဦးဆောင်တဲ့ တခြားအဖွဲ့တွေကလည်း တိုက် ခိုက်သွားမှာဖြစ်ပါတယ်။” လို့ IRGC ပြောခွင့်ရပုဂ္ဂိုလ် ရာမေဇန်ရှာရစ်ဖ်က သတိပေးပြောကြားလိုက်တာကို Mehr သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။

 

အစ္စရေးတွေဟာ အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်တွေရဲ့တိုက်ခိုက်မှုဖြစ်တဲ့ “အယ်လ်အပ်ဆာဖလပ် စစ်ဆင်ရေး” မှာ ရှုံးနိမ့်ခဲ့တဲ့အတွက် ဒမတ်စကတ်မြို့အနီးမှာ အခုလို အီရန်ဗိုလ်ချုပ်ကြီးရာဇီမူဆာဗီကို လုပ်ကြံ သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ရာမေဇန်ရှာရစ်ဖ်က ပြောပါတယ်။

 

ဟားမတ်စ်တွေတိုက်ခိုက်မှုကြောင့် အစ္စရေးလူမျိုး ၁,၂၀၀ ဝန်းကျင်သေဆုံးခဲ့သလို ၂၅၀ ဝန်းကျင် ဓားစာခံအ ဖြစ် အဖမ်းခံခဲ့ရပြီး အစ္စရေးတွေရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း လူမျိုး ၂၁,၁၁၀ ထက်မနည်းသေဆုံးသွားပြီဖြစ်ပါတယ်။

 

ဂါဇာစစ်ပွဲဟာ အရှေ့အလယ်ပိုင်းတစ်ခွင် ဂယက်ထခဲ့ပြီး အစ္စရေးရဲ့ အဓိက ရန်သူတော် အီရန်နိုင်ငံက ပံ့ပိုး ထားတဲ့ လက်ဘနွန်၊ အီရတ်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အုပ်စုတွေက စစ်ပွဲထဲကို ပါဝင် ပတ်သက်လာကြပါတယ်။

 

ဟားမတ်စ်အဖွဲ့ကို ဘဏ္ဍာရေးအရေရော စစ်ရေးအရပါ ပံ့ပိုးကူညီနေတဲ့ အီရန်နိုင်ငံက ဟားမတ်စ်တွေတိုက်ခိုက် မှုကို ချီးကျူးပြောဆိုခဲ့ပေမဲ့ အဲဒီတိုက်ခိုက်မှုမှာ ၎င်းတို့ပါဝင်ပတ်သက်တယ်ဆိုတာကိုတော့ ငြင်းဆိုခဲ့ပါတယ်။

 

Ref: Iranian Guards Vow Revenge against Israel over General’s Killing

 

#PeopleMedia


Share this post