• Follow Us on
Latest News

Home ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စေ့စပ်ညှိနှိုင်းပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန် ကမ်းလှမ်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စေ့စပ်ညှိနှိုင်းပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန် ကမ်းလှမ်း

Share this post

နိုင်ငံတကာ၊ ဧပြီ ၁၀

 

မြန်မာ နစက အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စေ့စပ်ညှိနှိုင်းဖို့ ကမ္ဘောဒီးယားဝန်ကြီး ဟောင်း ခေတ္တနိုင်ငံ့ခေါင်းဆောင် ဟွန်ဆန်က ကမ်းလှမ်းလိုက်ပါတယ်။

 

မြဝတီမြို့ကို KNU အဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက် အချိန်တိုအတွင်း ဧပြီလ ၈ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းနဲ့ ဟွန်ဆန်တွေ့ဆုံပြီးနောက် အွန် လိုင်းအစည်းအဝေးကတစ်ဆင့် အခုလို ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။

 

မြန်မာ့အရေး ဖြေရှင်းဖို့အတွက်ရည်ရွယ်ပြီး ဆွေးနွေးဖို့နဲ့ အတွေးအမြင်တွေ အပြန်အလှန်ဖလှယ်နိုင်ဖို့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ တေ့ွဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း ကမ္ဘောဒီး ယားအစိုးရအာဘော် Fresh News မီဒီယာက ဖော်ပြပါတယ်။

 

လာမယ့်သီတင်းပတ် စနေ/တနင်္ဂနွေမှာ ကျရောက်မယ့် ကမ္ဘောဒီးယားနှစ်သစ်ကူးကာလလွန်မြောက်ပြီးနောက် သင့်လျော်တဲ့ဘယ်လိုအချိန်မျိုးမှာမဆို တွေ့ဆုံဆွေးနွေးသွားဖို့ ဟွန်ဆန်ဘက်က ပြင်ဆင်ထားကြောင်း ကမ္ဘော ဒီးယား AKP သတင်းဌာနက ရေးသားထားပါတယ်။

 

လက်ရှိအချိန်ဟာ မြန်မာ နစက အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ အချိန်ကောင်းဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဆရက် ထာထာဗီဆင်ကလည်း မကြာခင်က ပြောကြားသွားပါတယ်။

 

“လက်ရှိ မြန်မာအစိုးရဟာ စပြီးတော့ အင်အားချိနဲ့လာပါပြီ။ ဒါပေမဲ့ ရှုံးနိမ့်နေတယ်ဆိုသည့်တိုင်အောင် သူတို့ မှာ အာဏာရှိနေသလို စစ်လက်နက်ပစ္စည်းတွေလည်း ရှိနေပါတယ်။” ဆရက်ထာက အင်တာဗျူးတစ်ခုမှာပြော ပါတယ်။

 

KNU နဲ့ ပြည်ပြေးအစိုးရ NUG ရဲ့လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ PDF အပါအဝင် တခြား တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေကတော့ ဘာမှ တုံ့ပြန်ပြောဆိုခြင်းမရှိပါဘူး။

 

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရော ဟွန်ဆန်ရော နှစ်ယောက်စလုံးဟာ တစ်ပုံစံတည်းပါပဲ။ သူတို့နှစ်ယောက် စလုံးဟာ အာဏာရှင်တွေပဲဖြစ်တယ်။ ကျွန်တော်တို့ကတော့ သူတို့နှစ်ယောက်စလုံးနဲ့ မပတ်သက်ချင်ပါဘူး။” လို့ PDF ရဲဘော်တစ်ဦးက UCA News မီဒီယာကို ပြောပါတယ်။

 

“အာဆီယံအဖွဲ့အနေနဲ့ ကျွန်တော်တို့ကို ကူညီသင့်ကြောင်း အနောက်နိုင်ငံတွေက တောက်လျှောက်ပြောဆိုနေ ပေမဲ့ အာဆီယံအဖွဲ့ကလည်း ဘာတစ်ခုမှ မကူညီခဲ့ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Cambodia’s Hun Sen offers to negotiate with Myanmar’s Hlaing

 

#PeopleMedia


Share this post