• Follow Us on
Latest News

Home ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့ဒုရဲချုပ်နှင့် အဖွဲ့ လာရောက်ဖူးမျှော်

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးသို့ ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့ဒုရဲချုပ်နှင့် အဖွဲ့ လာရောက်ဖူးမျှော်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၇

 

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးသို့ နိုဝင် ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့ ဒုရဲချုပ်၊ ရဲဗိုလ်ချုပ်ကြီး Surachate Hakparn နှင့်အဖွဲ့ လာရောက်ဖူးမျှော်ခဲ့ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

 

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးသို့ ရောက်ရှိလာသည့် ထိုင်းနိုင်ငံ တော်ဝင်ရဲ တပ်ဖွဲ့ ရဲချုပ်၊ ရဲဗိုလ်ချုပ်ကြီး Surachate Hakparn နှင့်အဖွဲ့သည် ဆံတော်မြတ်ရတနာ၊ ဆံတော်တိုက်ပြခန်း၊ နန်းဦးဘုရားကြီး၊ ဗိုလ်တထောင်ရောဟဏီ ဘိုးဘိုးကြီး၊ အစ်မတော်မြနန်းနွယ်နှင့် ရင်ပြင်တော်ရှိ တန်ဆောင်း အသီးသီးရှိ ဘုရားများအား လှည့်လည်ဖူးမြှော်ကြည်ညိုခဲ့ကြပြီး ညနေ ၅ နာရီ ၃၀ မိနစ်အချိန်တွင် ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

 

ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့ဒုရဲချုပ်၊ ရဲဗိုလ်ချုပ်ကြီး Surachate Hakparn နှင့်အဖွဲ့သည် လောက်ကိုင်မြို့တွင် ပိတ်မိနေသော ထိုင်းနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

 

#PeopleMedia


Share this post