• Follow Us on

Home ဗီဇာကင်းလွတ်ခွင့်ကြောင့် ၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံကို ကမ္ဘာလှည့်ခရီးသွား သန်း ၂၀ ကျော်ဝင်ရောက်ခဲ့

ဗီဇာကင်းလွတ်ခွင့်ကြောင့် ၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံကို ကမ္ဘာလှည့်ခရီးသွား သန်း ၂၀ ကျော်ဝင်ရောက်ခဲ့

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၅

 

တရုတ်အစိုးရက ဗီဇာ (ပြည်ဝင်ခွင့်) ကင်းလွတ်ခွင့်ပေးလိုက်တဲ့အတွက် ၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံထဲကို ဝင်ရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသွားဦးရေဟာ ၂၀၂၃ ခုနှစ်မှာ ဝင်ရောက်လာတဲ့ဦးရေထက် နှစ်ဆကျော်မြင့် တက်သွားကြောင်း ဘန်ကောက်ပို့စ်မှာ ရေးသားဖော်ပြထားပါတယ်။

 

နိုင်ငံအများအပြားကို ကာလတိုယာယီရပ်နားဝင်ရောက်ဗီဇာကင်းလွတ်ခွင့်နဲ့ သမရိုးကျဗီဇာကင်းလွတ်ခွင့် အပါအဝင် ခရီးသွားလာခွင့် စည်းကမ်းချက်တွေ ဖြေလျှော့ပေးလိုက်တဲ့အတွက် အခုလို ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုမြင့်တက်လာ တာဖြစ်ပါတယ်။

 

၂၀၂၄ ခုနှစ်အတွင်း ဗီဇာကင်းလွတ်ခွင့်ကြောင့် ကမ္ဘာလှည့်ခရီးသွား ၂၀.၁ သန်းဝင်ရောက်လာခဲ့ရာ ၂၀၂၃ ခုနှစ်နဲ့ နှိုင်း ယှဉ်ရင် ၁၁၂.၃% မြင့်တက်လာတာဖြစ်ကြောင်း အမျိုးသားလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ (NIA) က ဇန်နဝါရီ ၁၄ ရက်နေ့ (အင်္ဂါနေ့) က ထုတ်ပြန်ပါတယ်။

 

“ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံကိုဝင်ရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသွားဦးရေဟာ သိသိသာသာ မြင့်တက်လာခဲ့ ပါတယ်။” လို့ NIA ပြောခွင့်ရအမျိုးသမီး လူနင်းက ပြောပါတယ်။

 

ပြည်တွင်းဝင်ရောက်မှုခရီးစဉ်မူဝါဒတွေနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့မူဝါဒတွေ ချမှတ်နိုင်ရေး ထပ်မံကြိုးပမ်းဖို့ နိုင်ငံတော်ကောင်စီ၊ တရုတ်အစိုးရအဖွဲ့က ညွှန်ကြားခဲ့ပြီးနောက် တစ်ရက်အကြာမှာ NIA က အခုလိုထုတ်ပြန်ကြေညာခဲ့ တာဖြစ်ပါတယ်။

 

“တရုတ်နိုင်ငံတွင်းဝင်ရောက်လာမယ့် ခရီးသွားဧည့်သည်တွေအတွက် ဗီဇာကင်းလွတ်ခွင့်နဲ့ ဗီဇာကင်းလွတ်စွာ နေထိုင်ခွင့်ကာလကို ကျွန်တော်တို့ ထပ်မံတိုးချဲ့သွားမှာဖြစ်ပါတယ်။” လို့ နိုင်ငံတော်ကောင်စီက တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံမှာ အဝင်/အထွက် ခရီးစဉ်ပေါင်း သန်း ၆၁၀ ရှိခဲ့တဲ့အနက် ခရီးစဉ် ၆၅ သန်းဟာ ပြည်ပ နိုင်ငံတွေက ဧည့်သည်တွေဖြစ်ပြီး ၈၃% နီးပါး မြင့်တက်လာခဲ့တာဖြစ်ကြောင်း NIA သတင်းအချက်အလက်ထဲမှာ ဖော် ပြထားပါတယ်။

 

ဒါပေမဲ့ ဒီအရေအတွက်ဟာ ၂၀၁၉ ကိုဗစ်ကပ်ရောဂါဘေးမဖြစ်ပွားခင်ကာလမှာ ရရှိခဲ့တဲ့ ခရီးစဉ် သန်း ၆၇၀ နဲ့ နိုင်ငံခြား သားခရီးစဉ် ၉၈ သန်းကို မမီသေးဘူူးလို့ ဆိုပါတယ်။

 

NIA အနေနဲ့ ဗီဇာကင်းလွတ်ခွင့်မူဝါဒတွေကို ဆက်လက်ဖြေလျှော့ပေးသွားမှာဖြစ်ပြီး နိုင်ငံခြားသားခရီးစဉ်တွေနဲ့ ငွေ ကြေးလဲလှယ်မှုတွေ ပိုမိုအဆင်ပြေချောမွေ့အောင်လည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း လူနင်းက ပြောပါတယ်။

 

Ref: China welcomed 20 million visa-free visitors in 2024, more tourism incentives on the way

 

#PeopleMedia


Share this post