ဗီဇာကင်းလွတ်ခွင့်မူဝါဒဟာ တရားမဝင်လုပ်ငန်းလုပ်ကိုင်နေသူတွေအတွက် အကျိုးဖြစ်ထွန်းစေမှာ မဟုတ် ကြောင်း ဆူဒါဝန်ပြော
PUBLISHED - September 13, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၃
တရုတ်နိုင်ငံသားတွေနဲ့ အိန္ဒိယနိုင်ငံသားတွေအတွက် ထိုင်းနိုင်ငံရဲ့ဗီဇာကင်းလွတ်ခွင့်မူဝါဒဟာ တရားမဝင်လုပ် ငန်းလုပ်ကိုင်နေသူတွေအတွက် အကျိုးဖြစ်ထွန်းစေမှာမဟုတ်ကြောင်း ကမ္ဘာလှည့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး ဆူဒါဝန် ဝန်ဆူပါကစ်ကိုဆိုလ်က စက်တင်ဘာလ၁၂ ရက်နေ့ (အင်္ဂါနေ့) က ပြောကြားလိုက်ပါတယ်။
အဲဒီအစား ဗီဇာကင်းလွတ်ခွင့်မူဝါဒဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကနေ ဝင်ငွေရရှိရေးဆောင်ရွက်ရာမှာ ပိုပြီး ခရီးတွင်အလုပ်ဖြစ်မြောက်စေမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ကမ္ဘာလှည့်ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံရဲ့ပုံရိပ်ကို ပျက်ပြားစေပြီး ကမ္ဘာလှည့်ခရီးသွားလုပ် ငန်းကို ထိခိုက်စေတဲ့ ပေါချောင်ကောင်း (zero-dollar tours) ခရီးသွားအေဂျင်စီတွေရဲ့အကူအညီနဲ့ ဝင်လာတဲ့ တရားမဝင် တရုတ်စီးပွားရေးလုပ်ငန်းတွေရဲ့ ပြဿနာတွေကိုလည်း အနီးကပ်စောင့်ကြည့်လေ့လာလျက်ရှိ ကြောင်း ၎င်းက ပြောပါတယ်။
အဲဒီစိန်ခေါ်မှုကို စနစ်တကျကိုင်တွယ်ဖြေရှင်းဖို့အတွက် ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလာရေး ဝန်ကြီးဌာနတွေအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
တရားမဝင်လုပ်ငန်းတွေရဲ့အမျိုးအစားအားလုံးကို ဥပဒေအရေတိတိကျကျအရေးယူဆောင်ရွက်တာဟာ မရှိ မဖြစ်လိုအပ်ကြောင်း၊ ထိုင်းစီးပွားရေးသမားတွေ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရတာအတွက် တရုတ်ခရီးသွားတွေ ကို အပြစ်တင်ဖို့ မသင့်ကြောင်း ၎င်းက ပြောပါတယ်။
ဒါ့အပြင် အခုနှစ်အတွင်း တရုတ်ခရီးသွား ၂.၂၃ သန်းကျော်ရောက်ရှိလာတာဟာ နိုင်ငံ့ဝင်ငွေ ဘတ်ငွေ ဘီလျံ ၁၀၀ ကျော်ရရှိရေးမှာ အထောက်အကူဖြစ်လာခဲ့ကြောင်း ၎င်းက ပြောပါတယ်။ ကမ္ဘာလှည့်ခရီးသွားဦးရေ တိုးမြှင်ဝင်ရောက်လာတာဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် သိသိသာသာ အထောက်အကူဖြစ်စေကြောင်း ၎င်းက ပြောပါတယ်။
ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့အနေနဲ့ နောက်ကြောင်းမကောင်းတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို စစ်ဆေးဖို့အတွက် လိုအပ်တာတွေဆောင်ရွက်ခဲ့ကြောင်း၊ ကမ္ဘာလှည့်ခရီးသွားတွေကို အမြန်ကူညီနိုင်ဖို့အတွက် စမတ်ဖုံးအပီကေး ရှင်းတစ်ခုနဲ့အတူ စစ်ဆေးရေးစင်တာတစ်ခု ဖွင့်လှစ်ထားရှိကြောင်း ဆူဒါဝန်က ပြောပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေအကုန်လုံး ဘေးကင်းလုံခြုံဖို့အတွက် ဒီနည်းလမ်းက အသေအချာအထောက်အကူပြု သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
PM2.5 လေထုညစ်ညမ်းမှုဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ထိခိုက်စေတဲ့အတွက် ချင်းမိုင်မြို့မှာ PM2.5 လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကမ္ဘာလှည့်ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက် သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းမှာ လယ်ယာဘေးထွက်ပစ္စည်းတွေနဲ့ အမှိုက်တွေကို မီးရှို့မှု၊ တောင်မီးလောင်မှုနဲ့ ယာဉ် တွေက ကာဘွန်ထုတ်လွှတ်မှုတွေကြောင့် နှစ်စဉ် PM2.5 လေထုညစ်ညမ်းမှုဒဏ်ကို ခံစားနေရတယ်လို့ ဆိုပါ တယ်။
ကမ္ဘာလှည့်ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်ကပ်ရောဂါဘေးမတိုင်ခင်က ဝင်ငွေ ဘတ်ငွေ ၁.၉ ဘီလျံ ရရှိတာနဲ့နှိုင်းယှဉ်ရင် လာမယ့်နှစ်မှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကနေ ဘတ်ငွေ ၃ ထရီလီယန်ရှရှိအောင် ဆောင်ရွက်သွားဖို့ ရည်မှန်းထားကြောင်း ဆူဒါဝန်က ပြောပါတယ်။
ကမ္ဘာလှည့်ခရီးသွားလာရေးဝန်ကြီးဌာနဟာ ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးအလားအလာ တွေရဲ့ အရည်အသွေး ရေရှည်တိုးတက်ကောင်းမွန်လာအောင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ အနီးကပ်ပူး ပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဝန်ကြီး ဆူဒါဝန်က ပြောပါတယ်။
Ref: Free visas will not support illicit Chinese businesses in Thailand, assures Sudawan
#PeopleMedia