• Follow Us on
Latest News

Home ဗီဇာကင်းလွတ်ခွင့်အစီအစဉ်နဲ့ ပထမဦးဆုံးရောက်ရှိလာတဲ့ တရုတ်ခရီးသွားတွေကို သုဝဏ္ဏဘူမိလေဆိပ်မှာ ထိုင်းဝန်ကြီးချုပ်ဆရက်ထာ ကြိုဆို

ဗီဇာကင်းလွတ်ခွင့်အစီအစဉ်နဲ့ ပထမဦးဆုံးရောက်ရှိလာတဲ့ တရုတ်ခရီးသွားတွေကို သုဝဏ္ဏဘူမိလေဆိပ်မှာ ထိုင်းဝန်ကြီးချုပ်ဆရက်ထာ ကြိုဆို

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၆

 

ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ဟာ ဗီဇာကင်းလွတ်ခွင့်စတင်ကျင်းပတဲ့အထိမ်းအမှတ်အဖြစ် တနင်္လာနေ့ က သုဝဏ္ဏဘူမိလေဆိပ်နဲ့ ဘန်ကောက်မြို့မှာ တရုတ်ကမ္ဘာလှည့်ခရီးသွားတွေကို ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း The Nation မီဒီယာမှာ ဖော်ပြထားပါတယ်။

 

တရုတ်နိုင်ငံရှီယန်မြို့ကနေ ထိုင်းနိုင်ငံသုဝဏ္ဏဘူမိလေဆိပ်ကို ပျံသန်းလာတဲ့ ထိုင်းအဲအေးရှ X ရဲ့လေကြောင်း လိုင်းခရီးစဉ် XJ 761 နဲ့အတူပါလာတဲ့ တရုတ်နိုင်ငံသားခရီးသွားတွေကို ကြိုဆိုတဲ့အခမ်းအနားကို ထိုင်းဝန်ကြီး ချုပ်ဆရက်ထာက ဦးဆောင်ကျင်းပခဲ့ပါတယ်။

 

ထိုင်းအစိုးရရဲ့ တရုတ်နိုင်ငံသားတွေနဲ့ ကာဇက်စတန်နိုင်ငံသားတွေကို ပေးထားတဲ့ ဗီဇာကင်းလွတ်ခွင့်အရ ပတ်စ်ပို့စ်ကိုင်ထား အဲဒီလေယာဉ်နဲ့အတူရောက်ရှိလာတဲ့ တရုတ်ခရီးသွားက ၃၄၁ ဦးဖြစ်ပါတယ်။

 

ဗီဇာကင်းလွတ်ခွင့်မူဝါဒဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ကနေ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ အကျုံးဝင်မှာဖြစ်ပါတယ်။

 

ဝန်ကြီးချုပ်ဆရက်ထာဟာ တရုတ်ခရီးသွားတွေကို အထိမ်းအမှတ်လက်ဆောင်အဖြစ် ဆင်တံဆိပ်ဘောင်းဘီ ရှည်တွေကို လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

 

ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) က သုဝဏ္ဏဘူမိလေဆိပ်၊ ဒွန်မောင်းလေဆိပ်၊ ချင်းမိုင် လေဆိပ်နဲ့ ဖူးခက်လေဆိပ်တို့မှာ တရုတ်ခရီးသွားတွေနဲ့ ကာဇက်စတန်ခရီးသွားတွေကို ကြိုဆိုဖို့ အခမ်းအနား တွေ စီစဉ်ထားပါတယ်။

 

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ စီးပွားရေးကို လှုံ့ဆော်ပေးနိုင်ပြီး ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့် အ လမ်းတွေဖန်တီးပေးနိုင်တဲ့ ဝင်ငွေရှာဖွေရေးမှာ ပထမဦးဆုံးအဓိကကျတဲ့အလုပ်ဖြစ်လို့ ကမ္ဘာလှည့်ခရီးသွားလုပ် ငန်းကတစ်ဆင့် စီးပွားရေးပြန်လည်ဆောင်ရွက်ဖို့ဆိုတာ ၎င်းအစိုးရအတွက် အဆောတလျင်ဆောင်ရွက်ရမယ့် ဦးစားပေးမူဝါဒတစ်ရပ်ဖြစ်ကြောင်း ဆရက်ထာက ပြောပါတယ်။

 

ဆောင်ရွက်မှုတွေထဲက တစ်ခုကတော့ ဗီဇာကင်းလွတ်ခွင့်မူဝါဒကတစ်ဆင့် ထိုင်းနိုင်ငံကို အလွယ်တကူဝင် ထွက်သွားလာနိုင်ရေးမြှင့်တင်ဖို့အတွက် ကြိုတင်ချဉ်းကပ်တဲ့နည်းလမ်းကိုအသုံးပြုတာပဲဖြစ်ပါတယ်။

 

တရုတ်နိုင်ငံရော ကာဇက်စတန်နိုင်ငံပါ အလားအလာကောင်းတဲ့ဈေးကွက်တွေအဖြစ် သတ်မှတ်ထားပြီး ထိုင်း နိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အလုံးစုံပြန်လည်ဖွံ့ဖြိုးလာဖို့အတွက် အရေးပါထင်ရှားတဲ့တိုးတက်မှုတွေရှိတဲ့ နိုင်ငံတွေအဖြစ်သတ်မှတ်ထားပါတယ်။

 

တခြားလေဆိပ်သုံးခုမှာလည်း လေယာဉ်ခရီးစဉ်ပေါင်း ၁၁ ခုက ကမ္ဘာလှည့်ခရီးသွားတွေကို လက်ခံကြိုဆိုခဲ့ ပါတယ်။

 

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၇ ရက်နေ့အထိ ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွား ၁၉ သန်းကျော် လက်ခံရရှိခဲ့ရာ အဲဒီအထဲမှာ ခရီးသွားဦးရေ ၂.၃၄ သန်းရှိတဲ့ တရုတ်ခရီးသွားတွေဟာ မလေး ရှားခရီးသွားတွေပြီးရင် ဒုတိယအများဆုံး အရေအတွက်ဖြစ်ပါတယ်။

 

ကာဇက်စတန်ဈေးကွက်အနေနဲ့ ကိုဗစ် ၁၉ ကပ်ရောဂါဘေးကာလစတင်ကတည်းက ၂၀၂၂ ခုနှစ်မှာ ခရီးသွား ဦးရေ ၅၆,၅၂၉ ဦးရှိခဲ့ရာက ၂၀၂၃ ခုနှစ်မှာ ၁၀၉,၈၆၅ ဦးရှိလာပြီး နှစ်ဆနီးပါးတိုးတက်ခဲ့ပါတယ်။

 

ဗီဇာကင်းလွတ်ခွင့်မူဝါဒကြောင့် ၂၀၂၃ ခုနှစ်အတွင်း တရုတ်ခရီးသွားဦးရေ ၄.၀၁ သန်းကနေ ၄.၄ သန်းအထိ မြင့်တက်လာမယ်လို့ ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) က မျှော်မှန်းထားပြီး အဲဒီဦးရေ ကနေ ဝင်ငွေ ဘတ်ငွေ ၂၅၇.၅ ဘီလျံ ရှာဖွေနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

 

ဗီဇာကင်းလွတ်ခွင့်စတင်ကျင့်သုံးတဲ့ ပထမငါးလအတွင်း တရုတ်ခရီးသွားဦးရေ ၂,၈၈၈,၅၀၀ ဦး ဝင်ရောက်လာ လိမ့်မယ်လို့ခန့်မှန်းထားပြီး ဘတ်ငွေ ၁၄၀.၃၁၃ ဘီလျံရှာဖွေနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

 

အလားတူ အဲဒီပထမငါးလအတွင်းမှာပဲ ကာဇက်စတန်ခရီးသွား ၁၂၉၄၈၅ ဦး ဝင်ရောက်လာလိမ့်မယ်လို့ခန့်မှန်း ထားပြီး ဘတ်ငွေ ၇.၉၃ ဘီလျံ ရှာဖွေနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

 

Ref: PM welcomes first batch of visa-exempt Chinese tourists at Suvarnabhumi

 

#PeopleMedia


Share this post