ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကြောင့် တရုတ်ခရီးသွား ၇၀၀၀၀၀ ထိုင်းနိုင်ငံသို့ ထပ်မံဝင်ရောက်လာနိုင်ကြောင်း TAT ပြော

PUBLISHED - September 2, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂
တရုတ်ကမ္ဘာလှည့်ခရီးသွားတွေက ဗီဇာကင်းလွတ်ခွင့်ပေးလိုက်မယ်ဆိုရင် ကမ္ဘာလှည့်ခရီးသွားရာသီအမြင့်ဆုံး ကာလမှာ တရုတ်ခရီးသွား နောက်ထပ် ၇၀၀၀၀၀ ဝန်းကျင်ထပ်မံဝင်ရောက်လာနိုင်ကြောင်း ထိုင်းကမ္ဘာလှည့် ခရီးသွားအာဏာပိုင်အဖွဲ့ (TAT) က ခန့်မှန်းပြောကြားလိုက်ပါတယ်။
တရုတ်ခရီးသွားတွေဟာ တစ်လကို ၃၅၀၀၀၀ ကနေ ၄၀၀၀၀၀ အထိ ဝင်ရောက်လာပြီး ကနဦး ၈ လအတွင်း မှာ စုစုပေါင်း ၂.၁ သန်းဝင်ရောက်ခဲ့ကြောင်း TAT အုပ်ချုပ်ရေးမှူး သာဖာနီးကီယက်ဖိုင်ဘိုးလ်က သောကြာ နေ့က ပြောပါတယ်။
တရုတ်ပြည်မကြီးက ကမ္ဘာလှည့်ခရီးသည် ၃% ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ခဲ့ကြောင်း၊ အဲဒီအရေအ တွက်ဟာ ဟောင်ကောင်၊ မကာအိုနဲ့ ထိုင်ဝမ်က တရုတ်ခရီးသည်တွေ မပါသေးကြောင်း မစ္စသာဖာနီးက ပြော ပါတယ်။ တရုတ်ကမ္ဘာလှည့်ခရီးသွားအုပ်စုတစ်စုဟာ ခရီးစဉ်တစ်ခုအတွက် ဘတ်ငွေ ၄၀၀၀၀ ဝန်းကျင်သုံးစွဲကြောင်း ၎င်းက ပြောပါတယ်။
၂၀၂၃ ခုနှစ် ပထမနှစ်ဝက်ကာလမှာ တရုတ်ခရီးသွား ၄၀.၃ သန်း ပြည်ပနိုင်ငံတွေကို ခရီးထွက်ကြကြောင်း၊ အဲ ဒီအထဲက ၉၃% ဟာ ခရီးတို ခရီးစဉ်တွေကို ရွေးချယ်သွားလာကြကြောင်း ၎င်းက ပြောပါတယ်။
TAT အဖွဲ့အနေနဲ့ နှစ်နိုင်ငံကြား လေကြောင်းခရီးစဉ်တွေ ပိုမိုပြေးဆွဲနိုင်ရေးအတွက် ထောက်ပံ့သွားဖို့ပြင်ဆင် ထားတဲ့အတွက် ထိုင်းဝန်ကြီးချုပ်သစ် ဆရက်သာသာဗီဆင်ရဲ့ ဗီဇာကင်းလွတ်ခွင့်ကမ်းလှမ်းမှုအစီအစဉ်ဟာ လာမယ့်စတုတ္ထလေးလပတ်ထဲမှာ ကမ္ဘာလှည့်ခရီးသည်တွေကို ပိုမိုဆွဲဆောင်နိုင်မှာဖြစ်ကြောင်း မစ္စသာဖာနီး က ပြောပါတယ်။
ကမ္ဘာလှည့်ခရီးသွားလုပ်ကိုင်ဆောင်ရွက်နေတဲ့ကုမ္ပဏီတွေ အောက်တိုဘာလအတွင်း တရုတ်အမျိုးသားရုံးပိတ် ရက်တွေအတွက် ၎င်းတို့အစီအစဉ်တွေကို မြှင့်တင်နိုင်အောင် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို စက်တင်ဘာလပထမ နှစ်ပတ်အတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း TAT အဖွဲ့ဲရဲ့ အရှေ့အာရှ ဈေးကွက်ရှာ ဖွေရေး ဒေသညွှန်ကြားရေးမှူး ချူဝတ်ဆရီဗီကူလ်က ပြောပါတယ်။
အဲဒီကာလရှည်ရုံးပိတ်ရက်ဟာ ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံးရောက်ရှိလာတဲ့အချိန်ဖြစ်ပြီး တရုတ်နှစ် သစ်ကူးထက် ပိုမိုစည်ကားရှုပ်ထွေးတဲ့ကာလဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ဆိုက်ရောက်ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေကို အဖွဲ့အစည်းတွေအချင်း ချင်းကြား အချိန်ကိုက် တပြိုင်တည်းပြုစုနိုင်ရေးအတွက် စနစ်တစ်ခုတည်ဆောက်ဖို့ ထိုင်းကမ္ဘာလှည့် ခရီးသွား အာဏာပိုင်အဖွဲ့ (TAT)၊ ကောင်စစ်ဝန်ရေးရာဦးစီးဌာနနဲ ကမ္ဘာလှည့်ခရီးသွားဦးစီးဌာနတို့ စုပေါင်းပြီး နားလည် မှုစာချွန်လွှာ MOU တစ်စောင်ကို သောကြာနေ့ (စက်တင်ဘာလ ၁ ရက်နေ့) က လက်မှတ်ရေးထိုးခဲ့ပါတယ်။
အခုလက်မှတ်ရေးထိုးလိုက်တဲ့စနစ်ဟာ ကမ္ဘာလှည့်ခရီးသွားဗီဇာ အထူးသဖြင့် အရေအတွက်အများအပြား ရောက်ရှိလာမယ့် တရုတ်ခရီးသွားတွေအတွက် လိုအပ်တဲ့ခွင့်ပြုချက်ပေးမယ့်အချိန်ကို လျှော့ချနိုင်ရေးမှာ အ ထောက်အကူပြုသွားမှာဖြစ်ကြောင်း ကောင်စစ်ဝန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ရာ့ဂျ်သမ်မောင်းကိုးလ် က ပြောပါတယ်။
ဒီစနစ်ဟာ TAT အဖွဲ့ရဲ့ ဗီဇာသတင်းအချက်အလက်ကြိုတင်ရယူခြင်းစနစ် (Visa Pre-Screening System) က တစ်ဆင့် ကွန်ပျူတာအင်တာနက်နဲ့ချိတ်ဆက်ပြီး ပရိုဂရမ်ရေးဆွဲထားတဲ့ အပလီကေးရှင်း (application pro gramming interface linkage technology) ကို အသုံးပြုပြီး ကမ္ဘာလှည့်ခရီးသည်တစ်ဦးချင်းစီရဲ့ သတင်း အချက်အလက်တွေကို အလိုအလျောက် အတည်ပြုပေးသွားမှာဖြစ်ပါတယ်။
Ref: Free visa plan to add 700,000 Chinese guests
#PeopleMedia