• Follow Us on

Home ဗီယက္နမ္တြင္ စစ္တန္းလ်ားေျမၿပိဳမႈေၾကာင့္ တပ္ဖြဲ႕၀င္ ၁၁ ေယာက္ေပ်ာက္ဆံုးေန

ဗီယက္နမ္တြင္ စစ္တန္းလ်ားေျမၿပိဳမႈေၾကာင့္ တပ္ဖြဲ႕၀င္ ၁၁ ေယာက္ေပ်ာက္ဆံုးေန

Share this post

ဟႏြိဳင္း၊ ေအာက္တိုဘာ ၁၀

ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း ဗီယက္နမ္ႏိုင္ငံ၏အဆိုးဆံုးေရႀကီးမႈမ်ားေၾကာင့္ အႀကီးအက်ယ္ေျမၿပိဳမႈျဖစ္ခဲ့သည့္ စစ္တန္းလ်ားမွ စစ္သား ၁၁ ေယာက္ကို အေသအခ်ာ႐ွာေဖြေနသည္။

ႏိုင္ငံအလယ္ပိုင္းကြမ္ထရီျပည္နယ္မွစစ္တန္းလ်ားအပ်က္အစီးမ်ားၾကားမွ အေလာင္း ၁၁ ေလာင္းကိုသယ္ထု တ္ထားႏိုင္သည္။

ညဘက္တြင္ ဗံုးေပါက္သကဲ့သို႔ ေျမၿပိဳသံကိုၾကားလိုက္ရသည္ဟု အရာ႐ွိတေယာက္ကေျပာသည္။

ၿပီးခဲ့သည့္သီတင္းပတ္တြင္ ဗီယက္နမ္ႏိုင္ငံ၌ မိုးႀကီးခဲ့ၿပီး ေရလႊမ္းမိုးမႈႏွင့္ေျမၿပိဳမႈမ်ားေၾကာင့္ အနည္းဆံုးလူ ၇၀ ေသဆံုးခဲ့သည္။

လာမည့္ရက္မ်ားအတြင္း ေရႀကီးမႈထပ္မံျမင့္တက္လာႏိုင္ေၾကာင္း စိုးရိမ္မႈမ်ားလည္း႐ွိေနသည္။

တနဂၤေႏြေန႔အေစာပိုင္းတြင္ ေျမၿပိဳမႈေၾကာင့္ ဗီယက္နမ္စစ္တိုင္းအမွတ္ ၄ မွတပ္စိတ္တစိတ္ထိခိုက္ခဲ့သည္ဟု ဗီယက္နမ္အစိုးရကေျပာသည္။

အေလာင္းမ်ားျပန္ေတြ႕ရန္ႀကိဳးစားေနခ်ိန္တြင္ ေနာက္ထပ္ေျမၿပိဳႏိုင္သည့္အႏၲရာယ္႐ွိေၾကာင္းႏွင့္ ထိုေနရာသို႔ ၀င္ေရာက္ရန္ ပိုေဘးကင္းသည့္နည္းလမ္းမ်ားအသံုးျပဳရန္ အရာ႐ွိႀကီးမ်ားက သတိေပးေနၾကသည္။

Ref : Vietnam landslide: Rescuers search for survivors at barracks

#PeopleMedia

(unicode)
ဗီယက်နမ်တွင် စစ်တန်းလျားမြေပြိုမှုကြောင့် တပ်ဖွဲ့ဝင် ၁၁ ယောက်ပျောက်ဆုံးနေ
………………………………………………

ဟနွိုင်း၊ အောက်တိုဘာ ၁၀

ပြီးခဲ့သည့်နှစ်များအတွင်း ဗီယက်နမ်နိုင်ငံ၏အဆိုးဆုံးရေကြီးမှုများကြောင့် အကြီးအကျယ်မြေပြိုမှုဖြစ်ခဲ့သည့် စစ်တန်းလျားမှ စစ်သား ၁၁ ယောက်ကို အသေအချာရှာဖွေနေသည်။

နိုင်ငံအလယ်ပိုင်းကွမ်ထရီပြည်နယ်မှစစ်တန်းလျားအပျက်အစီးများကြားမှ အလောင်း ၁၁ လောင်းကိုသယ်ထု တ်ထားနိုင်သည်။

ညဘက်တွင် ဗုံးပေါက်သကဲ့သို့ မြေပြိုသံကိုကြားလိုက်ရသည်ဟု အရာရှိတယောက်ကပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ဗီယက်နမ်နိုင်ငံ၌ မိုးကြီးခဲ့ပြီး ရေလွှမ်းမိုးမှုနှင့်မြေပြိုမှုများကြောင့် အနည်းဆုံးလူ ၇၀ သေဆုံးခဲ့သည်။

လာမည့်ရက်များအတွင်း ရေကြီးမှုထပ်မံမြင့်တက်လာနိုင်ကြောင်း စိုးရိမ်မှုများလည်းရှိနေသည်။

တနင်္ဂနွေနေ့အစောပိုင်းတွင် မြေပြိုမှုကြောင့် ဗီယက်နမ်စစ်တိုင်းအမှတ် ၄ မှတပ်စိတ်တစိတ်ထိခိုက်ခဲ့သည်ဟု ဗီယက်နမ်အစိုးရကပြောသည်။

အလောင်းများပြန်တွေ့ရန်ကြိုးစားနေချိန်တွင် နောက်ထပ်မြေပြိုနိုင်သည့်အန္တရာယ်ရှိကြောင်းနှင့် ထိုနေရာသို့ ဝင်ရောက်ရန် ပိုဘေးကင်းသည့်နည်းလမ်းများအသုံးပြုရန် အရာရှိကြီးများက သတိပေးနေကြသည်။

Ref : Vietnam landslide: Rescuers search for survivors at barracks

#PeopleMedia


Share this post