ဗီယက်နမ်ကို F-16 ဂျက်တိုက်လေယာဉ်တွေရောင်းချပေးဖို့ အမေရိကန်နဲ့ ဗီယက်နမ် ဆွေးနွေးနေ
PUBLISHED - September 26, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂၆
အမေရိကန်အစိုးရဟာ ဗီယက်နမ်နိုင်ငံကို F-16 ဂျက်တိုက်လေယာဉ်တွေထောက်ပံ့ပေးဖို့အတွက် ဗီယက်နမ် အစိုးရနဲ့ ဆွေးနွေးနေကြောင်း The Defense Post မှာ ဖော်ပြထားပါတယ်။
တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး ဗီယက်နမ်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေမြင့်တင်နေတဲ့အ တွက် F-16 ဂျက်တိုက်လေယာဉ်ရောင်းချရေး သဘောတူညီမှုဟာ ကနဦးအဆင့်ကိုရောက်နေပြီဖြစ်ပြီး လာ မယ့်နှစ်အထိ ဆက်လက်ဆွေးနွေးသွားနိုင်ဖွယ်ရှိကြောင်း Reuters သတင်းဌာနက ရေးသားထားပါတယ်။
ဗီယက်နမ်ကိုရောင်းချပေးမယ့် F-16 ဂျက်တိုက်လေယာဉ် ခန့်မှန်းအရေအတွက်ကို မသိရပေမဲ့ စစ်အေးကာလ ပြိုင်ဘက်နှစ်နိုင်ငံကြားမှာ ဖြစ်ပေါ်လာမယ့် စစ်လက်နက်ပစ္စည်းရောင်းဝယ်ရေးသဘောတူညီချက်ဟာ အကြီး မားဆုံးဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ဟာ ဗီယက်နမ်နိုင်ငံနဲ့ အကျိုးရှိပြီး ကောင်းမွန်တဲ့ လုံခြုံရေးဆက်ဆံမှုတွေရှိပါတယ်။ ကျွန်တော် တို့ အမေရိကန်လက်နက်စနစ်တွေကို လွှဲပြောင်းပေးဖို့ စိတ်ဝင်စားနေပါတယ်။ အထူးသဖြင့် သူတို့ရဲ့ပင်လယ် ပြင်ကို ပိုမိုစောင့်ကြည့်ထောက်လှမ်းနိုင်ရေးအတွက် အထောက်အကူဖြစ်စေဖို့ သယ်ယူဆောင်ပို့ဆောင်ရေး လေယာဉ်တွေနဲ့ တခြားလက်နက်စနစ်တွေပါဝင်နိုင်ပါတယ်။” လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦး စကားကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားပါတယ်။
ဈေးသက်သာတဲ့ရုရှားထုတ် စစ်လက်နက်ပစ္စည်းတွေကို မှီခိုနေရတဲ့အဖြစ်ကနေ တဖြည်းဖြည်း ရုန်းထွက်နေပြီး ငွေကြေးမတတ်နိုင်တဲ့ ဗီယက်နမ်နိုင်ငံအတွက် အမေရိကန်စစ်လက်နက်ပစ္စည်းတွေဝယ်ယူရာမှာအထောက်အ ကူဖြစ်စေဖို့အတွက် အထူးချေးငွေတွေထုတ်ချေးပေးနိုင်ဖို့ အမေရိကန်အစိုးရက စဉ်းစားချင့်ချိန်နေပါတယ်။
“ဗီယက်နမ်တွေ သူတို့အတွက် အမှန်တကယ်အသုံးဝင်မယ့် စစ်လက်နက်ပစ္စည်းတွေရရှိဖို့ သူတို့ကို ငွေကြေး ပိုင်းအရ ဘယ်လိုထောက်ပံ့ပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက စဉ်းစားနေပါတယ်။” လို့ အဲဒီအမည်မဖော်လိုတဲ့အရာရှိက ပြောပါတယ်။
ဗီယက်နမ်လေတပ်ရဲ့ တိုက်လေယာဉ်အားလုံးဟာ Su-22၊ Su-27 နဲ့ Su-30 ဂျက်တိုက်လေယာဉ်တွေအပါအ ဝင် ရုရှားထုတ်ဂျက်တိုက်လေယာဉ်တွေချည်းဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံကို လက်နက်ကုန်သွယ်မှုတွေ ဖြေလျှော့ပေးလိုက်ချိန် ၂၀၁၆ ခုနှစ်ကစပြီး ရုရှားအစိုးရက ဗီယက်နမ်နိုင်ငံအတွက် စစ်လက်နက်ပစ္စည်းတွေကို နှစ်စဉ် ၈၀ ရာခိုင်နှုန်းဝန်းကျင် ထောက်ပံ့ခဲ့တာဖြစ် ကြောင်း Reuters က ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ အမေရိကန်နိုင်ငံကလည်း ကမ်းခြေစောင့်ရေယာဉ်တွေနဲ့ အမောင်းသင်လေယာဉ် တွေအပါအဝင် ဗီယက်နမ်နိုင်ငံကို စစ်လက်နက်ပစ္စည်း ဒေါ်လာ သန်း ၄၀၀ ဖိုး ထောက်ပံ့ခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံဟာ စစ်လက်နက်ပစ္စည်းဝယ်ယူရေးအတွက် နှစ်စဉ် ဒေါ်လာ ၂ ဘီလျံသုံးစွဲပါတယ်။ ပြီးခဲ့တဲ့လ အစောပိုင်းက ဗီယက်နမ်နိုင်ငံဟာ အမေရိကန်အစိုးရနဲ့ သံတမန်ဆက်ဆံရေးကို တရုတ်၊ ရုရှားတို့နဲ့ အဆင့်တူ အမြင့်ဆုံးအထိရောက်အောင် မြှင့်တင်ခဲ့ပါတယ်။
ဗီယက်နမ်အစိုးရဟာ ၎င်းတို့နိုင်ငံအတွက် စစ်လက်နက်ပစ္စည်းတင်သွင်းဖို့ အမျိုးမျိုးပြောင်းလဲဆောင်ရွက်ဖို့ လို အပ်ကြောင်း သဘောပေါက်ထားသလို အမေရိကန်အစိုးရကလည်း ရေရှည်မှာ ဗီယက်နမ်နိုင်ငံကို စစ်လက် နက်ပစ္စည်းတွေ တိုးမြှင့်တင်ဖို့သွားဖို့ စဉ်းစားထားကြောင်း အမေရိကန်အရာရှိတွေကို ကိုးကားပြီး Reuters က ရေးသားပါတယ်။
Ref: US Discussing F-16 Fighter Deal with Vietnam
#PeopleMedia