ဗီယက်နမ်က ဒူးရင်းတင်ပို့မှု ထိပ်ဆုံးမှာရောက်နေတဲ့အတွက် တရုတ်နိုင်ငံကို ဒူးရင်းတင်ပို့မှု မြှင့်တင်ရန် ထိုင်းကုန်သည်တွေကို တိုက်တွန်း
PUBLISHED - April 8, 2024
နိုင်ငံတကာ၊ ဧပြီ ၈
ဗီယက်နမ်နိုင်ငံက သစ်သီးတို့ရဲ့ဘုရင်အဖြစ် ဒူးရင်းတင်ပို့မှု ထိပ်ဆုံးမှာရောက်ရှိနေကြောင်း ပြောဆိုလိုက်ပြီး နောက်မှာ တရုတ်နိုင်ငံကို ဒူးရင်းသီး တင်ပို့မှုမြှင်တင်ဆောင်ရွက်ဖို့ ထိုင်းပြည်ပပို့ကုန်လုပ်ငန်းရှင်တွေနဲ့ ထိုင်း အစိုးရအဖွဲ့အစည်းတွေကို တိုက်တွန်းလိုက်ပါတယ်။
တရုတ်နိုင်ငံ ဒူးရင်းဈေးကွက်ထဲမှာ ဗီယက်နမ်ရဲ့ ဒူးဈေးကွက်ရှယ်ယာဟာ အခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ အတွင်း ၅၇% အထိ မြင့်တက်လာခဲ့ကြောင်း၊ ပြီးခဲ့တဲ့နှစ်အဲဒီကာလမှာ ၃၂% သာရှိခဲ့ကြောင်း ဗီယက်နမ်သ တင်းစာ ဒန်ဗီယက်မှာ ဖော်ပြထားပါတယ်။
“အခုနှစ် ပထမနှစ်လအတွင်းမှာ တရုတ်နိုင်ငံဟာ ဒေါ်လာ ၂၈၃.၆ သန်း (ဘတ်ငွေ ၁၀.၄၁ ဘီလျံ) တန်ကြေးရှိ ဒူးရင်းသီး ၅၃,၁၁၀ တန် တင်သွင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံကတော့ တရုတ်ကို ဒူးရင်းသီးတင်သွင်းရာမှာ နံပတ် ၂ နေရာက လိုက်ပါတယ်။ ထိုင်းက ဒေါ်လာ ၁၂၀.၃ သန်း (ဘတ်ငွေ ၄.၄၁ ဘီလျံ) တန်ကြေးရှိ ဒူးရင်းသီးတန်ချိန် ၁၉,၀၁၆ တန် တင်သွင်းခဲ့ပါတယ်။” လို့ အဲဒီသတင်းစာမှာ ဖော်ပြထားပါတယ်။
ဗီယက်နမ်နိုင်ငံဟာ တစ်နှစ်ပတ်လုံး ဒူးရင်းစိုက်ပျိုးနိုင်ကြောင်း အထူးသဖြင့် ထိုင်းဒူးရင်းသီးတွေ စိုက်ပျိုးဖို့ အ သင့်မဖြစ်သေတဲ့အချိန်မျိုးမှာတောင် ဗီယက်နမ်က စိုက်ပျိုးနိုင်ကြောင်း ဒန်ဗီယက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံက ဒူးရင်းသီးတစ်တန်ကို ဒေါ်လာ ၆.၁၃၃ (၂၂၅.၂၁ ဘတ်) ရောင်းချပေမဲ့ ဗီယက်နမ်နိုင်ငံကတော့ တစ်တန်ကို ဒေါ်လာ ၄.၉၁၆ (၁၈၀.၇၅ ဘတ်) နဲ့ ရောင်းချတဲ့အတွက် ထိုင်းဒူးရင်းသီးထက် ဈေးချိုကြောင်း သတင်းစာမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဗီယက်နမ်ဟာ တရုတ်နိုင်ငံနဲ့ ကပ်နေတဲ့အတွက် ပြည်ပပို့ကုန်တွေကို လျင်မြန်သွက်လက်စွာ ပို့ဆောင် နိုင်ကြောင်း အဲဒိသတင်းမှာ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ထိုင်းနိုင်ငံအစား ဗီယက်နမ်နိုင်ငံက တရုတ်နိုင်ငံကို အဓိက ဒူးရင်းသီးတင်ပို့တဲ့ နိုင်ငံအဖြစ်ရယူသွားခဲ့ကြောင်း အဲဒီနှစ် ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံတကာကုန်သွယ်ရေးမြှင့်တင်မှု အစီရင်ခံစာ မှာ ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ တရုတ်နိုင်ငံက ဒူးရင်းသီး တန်ချိန် ၁၂၀၀၀၀ တင်သွင်းခဲ့ပေမဲ့ ဗီယက်နမ်နိုင်ငံ က ဒူးရင်းသီးတွေကိုသာ အများဆုံးတင်သွင်းခဲ့ပြီး ထိုင်းဒူးရင်းသီးတင်သွင်းမှုကို လျှော့ချခဲ့ကြောင်း ထိုင်းနိုင်ငံ တကာကုန်သွယ်ရေးမြှင့်တင်မှုဦးစီးဌာနက ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ် ပထမ ၁၀ လအတွင်း ဗီယက်နမ်နိုင်ငံဟာ တရုတ်နိုင်ငံကို ဒူးရင်းသီး တန်ချိန်ပေါင်း ၄၅၂,၀၀၀ တန် တင်သွင်းခဲ့ရာ ဒေါ်လာ ၁.၉၄ ဘီလျံ (ဘတ်ငွေ ၇၁.၂၆ ဘီလျံ) ရရှိခဲ့ပါတယ်။” လို့ ဗီယက်နမ်အွန်လိုင်းသတင်း စာကို ကိုးကားပြီး ထိုင်းဦးစီးဌာနက ပြောပါတယ်။
ထိုင်းနိုင်ငံက သဘာဝဒူးရင်းသီး၊ အေးခဲဒူးရင်းသီးနဲ့ ပြုပြင်ထားတဲ့ဒူးရင်းသီး အမျိုးမျိုးကို တရုတ်နိုင်ငံကို တင် သွင်းခွင့်ပြုထားပေမဲ့ ဗီယက်နမ်နိုင်ငံကတော့ တရုတ်နိုင်ငံကို သဘာဝဒူးရင်းသီး တစ်မျိုးတည်းကိုသာ တင် သွင်းခွင့်ပြုထားကြောင်း ဦးစီးဌာနက ပြောပါတယ်။
“တကယ်လို့ တရုတ်နိုင်ငံကသာ ဗီယက်နမ်ကို အေးခဲဒူးရင်းသီးတွေ တင်ပို့ခွင့်ပြုလိုက်မယ်ဆိုရင် ဗီယက်နမ်ရဲ့ ပြည်ပပို့ကုန်ပမာဏဟာ ထပ်ပြီး မြင့်တက်လာမှာဖြစ်ပါတယ်။” လို့ ဦးစီးဌာနက ပြောပါတယ်။
Ref: Exporters urged to boost durian shipments to China after Vietnam takes top spot
#PeopleMedia