ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်ရေး VinFast ကုမ္ပဏီ အိန္ဒိယနိုင်ငံထဲမှာ ပထမဦးဆုံးလျှပ်စစ်ကား ထုတ်လုပ် ရေးစက်ရုံတည်ဆောက်မည်
PUBLISHED - January 8, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၈
ကမ္ဘာ့တတိယမြောက်အကြီးဆုံး ကားဈေးကွက်ကို ထိုးဖောက်ဖို့ ကြိုးပမ်းဆောင်ရွက်နေစဉ်အတွင်း ဗီယက်နမ် လျှပ်စစ်ကားထုတ်လုပ်ရေး VinFast ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံထဲမှာ ၎င်းတို့ရဲ့ ပထမဦးဆုံးလျှပ်စစ်ကား ထုတ် လုပ်ရေးစက်ရုံတည်ဆောက်ဖို့အတွက် သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒေါ်လာ ၂ ဘီလျံတန်ကြေးရှိ ရင်းနှီးမြှုပ်နံှမှုလုပ်သန်းကို ပူးပေါင်းဆောင်ရွက်ဖို့အတွက် ပထမ ၅ နှစ်ကာလ ဒေါ်လာ သန်း ၅၀၀ တန် စီမံချက်အတွက် VinFast ကုမ္ပဏီနဲ့ တမဲလ်နာဒူးပြည်နယ်အစိုးရတို့ စနေနေ့ (ဇန်န ဝါရီလ ၆ ရက်နေ့) က လက်မှတ်ရေး ထိုးခဲ့တာဖြစ်ပါတယ်။
လျှပ်စစ်ကားနဲ့ ဘက်ထရီထုတ်လုပ်ရေးစက်ရုံတွေကို အခုနှစ်အတွင်း စတင်ဆောက်လုပ်သွားမှာဖြစ်ပြီး လုပ် ငန်းဆောင်ရွက်မှုအတွက် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ၃၀၀၀ ကနေ ၃၅၀၀ အထိ ဖန်တီးပေးသွား မှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
VinFast ကုမ္ပဏီဟာ ၎င်းတို့ရဲ့ ပထမဦးဆုံး လျှပ်စစ်ကားနဲ့ ဘက်ထရီစက်ရုံတွေကို အိန္ဒိယနိုင်ငံ တမဲလ်နာဒူး ပြည်နယ် တူးတုကူဒီမြို့မှာ တည်ဆောက်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ပြီးခဲ့တဲ့သီတင်း ပတ် ဗုဒ္ဓဟူးနေ့က ရေးသားဖော်ပြခဲ့ပါတယ်။
ပြည်ပနိုင်ငံတွေမှာ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းတွေကို အများအပြားတိုးချဲ့ဆောင်ရွက်သွားမှာဖြစ် ကြောင်း ၂၀၁၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ လျှပ်စစ်ကားတွေထုတ်လုပ်ခဲ့တဲ့ VinFast ကုမ္ပဏီက ပြောပါတယ်။
VinFast ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းက နယူးယောက်မှာရှိတဲ့ နာ့ဇ်ဒက်စတော့အိတ်ချိန်းမှာ ပထမဦးဆုံးပေါ်ပေါက်လာခဲ့ပြီး တစ်လအကြာမှာ အခုလို အိန္ဒိယနိုင်ငံမှာ လျှပ်စစ်ကားလုပ်ငန်းချဲ့ထွင်မှုကို စတင်ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။
တမဲလ်နာဒူးပြည်နယ် မြို့တော် ချန်းနိုင်းမြို့နဲ့ အနီးအနားက ခရိုင်မြို့ကြီးတွေဟာ အိန္ဒိယလျှပ်စစ်မော်တော်ဆိုင် ကယ်ထုတ်လုပ်တဲ့ Ola Electric ကုမ္ပဏီနဲ့ Ather ကုမ္ပဏီ၊ ကမ္ဘာ့အကြီးမားဆုံးဈေးကွက်ကိုပိုင်ဆိုင်ထားတဲ့ Tesla ကုမ္ပဏီကို မကြာသေးခင်က ကျော်တက်လာတဲ့ တရုတ် BYD ကုမ္ပဏီတို့အပါအဝင် လျှပ်စစ်ကားထုတ် လုပ်ရေးကုမ္ပဏီ လေးငါးခုကို လက်ခံခဲ့ပါတယ်။
တမဲလ်နာဒူးပြည်နယ်မှာတည်ဆောက်မယ့် လျှပ်စစ်ကားထုတ်လုပ်ရေးစက်ရုံဟာ ဒေသတွင်းမှာ ဒေသတွင်းမှာ ပထမတန်းစား လျှပ်စစ်ကားထုတ်လုပ်ရေးစက်ရုံတစ်ခုဖြစ်လာမှာဖြစ်တယ်လို့ VinFast ကုမ္ပဏီကပြောပါတယ်။
ဗီယက်နမ်နိုင်ငံမှာရှိတဲ့ ကုမ္ပဏီရဲ့ပင်မစက်ရုံက တစ်နှစ်ကို လျှပ်စစ်ကားအစီးရေ ၂၅၀၀၀၀ ထုတ်လုပ်နေသလို အခုအိန္ဒိယနိုင်ငံ တမဲလ်နာဒူးပြည်နယ်က စက်ရုံကလည်း တစ်နှစ်ကို လျှပ်စစ်ကားအစီးရေ ၁၅၀၀၀၀ ထုတ်လ လုပ်သွားမှာဖြစ်ကြောင်း VinFast ကုမ္ပဏီကပြောပါတယ်။
Ref: Vietnamese EV maker investing $500m in India
#PeopleMedia