• Follow Us on

Home ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ လာအိုမှာ ကုန်စည်ပြပွဲဖွင့်လှစ်

ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ လာအိုမှာ ကုန်စည်ပြပွဲဖွင့်လှစ်

Share this post

နိုင်ငံတကာ၊ ဧပြီ ၁၁

 

ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့မှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုုပ်နှံမှုနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ် ငန်းတွေ အားပေးမြှင့်တင်ဖို့အတွက် ကုန်စည်ပြုပွဲတစ်ခုကို လာအိုနိုင်ငံ ချမ်းပါဆတ်ပြည်နယ်မှာ ဖွင့်လှစ်လိုက် ပါတယ်။

 

အဆိုပါ လေးနိုင်ငံမှာ ဒေသတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုုပ်နှံမှုနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေ အားပေးမြှင့် တင်ရာမှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် အခုကုန်စည်ပြပွဲကို ဧပြီလ ၁၀ ရက်နေ့က ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

 

အခုကုန်စည်ပြပွဲကို ထုတ်ကုန်တွေအားပေးမြှင့်တင်ပြီး လာအိုနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အတွက်သာလုပ်ဆောင် တာမဟုတ်ဘဲ ကုန်ပစ္စည်းထုတ်လုပ်သူတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ စီးပွားရေးသမားတွေ အချင်းချင်းတွေ့ဆုံ ပြီး သတင်းအချက်အလက်တွေနဲ့ အတွေ့အကြုံတွေ အပြန်အလှန်ဖလှယ်နိုင်ဖို့အတွက်ပါ ရည်ရွယ်ကျင်းပခဲ့တာ ဖြစ်ကြောင်း ချမ်းပါဆတ်ပြည်နယ်အုပ်ချုပ်ရေးမှူး ဗီလေးဗောင်ဘောက်ဒတ်ဟမ်းက ဖွင့်ပွဲအမှာစကားမှာထည့် သွင်းပြောကြားခဲ့ပါတယ်။

 

ဒီကုန်စည်ပြပွဲဟာ ၂၀၂၄ ခုနှစ် လာအိုခရီးသွားနှစ်နဲ့ ဆက်စပ်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုုပ်နှံမှုနဲ့ ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းတွေ မြှင်တင်ဖို့ လာအိုနိုင်ငံအတွက် အခွင့်အလမ်းတစ်ရပ်လည်းဖြစ်ပါတယ်။

 

ကုန်စည်ပြပွဲမှာ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့က ကုမ္ပဏီ/ လုပ်ငန်းပေါင်း ၉၀ ကျော်က ပြခန်းပေါင်း ၆၀ ကို ခင်းကျင်းပြသထားပါတယ်။ ပြပွဲကို ဗီယက်နမ် ကုမ္ပဏီ ၄၅ ခုက တက်ရောက်ခဲ့ပြီး ကော်ဖီ၊ လက်ဖက်ခြောက်၊ ဟင်းသီးဟင်းရွက်/သစ်သီး ဝလံ၊ အစားအသောက်များနဲ့ လက်မှုပစ္စည်းတွေကို ခင်းကျင်းပြသထားပါတယ်။

 

ဒါ့အပြင် နိုင်ငံလေးနိုင်ငံက တက်ရောက်လာတဲ့ ကုမ္ပဏီတွေဟာ ၎င်းတို့နိုင်ငံတွေက ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့နေရာတွေ၊ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်တဲ့ အားသာချက်တွေ၊ အခွင့်အလမ်းတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။

 

ကုန်စည်ပြပွဲကို ဧပြီလ ၁၂ ရက်နေ့ (သောကြာနေ့) အထိ ခင်းကျင်းပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

Ref: Vietnam-Laos-Cambodia-Thailand trade fair opens in Laos

 

#PeopleMedia


Share this post