ဗုဒ္ဓကို ဂျပန်စူပါဟီးရိုး ဇာတ်ကောင်ပုံစံရေးဆွဲထားသော ပန်းချီကားများကို ဖျက်ဆီးပေးရန် ထိုင်းဗုဒ္ဓဘာသာဝင်များတောင်းဆို
PUBLISHED - September 13, 2019
ဗုဒ္ဓရုပ်ပွားတော်ကို ဂျပန်ရုပ်သံဇာတ်လမ်းတွဲ စူပါဟီးရိုး Ultraman ပုံစံ ရေးဆွဲထားတဲ့ ပန်းချီကားချပ်တွေကို ဖျက်ဆီးပေးဖို့ ထိုင်းဗုဒ္ဓဘာသာဝင်တွေက စက်တင်ဘာ ၁၂ ရက်နေ့မှာ တောင်းဆိုခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပြင်က ပြပွဲတစ်ခုမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ပြသခဲ့တဲ့ အဲဒီ ပန်းချီကားတွေကို ကျောင်းသူတစ်ဦးက ရေးဆွဲခဲ့တာဖြစ်ပြီး လှုမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် အငြင်းပွားမှုတွေပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါကျောင်းသူဟာ ရေးဆွဲထားတဲ့ ပန်းချီးကားလေးချပ်အတွက် သံဃာတော်တွေကို ငိုယို တောင်းပန် ထားခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမယ့် ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုက ကျောင်းသူကို အရေးယူပေးဖို့ အမှုဖွင့်တိုင်ကြားထားခဲ့ပါတယ်။
ဗုဒ္ဓဘာသာအများစုဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဘာသာရေးစော်ကားမှုလုပ်ရပ်တွေအတွက် အနည်းဆုံး ထောင် ၇ နှစ်ထိချမှတ်ခံရနိုင်ပါတယ်။
ပန်းချီကားကို ရေးဆွဲခဲ့တဲ့ ကျောင်းသူက ဗုဒ္ဓဟာ Ultraman လို ကမ္ဘာကြီးကို ကာကွယ်သူအဖြစ် သရုပ်ဖော်တဲ့ အဓိပ္ပါယ် အခုလို ရေးဆွဲခဲ့တာဖြစ်တယ်လို့ ဖြေရှင်းချက်ပေးထားပါတယ်။
Ref; CNA