ဗုံးခြဲတိုက္ခိုက္မႈတြင္ ဆိုမာလီယာဗိုလ္ခ်ဳပ္ႀကီး အသက္ေဘးမွ လြတ္ေျ မာက္

PUBLISHED - July 15, 2020
၂၀၂၀၊ ဇူလိုင္ ၁၅
လူတစ္ဦးေသဆုံးခဲ့ၿပီး ႏွစ္ဦးဒဏ္ရာရရွိခဲ့သည့္ ဆိုမာလီယာ ၾကည္းတပ္တပ္မွဴး ဗိုလ္ခ်ဳပ္ႀကီးအိုဒိုဝါယူစြပ္ရာဂီ ၏ ေမာ္ေတာ္ယာဥ္တန္းအား အေသခံဗုံးခြဲတိုက္ခိုက္မႈျဖစ္ပြားခဲ့ရာ ဗိုလ္ခ်ဳပ္ႀကီးမွာ အသက္ေဘးမွ လြတ္ ေျမာက္ခဲ့ေသာ္လည္း ၄င္း၏ ဝန္းက်င္၌ လုံၿခဳံေရး တိုးျမႇင့္သြားဖြယ္ရွိသည္။
ဇူလိုင္လ ၁၃ ရက္က မိုဂါဒစ္႐ွဴးၿမိဳ႕ေတာ္ရွိ ကာကြယ္ေရးဝန္ႀကီးဌာနဝင္းအတြင္းမွ ဗိုလ္ခ်ဳပ္ႀကီး ယူစြပ္ရာဂီ၏ ယာဉ္တန္းထြက္ခြာခ်ိန္တြင္ အယ္လ္ရွာဘတ္အဖြဲ႕က တိုက္ခိုက္မႈကို လုပ္ေဆာင္ခဲ့ဖြယ္ရွိသည္။
ေဖာက္ခြဲေရးပစၥည္းမ်ား အျပည့္တင္ေဆာင္လာေသာကားက ေဖာက္ခြဲမႈမျပဳလုပ္မီ လုံၿခဳံေရးတပ္ဖြဲ႕က ယာဥ္ ေမာင္းလုပ္သူကို ပစ္သတ္ခဲ့ေၾကာင္း ဆိုမာလီယာတပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူ အဘီကာနီအလီအက္ရွ္ ကာက ေျပာသည္။
အစၥလာမၼစ္အစြန္းေရာက္မ်ားကို တိုက္ခိုက္ေခ်မႈန္းသည့္ တိုက္ခိုက္ေရးသမားတစ္ဦးဆိုေသာ ဂုဏ္သတင္း ေက်ာ္ေဇာမႈေၾကာင့္ ဗိုလ္ခ်ဳပ္ႀကီးယူစြပ္ရာဂါအေပၚ တိုက္ခိုက္မႈက သတိျပဳဖြယ္ျဖစ္လာသည္။
စစ္ဘက္တပ္ဖြဲ႕မ်ားအေပၚ တိုက္ခိုက္မႈမ်ား မၾကာခဏျဖစ္ပြားေလ့ရွိသည့္ ဆိုမာလီယာႏိုင္ငံ၌ ယခုတိုက္ခိုက္မႈ က အဆင့္ျမင့္ စစ္ဘက္ေခါင္းေဆာင္တစ္ဦးကို လုပ္ႀကံသတ္ျဖတ္ရန္ ပထမဆုံးအႀကိမ္ ႀကိဳးပမ္းမႈျဖစ္သည္။
ကိုးကား ။ ။ ဗွီအိုေအ
Ref; Somali General Survives Suicide Bomb Attack, One other Person is Killed At Least Two Injured
(unicode)
ဗုံးခွဲတိုက်ခိုက်မှုတွင် ဆိုမာလီယာဗိုလ်ချုပ်ကြီး အသက်ဘေးမှ လွတ် ြေမာက်
……………………………………………………
၂၀၂၀၊ ဇူလိုင် ၁၅
လူတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည့် ဆိုမာလီယာ ကြည်းတပ်တပ်မှူး ဗိုလ်ချုပ်ကြီးအိုဒိုဝါယူစွပ်ရာဂီ ၏ မော်တော်ယာဉ်တန်းအား အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ဗိုလ်ချုပ်ကြီးမှာ အသက်ဘေးမှ လွတ် မြောက်ခဲ့သော်လည်း ၄င်း၏ ဝန်းကျင်၌ လုံခြုံရေး တိုးမြှင့်သွားဖွယ်ရှိသည်။
ဇူလိုင်လ ၁၃ ရက်က မိုဂါဒစ်ရှူးမြို့တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာနဝင်းအတွင်းမှ ဗိုလ်ချုပ်ကြီး ယူစွပ်ရာဂီ၏ ယာဉ်တန်းထွက်ခွာချိန်တွင် အယ်လ်ရှာဘတ်အဖွဲ့က တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ဖွယ်ရှိသည်။
ဖောက်ခွဲရေးပစ္စည်းများ အပြည့်တင်ဆောင်လာသောကားက ဖောက်ခွဲမှုမပြုလုပ်မီ လုံခြုံရေးတပ်ဖွဲ့က ယာဉ် မောင်းလုပ်သူကို ပစ်သတ်ခဲ့ကြောင်း ဆိုမာလီယာတပ်မတော် ပြောရေးဆိုခွင့်ရှိသူ အဘီကာနီအလီအက်ရှ် ကာက ပြောသည်။
အစ္စလာမ္မစ်အစွန်းရောက်များကို တိုက်ခိုက်ချေမှုန်းသည့် တိုက်ခိုက်ရေးသမားတစ်ဦးဆိုသော ဂုဏ်သတင်း ကျော်ဇောမှုကြောင့် ဗိုလ်ချုပ်ကြီးယူစွပ်ရာဂါအပေါ် တိုက်ခိုက်မှုက သတိပြုဖွယ်ဖြစ်လာသည်။
စစ်ဘက်တပ်ဖွဲ့များအပေါ် တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည့် ဆိုမာလီယာနိုင်ငံ၌ ယခုတိုက်ခိုက်မှု က အဆင့်မြင့် စစ်ဘက်ခေါင်းဆောင်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ရန် ပထမဆုံးအကြိမ် ကြိုးပမ်းမှုဖြစ်သည်။
ကိုးကား ။ ။ ဗှီအိုအေ
Ref; Somali General Survives Suicide Bomb Attack, One other Person is Killed At Least Two Injured