• Follow Us on

Home ဗုံးထောင်နေစဉ် ဗုံးပေါက်ကွဲမှုကြောင့် PDF (၁) ဦး ဒဏ်ရာရပြီး (၂) ဦး လွတ်မြောက်

ဗုံးထောင်နေစဉ် ဗုံးပေါက်ကွဲမှုကြောင့် PDF (၁) ဦး ဒဏ်ရာရပြီး (၂) ဦး လွတ်မြောက်

Share this post

နေပြည်တော်၊ သြဂုတ် ၂၅

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ စည်ပင်ရုံးရှေ့ တွင် ဗုံးထောင်နေစဉ် ဗုံးပေါက်ကွဲမှုကြောင့် PDF (၁) ဦး ဒဏ်ရာရပြီး (၂) ဦး လွတ်မြောက်သွားကြောင်း သိရသည်။

 

ယနေ့ နံနက် ၆:၃၀ အချိန်တွင် PDF (၃) ဦးမှာ မော်တော်ဆိုင်ကယ်ဖြင့် အင်းရဲလမ်းဆုံအနီး၊ တာသစ်ကြီး လမ်းဘေးတွင်ရှိသည့် ထန်းပင်အောက်တွင် လက်လုပ်ဗုံး (၁)လုံး ထောင်ထားခဲ့ပြီးနောက် နံနက် ၇:၁၅ အချိန်တွင် ထို PDF (၃) ဦးထဲမှ ရဲလင်းဆိုသူမှာ စည်ပင်ရုံးရှေ့တွင် ဗုံးထောင်နေစဉ် ၎င်းတို့ဗုံးမှ ပေါက်ကွဲ ပြီး ရဲလင်း၏ လက်နှစ်ဖက်ရှိ လက်ချောင်းများမှာ ပြတ်ထွက်သွားပြီး ကျန် PDF (၂) ဦးမှာ ထွက်ပြေးသွား ကြောင်း သိရသည်။

 

ထိုဗုံးလာထောင်သည့် PDF (၃) ဦးထဲမှာ ဖမ်းဆီးရမိသည့် အသက် (၂၇) နှစ်အရွယ် ရဲလင်း (ဘ) ဦးဘလှ ဟန်၊ ကျုံပျော်မြို့၊ ဓမ္မာရုံလမ်း၊ အောင်ဆန်းရပ်ကွက်တွင်နေသူဖြစ်ပြီး၊ ထွက်ပြေးလွတ်မြောက်သူ PDF နှစ်ဦးမှာ ကျုံပျော်မြို့၊ ကျဘမ်း၊ အောင်ဆန်း (၂)လမ်းသွယ်တွင် နေထိုင်သည့် အသက် (၂၂) နှစ်အရွယ် တေဇာစိုး(ခ)နိုင်းနိုင်း(ခ)နွားမဲ (ဘ)ဦးစိုးသန်းနှင့် ကျုံပျော်မြို့၊ ဓမ္မာရုံလမ်း၊ အမှတ်(၇)နယ်မြေ၊ အောင် ဆန်းရပ်ကွက်တွင်နေသည့် အသက်(၄၀) နှစ်အရွယ် မင်းမင်းတို့ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post