• Follow Us on
Latest News

Home ဗုံးပစ်လောင်ချာတပ်ဆင်ထားတဲ့ ဒရုန်းကို တူရကီကုမ္ပဏီ စမ်းသပ်ပျံသန်းပစ်ခတ်

ဗုံးပစ်လောင်ချာတပ်ဆင်ထားတဲ့ ဒရုန်းကို တူရကီကုမ္ပဏီ စမ်းသပ်ပျံသန်းပစ်ခတ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၁

 

တူရကီနိုင်ငံ Asisguard ကုမ္ပဏီက ဗုံးပစ်လောင်ချာတပ်ဆင်ထားတဲ့ ဒရုန်းတစ်စင်းကို စမ်းသပ်ပျံသန်းပြီး ပစ် ခတ်ခဲ့ကြောင်း The Defense Post မီဒီယာမှာဖော်ပြထားပါတယ်။

 

RDS40-MGL ခေါ် ဆုံလည်ပြောင်းရှစ်ခုပါ ဗုံးပစ်လောင်ချာတပ်ဆင်ထားတဲ့ Songar ဒရုန်းဟာ စမ်းသပ်ပျံသန်း နေစဉ်အတွင်းမှာ ဗုံးပစ်လောင်ချာတွေကို ပစ်ခတ်ခဲ့ကြောင်း Asisguard ကုမ္ပဏီက ပြောပါတယ်။

 

အလေးချိန် ၅.၄ ကီလိုဂရမ် (၁၂ ပေါင်) ရှိတဲ့ ၄၀ မမ ဗုံးပစ်လောင်ချာဟာ ပုံစံတူလက်နက်စနစ်တွေထက် ၁.၅ ကီလိုဂရမ် (၃.၃၀ ပေါင်) ပိုမိုပေ့ါပါးတယ်လို့ Repkon Defense Systems က ပြောပါတယ်။

 

အဲဒီဗုံးပစ်လောင်ချာဟာ ၄၀ x ၄၆ မမ ဗုံးသီးနဲ့ မီတာ ၄၀၀ (၁၃၁၂ ပေ) အထိ ပစ်ခတ်နိုင်ပြီး ၄၀ x ၅၃ ဗုံးသီးနဲ့ မီတာ ၈၀၀ (၂၆၂၄ ပေ) အထိ ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

 

စမ်းသပ်မှုတွေအဆုံးသတ်ပြီး ၂၀၂၂ ခုနှစ်မှာ သဘောတူညီချက်ရရှိခဲ့ပြီးနောက် Asisguard ကုမ္ပဏီနဲ့ Repkon ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

 

Songar ဒရုန်းကို အရင်ကတည်းက ၅.၅၆ ကျည်နဲ့ပစ်ခတ်ရတဲ့ စက်သေနတ်အပြင် တခြားလက်နက်ခဲယမ်း အမျိုးမျိုးနဲ့လည်း စမ်းသပ်ပစ်ခတ်ခဲ့ပြီးပြီလို့ ဆိုပါတယ်။

 

“လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ တွဲဖက်သုံးစွဲပြီးနောက်မှာ ဒီဒရုန်းရဲ့ လက်နက်စနစ်တွေကို လက်နက်ခဲယမ်းအ မျိုးမျိုးနဲ့ သုံးစွဲနိုင်အောက် ဆက်လက်အဆင့်မြှင့်တင်ဆောင်ရွက်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။” လို့ Asisguard ကုမ္ပဏီရဲ့ CEO ဘားရစ်ဒဂ်ဂန်းက ပြောပါတယ်။

 

တခြားဒရုန်းပုံစံတွေ ဒီဇိုင်းရေးဆွဲရာမှာ ဟန့်တားပိတ်ပင်ထားတဲ့ ခဲယမ်းအမျိုးမျိုးနဲ့ ဗုံးသီးအမျိုးမျိုးကို လိုက် လျောညီထွေ အသုံးပြုနိုင်ဖို့အတွက်ရည်ရွယ်ပြီး Songar ဒရုန်းကို ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတာဖြစ်တယ် လို့ ၂၀၂၁ ခုနှစ်တုန်းက ဘားရစ်ဒဂ်ဂန်းကိုကိုးကားပြီး Anadolu Agency ရေးသားခဲ့ပါတယ်။

 

Songar ဒရုန်းမှာ လေဆာလက်နက်နဲ့ တခြားဒုံးကျည်တွေ တပ်ဆင်နိုင်ဖို့ လေ့လာမှုတွေကိုလည်း ဆောင်ရွက် နေပြီဖြစ်တယ်လို့ ဆိုပါတယ်။ ၂၅ ကီလိုဂရမ် (၅၅ ပေါင်) အလေးချိန်ရှိတဲ့ Songar ဒရုန်းဟာ ၁၆ ကီလိုမီတာ (၁၀ မိုင်) အကွာအဝေးကို ၂.၈ ကီလိုမီတာ (၂ မိုင်) အမြင့်ကနေ ပျံသန်းနိုင်ပါတယ်။

 

Songar ဒရုန်းမှာ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်နိုင်တဲ့ ဗီဒီယိုကင်မရာတစ်လုံးနဲ့ လေဆာရှာဖွေရေးကိရိယာတစ် ခုပါတပ်ဆင်နိုင်ပါတယ်။ Songar ဒရုန်းကို အုပ်ဖွဲ့ပျံသန်းတိုက်ခိုက်မှုစစ်ဆင်ရေးအတွက်လည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

 

Ref: Turkish Firm Tests Grenade Launcher-Armed Drone

 

#PeopleMedia


Share this post