ဗြိတိန်ကြည်းတပ်က ဒရုန်းတပ်ဖွဲ့ဝင်တွေကို အသေခံဒရုန်းကိုင်တွယ်နည်း သင်ကြားပို့ချနေ
PUBLISHED - September 3, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၃
ဗြိတိန်ကြည်းတပ်ဟာ အသေခံဒရုန်းတွေ ထိန်းချုပ်မောင်းနှင်နိုင်မယ့် စစ်သည်တွေ မွေးထုတ်ဖို့အတွက် အသစ် ဖွင့်လှစ်မယ့် “ဒရုန်းအကယ်ဒမီ” ကျောင်းတက်ဖို့ ပင်ကိုစွမ်းရည်ရှိတဲ့ စစ်သည်တွေကို ရှာဖွေနေပါတယ်။
ဒရုန်းစစ်သည်တွေရဲ့ အရည်အသွေးကို ထပ်မံမြှင့်တင်ပေးနိုင်ရေး ဂျေဟတ်ဒ်ဒရုန်းအကယ်ဒမီ (jHub Drone Academy) တက်ရောက်ဖို့အတွက် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဒရုန်းလေသူရဲတွေထဲကပဲ ပင်ကိုယ်စွမ်း ရည်ရှိတဲ့စစ်သည်တွေကို ကြည်းတပ်ရဲ့ အမှတ် ၁၆ လေကြောင်းတိုက်ခိုက်ရေးတပ်မဟာက ရွေးချယ်ခဲ့ပါတယ်။
တီထွင်ဖန်တီးမှုနည်းပညာနဲ့ ခေတ်သစ်နည်းပညာတွေကို ပေါင်းစပ်ပြီး သင့်တော်တဲ့ သင်တန်းတစ်ခုဆောင် ရွက်သွားမှာဖြစ်ကြောင်း ဂျေဟတ်ဒ်ဒရုန်းအကယ်ဒမီက ပြောပါတယ်။
စစ်ဆေးရွေးချယ်မှုအတွင်း လျှောက်ထားခဲ့တဲ့တပ်ဖွဲ့ဝင်တွေဟာ ၅ လက်မ (၁၃ စင်တီမီတာ) အရှည်ရှိတဲ့ မောင်းသူမဲ့လေယာဉ်ငယ်လေးကိုအသုံးပြုပြီး FPV ဒရုန်း စမ်းသပ်မောင်းနှင်မှုကို သရုပ်ပြဆောင်ရွက်ခဲ့ရပါ တယ်။
စမ်းသပ်စစ်ဆေးမှုကို အထောက်အကူပြုရာမှာ ဖန်တီးထားတဲ့ အခက်အခဲအတားအဆီးတွေနဲ့ အနာဂတ်ဖြစ် နိုင်ခြေခန့်မှန်းချက်တွေကို ပြသဖို့အတွက်လည်း လက်ပ်တော့တစ်လုံးကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
FPV ဒရုန်းတွေမှာ သမရိုးကျ မောင်းသူမဲ့လေယာဉ်တွေမှာ တပ်ဆင်တဲ့ GPS တွေနဲ့ stabilization software တွေ မပါတဲ့အတွက် ပုံမှန်အားဖြင့် FPV ဒရုန်းတွေကို ကိုင်တွယ်ထိန်းချုပ်ရတာ ခက်ခဲကြောင်း စမ်းသပ်မှုမှာပါ ဝင်ခဲ့တဲ့ တပ်ကြပ် မော်ဂန်မက်ကော်နယ်လ်က ပြောပါတယ်။
“အလိုအလျောက်မောင်းနှင်နိုင်တဲ့ အဆင့်ကိုရောက်ဖို့အတွက် အချိန်ယူရပါဦးမယ်။ အဲဒီစိန်ခေါ်မှုကို ကျွန်တော် မျှော်လင့်စောင့်စားနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။
FPV ဒရုန်းတွေနဲ့ အသေခံဒရုန်းတွေဟာ ရန်သူ့စခန်းတွေ တိုက်ခိုက်ဖို့နဲ့ အတွင်းပိုင်းက ရန်သူ့သံချပ်ကာယာဉ် တွေကို တိုက်ခိုက်ဖျက်ဆီးဖို့အတွက် အသေးစားဗုံးတွေကို တပ်ဆင်သယ်ဆောင်သွားနိုင်ပါတယ်။
ဗြိတိန်နိုင်ငံမှာ FPV ဒရုန်းပိုင်းလော့အဖြစ် တာဝန်ထမ်းဆောင်မယ့် တပ်ဖွဲ့ဝင်တွေဟာ သုံးပတ်ကြာသင်တန်း တက်ရောက်ထားဖို့ လိုအပ်ပါတယ်။
FPV ဒရုန်းတွေဟာ တခြားမောင်းသူမဲ့လေယာဉ်တွေထက် ပိုမိုရိုးရှင်းခြင်း၊ ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိခြင်း၊ ပိုမို ဈေးသက်သာခြင်းတွေရှိပေမဲ့လည်း ကိုင်တွယ်ထိန်းချုပ်ရတာ ပိုမိုခက်ခဲတဲ့ဒရုန်းဖြစ်ကြောင်း မောင်းသူမဲ့လေ ယာဉ်ကိုင်တွယ်တဲ့ ဝါရင့်တပ်ကြပ်ကြီး အဒမ်ဘားနက်စ်က ပြောပါတယ်။
ရန်သူ့ပစ်မှတ်တွေကို ရှာဖွေတိုက်ခိုက်ဖို့နဲ့ စိန်ပြောင်း၊ အမြောက်၊ လေကြောင်းပစ်ကူတွေ တောင်းဆိုဖို့ လိုအပ် ချက်တွေကို ရှင်းလင်းဖယ်ရှာပြီး ကိုယ်တိုင်တိုက်ခိုက်နိုင်ဖို့အတွက် ခြေလျင်တိုက်ခိုက်ရေးတပ်ဖွဲ့တစ်ဖွဲ့ဟာ FPV ဒရုန်းတွေကို အသုံးပြုနိုင်ပါတယ်။
“ဒီဒရုန်းတွေဟာ တိုက်ခိုက်ရေးကွင်းဆက်ကို ပိုမိုလျှော့ချပစ်နိုင်ပြီး အရင်းအမြစ်တွေကို ထိရောက်စွာအသုံးပြု ရင်း တပ်မှူးတစ်ယောက်ကို ရွေးချယ်စရာ အခွင့်အလမ်းတွေ ပိုမိုပေးအပ်နိုင်ပါတယ်။” လို့ တပ်ကြပ်ကြီး အဒမ် ဘားနက်စ်က ပြောပါတယ်။
Ref: British Army Expands Soldier Kamikaze Drone Training
#PeopleMedia