ဗြိတိန်က နျူကလီးယားဒုံးကျည်သစ် စမ်းသပ်ပစ်ခတ်မည်
PUBLISHED - February 2, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂
ဗြိတိန်နိုင်ငံဟာ ရှစ်နှစ်အတွင်း ပထမဦးဆုံး နျူကလီးယားဒုံးကျည် စမ်းသပ်ပစ်ခတ်တော့မှာဖြစ်ကြောင်း The Sun သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။
HMS Vanguard (အိပ်ချ်အမ်အက်စ်ဗန်းဂတ်ဒ်) ရေငုပ်သင်္ဘောဟာ လာမယ့်ရက်ပိုင်းအတွင်း ဖလော်ရီဒါပြည် နယ် ကနယ်ဗရယ်လ်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်ဘက်မှာ ပထမဦးဆုံးအကြိမ် Trident 2 ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ဖို့ စီစဉ်ထားပါတယ်။
မိုင်ပေါင်း ၃၇၂၀ ဝေးကွာတဲ့ ဘရာဇီးနိုင်ငံနဲ့ အနောက်အာဖရိကကြားထဲက သမုဒ္ဒရာထဲကို ပစ်လွှတ်မယ့် အဲဒီ ဒုံးကျည်ထိပ်ဖူးဟာ ဒုတိယကမ္ဘာစစ်အတွင်း ဟီရိုရှီးမားနဲ့ နာဂါဆကီကို ကြဲချခဲ့တဲ့ အနုမြူဗုံးတွေထက် အဆ ၂၀ ပိုမို ဖျက်အားပြင်းတဲ့ ဒုံးကျည်ဖြစ်တယ်လို့ ဆိုပါတယ်။
HMS Vanguard ရေငုပ်သင်္ဘောဟာ Trident 2 ဒုံးကျည် ၁၆ စင်းအထိ သယ်ဆောင်သွားနိုင်ပြီး အချိန်အတိုင်း အတာတစ်ခုအထိ ရန်သူခြေရာခံထောက်လှမ်းခြင်းမပြုနိုင်ဘဲ လှည့်လည်မောင်းနှင်နိုင်တယ်လို့ The Sun သ တင်းစာမှာ ဖော်ပြထားပါတယ်။
“ကျွန်တော်တို့ ရန်သူတွေနဲ့ ကျွန်တော်တို့ဟာ တစ်ဖက်နဲ့တစ်ဖက် ပိုမိုနီးကပ်လာနေပြီဖြစ်ပါတယ်။” လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်စ်က ဇန်နဝါရီလ ၁၅ ရက်နေ့ မိန့်ခွန်းထဲမှာ သတိပေးထားပါတယ်။
“စစ်အေးတိုက်ပွဲကာလနေ့ရက်တွေကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ ဆင်ခြင်တုံတရားရှိတဲ့ ပြိုင်ဘက် တွေနဲ့ ဆက်ဆံခဲ့ရတယ်ဆိုတာကို ပြန်အမှတ်ရမိပါတယ်။ ဒါပေမဲ့ လက်ရှိအင်အားကြီးနိုင်ငံသစ်တွေဟာ ပိုပြီး တည်ငြိမ်မှုမရှိသလို ပိုပြီး ဆင်ခြင်တုံတရားနည်းပါးပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“ကျွန်တော်တို့ဟာ ဘာလင်တံတိုင်းကြီး ဟိုးအဝေးက အတွေးထဲမှာပဲကျန်ခဲ့တော့တဲ့ ခေတ်သစ် အရုဏ်ဦး မှာရောက်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် တွေ့လိုက်ရပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ စစ်ပြီး ခေတ်ကနေ စစ်ကြိုခေတ်ကာလကြီးကို ပြန်လည်ရောက်ရှိနေပါတယ်။ ဝါဒရေးရာခေတ်ကြီးတစ်ခေတ်ကို ပြော ရဆိုရခက်ခဲပြီး ခေါင်းမာလွန်းတဲ့ကာလကြီးတစ်ခုက အစားထိုးဝင်ရောက်လာတာဖြစ်ပါတယ်။” လို့ ၎င်းက ပြော ပါတယ်။
Ref: UK to Conduct Nuclear Missile Test
#PeopleMedia