• Follow Us on

Home ဗြိတိန်က အစ္စရေးကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ပေးပို့သွားမှာဖြစ်ကြောင်း ဒေးဗစ်ကင်မရွန်းပြော

ဗြိတိန်က အစ္စရေးကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ပေးပို့သွားမှာဖြစ်ကြောင်း ဒေးဗစ်ကင်မရွန်းပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၁၀

 

ဂါဇာဒေသမှာ လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်နေတဲ့အတွက် အစ္စရေးကို လက်နက်တင်ပို့နေတာတွေ ရပ်ဆိုင်းဖို့ ဖိအားပေးတောင်းဆိုမှုတွေကို ပယ်ချလိုက်ပြီး ဗြိတိန်အစိုးရအနေနဲ့ အစ္စရေးကို စစ်လက်နက်ပစ္စည်း တွေ ဆက်လက်ပေးပို့ သွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဒေးဗစ်ကင်မရွန်းက အင်္ဂါနေ့ (ဧပြီ ၉ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

“အစ္စရေးအရေး၊ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေနဲ့ ဗြိတိန်နိုင်ငံရဲ့ လက်နက်တင်ပို့မှုထိန်းချုပ်ရေးအစီအ စဉ်လိုအပ်ချက်တွေအရ ဂါဇာဒေသအခြေအနေတွေနဲ့ အစ္စရေးဆောင်ရွက်နေတဲ့ စစ်ဆင်ရေးတွေနဲ့ပတ်သက် ပြီး နောက်ဆုံးအကြံပြုချက်ကို ကျွန်တော်ဆန်းစစ်လေ့လာပြီးပါပြီ။” လို့ ကင်မရွန်းက ဝါရှင်တန်ခရီးစဉ်မှာ ပြော ပါတယ်။

 

“နောက်ဆုံး ဆန်းစစ်လေ့လာချက်တွေအရ ပြည်ပပို့ကုန်ခွင့်ပြုချက်နဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ရပ်တည် ချက်က မပြောင်းလဲပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

“ဒါပေမဲ့ ကျွန်တော်ရှင်းရှင်းလင်းလင်း ပြောချင်တာရှိပါတယ်။ ဂါဇာဒေသက လူသားချင်းစာနာမှုလမ်းကြောင်း တွေအတွက် ကျွန်တော်တို့ အလွန်စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း ပြောချင်ပါတယ်။” လို့ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ၎င်းက ပြောပါတယ်။

 

စစ်ပွဲနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုရဲ့ဆောင်ရွက်ချက်တွေကို သဘောမကျပေမဲ့ လက်နက် တင်ပို့မှုရပ်ဆိုင်းဖို့ တောင်းဆိုချက်တွေကိုတော့ အစ္စရေးကို လက်နက်အများဆုံးထောက်ပံ့နေတဲ့ အမေရိကန် ပြည်ထောင်စုကလည်း ပယ်ချလိုက်ပါတယ်။

 

ဗြိတိန်နိုင်ငံသား ၃ ဦး၊ အမေရိကန်-ကနေဒါ နှစ်နိုင်ငံသား ၁ ဦးပါဝင်တဲ့ World Central Kitchen အဖွဲ့က ကယ်ဆယ်ရေးလုပ်သား ၇ ဦးဟာ ပြီးခဲ့တဲ့သီတင်းပတ်က အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ခဲ့ပါတယ်။

 

ဗြိတိန်အစိုးရဟာ အစ္စရေးကို စစ်လက်နက်ပစ္စည်းတွေတင်ပို့ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်ရင်း အန္တရာယ် ရှိတဲ့အလုပ်ကိုလုပ်နေကြောင်း တရားရုံးချုပ်တရားသူကြီးဟောင်းတွေအပါအဝင် ဗြိတိန်ရှေ့နေ ၆၀၀ ကျော်ရဲ့ လတ်တလောကာလ ပေးစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

 

Ref: UK Won’t Stop Weapons Export to Israel: Cameron

 

#PeopleMedia


Share this post