• Follow Us on

Home ဗြိတိန်တော်ဝင်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောပေါ်ကနေ အကြီးမားဆုံးမောင်းသူမဲ့လေယာဉ် စမ်းသပ်ပျံသန်း

ဗြိတိန်တော်ဝင်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောပေါ်ကနေ အကြီးမားဆုံးမောင်းသူမဲ့လေယာဉ် စမ်းသပ်ပျံသန်း

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၃

 

ဗြိတိန်တော်ဝင်ရေတပ်ဟာ လေယာဉ်တင်သင်္ဘောတစ်စီးပေါ်ကနေ ရေတပ်ရဲ့အကြီးမားဆုံး မောင်းသူမဲ့ လေ ယာဉ်ကို လွှတ်တင်ခြင်း/ ပျံသန်းခြင်း/ ပြန်လည်သိမ်းဆည်းခြင်း စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ရာမှာ အဲဒီအကြီး စားဒရုန်းဟာ ဗြိတိန်ရေတပ်ရဲ့ မျိုးဆက်သစ်လေကြောင်းစွမ်းရည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

 

အမေရိကန်အရှေ့ဘက်ကမ်းခြေဘက်မှာ ဗြိတိန်ရေတပ်ရဲ့ HMS Prince of Wales (ဝေလမင်းသား) လေ ယာဉ်တင်သင်္ဘောပေါ်ကနေ မိုဟာဗီဒရုန်း (Mojave drone) ကို အတက်/အဆင်း လေ့ကျင့်ခဲ့တာဖြစ်ပြီး အခု လေ့ကျင့်မှုဟာ မောင်းသူပါလေယာဉ်နဲ့ မောင်းသူမဲ့လေယာဉ်တို့ရဲ့ အနာဂတ်ကာလ ပူးပေါင်းဆောင်ရွက်မှုကို သရုပ်ပြခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

အခုစမ်းသပ်မှုဟာ အမေရိကန်နိုင်ငံရဲ့ပြင်ပမှာ လေယာဉ်တင်သင်္ဘောတစ်စီးပေါ်ကနေ မိုဟာဗီဒရုန်းကို စမ်း သပ်ခဲ့တာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ဗြိတိန်ရေတပ်က ပြောပါတယ်။

 

“မိုဟာဗီဒရုန်းစမ်းသပ်တာ ဥရောပမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပြင်ပမှာ လေယာဉ်တင်သင်္ဘောတစ်စီးပေါ်ကနေ အခုအရွယ်အစား မောင်းသူမဲ့လေယာဉ် အတက်/အဆင်း/ပျံသန်းမှု တွေကို စမ်းသပ်ခဲ့တာ ပထမဦးဆုံးအကြိမ်စမ်းသပ်ခြင်းဖြစ်ပါတယ်။” လို့ တော်ဝင်ရေတပ်က ရေတပ်ဗိုလ်ချုပ် ကြီး ဂျိမ်းစ်ပါကင်က ပြောပါတယ်။

 

“ဒီစမ်းသပ်ချက်အောင်မြင်မှုဟာ ရေတပ်ရဲ့လေကြောင်းဆိုင်ရာဆောင်ရွက်မှုကို ကျွန်တော်တို့ ဘယ်လိုဆောင် ရွက်ခဲ့တယ်ဆိုတာကို ထုတ်ဖော်ပြသခဲ့တဲ့ ကဏ္ဍသစ်ဖြစ်သလို ဗြိတိန်တော်ဝင်ရေတပ် လေယာဉ်တင်သင်္ဘော အုပ်စုရဲ့ မောင်းသူပါလေယာဉ်နဲ့ မောင်းသူမဲ့လေယာဉ်တွေ ပူးပေါင်းဆောင်ရွက်မှုစွမ်းပကားရဲ့ တိုးတက်မှုကို မြင်တွေ့ရတဲ့ နောက်ထပ်စိတ်လှုပ်ရှားဖွယ်ရာ အဆင့်တစ်ဆင့်လည်းဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

General Atomics ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ မိုဟာဗီဒရုန်း (Mojave drone) ဟာ ဗြိတိန်ရေတပ်မှာလက်ရှိ အသုံးပြုနေတဲ့ Puma ဒရုန်း၊ Peregrine မောင်းသူမဲ့ရဟတ်ယာဉ်တို့လို မောင်းသူမဲ့လေယာဉ်တွေထက် အရွယ် အစားပိုမိုကြီးမားတဲ့ ဒရုန်းဖြစ်ပါတယ်။

 

အရှည် ၉ မီတာ (၂၉.၅ ပေ) နဲ့ အလေးချိန် ၁.၅ တန်ရှိတဲ့ မိုဟာဗီဒရုန်းရဲ့ wingspan (လေယာဉ်တောင်ပံ နှစ် ဖက်ထိပ်အကာအဝေး) ဟာ ၁၇ မီတာ (၅၆ ပေ) ရှိတဲ့အတွက် F-35B ဂျက်တိုက်လေယာဉ်ရဲ့ wingspan ထက် ၆ မီတာ ပိုမိုရှည်လျားတယ်လို့ ဆိုပါတယ်။

 

ပြေးလမ်းတိုမှာ အတက်/အဆင်းလုပ်နိုင်အောင် MQ1C Gray Eagle ဒရုန်းကိုအဆင့်မြှင့် မူကွဲထုတ်လုပ်ထား တဲ့ မိုဟာဗီဒရုန်း (Mojave drone) ဟာ အမြင့်ပေ အလယ်အလတ် (ပေ ၁၀၀၀၀ ကနေ ၃၀၀၀၀ အထိ) လောက်က ပျံသန်းနိုင်ပြီး တာဝေးပိုမိုပျံ သန်းနိုင်တယ်လို့ ဆိုပါတယ်။

 

စွမ်းရည်ပိုင်းဆိုင်ရာပြဿနာတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ အနာဂတ်အလားအလာတွေကို ဆုံးဖြတ်ပြီး အနာ ဂတ်ရင်းနှီးမြှုပ်နှံမှုတွေကို ထောက်ပံ့မယ့် အခုစမ်းသပ်မှုကို General Atomics ကုမ္ပဏီကို တာဝန်ပေးခဲ့တာဖြစ် ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အခုနှစ် အစောပိုင်းက ကြေညာခဲ့ပါတယ်။

 

အခုစမ်းသပ်ပျံသန်းမှုဟာ ဗြိတိန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောနှစ်စီးစလုံးပေါ်မှာ ဒုတိယလေကြောင်းအုပ်စု အဖြစ်ဖွဲ့စည်းသွားမယ့် စီမံချက်တွေအပါအဝင် ရေတပ်ရဲ့မောင်းသူမဲ့လေယာဉ်အုပ်တွေထဲမှာ ထပ်မံပေါင်းစပ် ဖွဲ့ စည်းသွားဖို့အတွက် ကြိုးပမ်းမှုတစ်ရပ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: Royal Navy Tests Its Largest Ever Drone from Aircraft Carrier

 

#PeopleMedia


Share this post