• Follow Us on
Latest News

Home ဗြိတိန်ဝန်ကြီးချုပ် နေအိမ်ထဲမှာ ဝင်ရောက်မစင်စွန့်ခဲ့တဲ့ လူလေးဦး ဖမ်းဆီးခံရ

ဗြိတိန်ဝန်ကြီးချုပ် နေအိမ်ထဲမှာ ဝင်ရောက်မစင်စွန့်ခဲ့တဲ့ လူလေးဦး ဖမ်းဆီးခံရ

Share this post

နိုင်ငံတကာ၊ ဇွန် ၂၆

 

အင်္ဂလန်မြောက်ပိုင်းရှိ ဝန်ကြီးချုပ် ရာရှီဆူနက်ရဲ့ နေအိမ်ကို ဝင်ရောက်ကျူးကျော်မှုနဲ့ လူလေးဦးကို အင်္ဂါနေ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

“ဒီနေ့မွန်းလွဲပိုင်းမှာ ဝန်ကြီးချုပ်ရဲ့ နေအိမ်ထဲကနေ လူလေးဦးကို ဖမ်းဆီးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ကွင်းထဲကို ဝင်သွားပြီး တစ်မိနစ်အတွင်းမှာပဲ လူလေးဦးအတူပါခဲ့ပါတယ်” လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

 

Youth Demand လို့ ခေါ်တဲ့ကမ်ပိန်အဖွဲ့က အမျိုးသားတစ်ဦးဟာ အစိုးရကို ဆန့်ကျင့်တဲ့လုပ်ရပ်ဟုဆိုကာ ဝန်ကြီးချုပ်နေအိမ်က ရေကန်ထဲကို ဝင်ရောက်ပြီး မစင်စွန့်နေတဲ့ ဗီဒီယိုဖိုင်ကို ယခင်က တွစ်တာလို့ခေါ်တဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။

 

အဆိုပါအဖွဲ့ဟာ ရေနံနှင့် သဘာဝဓာတ်ငွေ့ လိုင်စင်အသစ်တွေ ထုတ်ပေးခြင်းကို ရပ်တန့်လိုပြီး အစ္စရေး အပေါ် လက်နက်ရောင်းချမှုကို ပိတ်ပင်ဖို့လည်း တောင်းဆိုထားပါတယ်။

 

Ref; Reuters

 

#PeopleMedia


Share this post