ဗြိတိန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေ AIW မောင်းပြန်ရိုင်ဖယ်သစ်များ ကိုင်တွယ်ရတော့မည်
PUBLISHED - September 7, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၇
ဗြိတိန်အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များအနေနဲ့ စတာလင်ပေါင် သန်း ၉၀ တန်ကြေးရှိ လက်နက်ဝယ်ယူရေး စာချုပ်အရ မကြာခင်အချိန်အတွင်းမှာ ပိုမိုအစွမ်းထက်တဲ့ ခေတ်မီမောင်းပြန်လက်နက်သစ်တွေကို ကိုင် ဆောင်ရတော့မှာဖြစ်ပါတယ်။
L403A1 လို့ လူသိများတဲ့ သမရိုးကျမဟုတ်သောတစ်ကိုယ်ရည်သုံးလက်နက် (Alternative Individual Weapon – AIW) ဟာ သေနတ်ပြောင်းဝမီးပွင့်ဖြာထွက်မှုကို လျှော့ချထားတဲ့စနစ်နဲ့ ချိန်ခွက်စနစ်ကို အဆင့် မြှင့်တင်ထားတဲ့ လက်နက်ငယ်လို့ ဆိုပါတယ်။
ချိန်ခွက်စနစ်ကို အဆင့်မြှင့်တင်ထားတဲ့အတွက် AIW မောင်းပြန်ရိုင်ဖယ်ကိုင်ဆောင်ထားတဲ့စစ်သည်ဟာ ပိုမို ဝေးကွာတဲ့ရန်သူကို ခြိမ်းခြောက်နိုင်သလို သေနတ်ပြောင်းဝမီးပွင့်ဖြာထွက်မှုကို လျှော့ချထားတဲ့ အတွက် တစ်ဖက်ရန်သူက မိမိကို အလွယ်တကူခြေရာမခံနိုင်ဘူးလို့ဆိုပါတယ်။
AIW မောင်းပြန်ရိုင်ဖယ်ကို Project Hunter အစီအစဉ်အရ ကာကွယ်ရေးစစ်လက်နက်ပစ္စည်း/ထောက်ပံ့ ရေး ဌာန (Defence Equipment & Support – DE&S) က ဝယ်ယူခဲ့တာဖြစ်ပါတယ်။
လက်ရှိသုံးစွဲနေတဲ့ L85A3 မောင်းပြန်ရိုင်ဖယ်ကို ထပ်မံဖြည့်စွက်တဲ့အနေနဲ့ AIW မောင်းပြန်ရိုင်ဖယ်ကို မက်ေ ကော့စဖီးလ်အခြေစိုက် Edgar Brothers ကုမ္ပဏီက ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။
ဗြိတိန် ကြည်းတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ ရိန်းဂျားတပ်ရင်းဟာ AIW မောင်းပြန် ရိုင်ဖယ်တွေကို အခုနှစ်နှောင်းပိုင်းမှာ လက်ခံရရှိမှာဖြစ်ပါတယ်။
“Project Hunter ဟာ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနအတွက် လက်နက်ငယ်အသစ်ထုတ်မျိုးကို အောင်မြင် စွာ ထုတ်လုပ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။” လို့ စီမံချက်ထဲမှာပါဝင်ပတ်သက်တဲ့သူတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး ဂဲရစ်သ်ဒေဗီက ပြောပါတယ်။
“လက်ရှိအချိန်မှာတော့ ဗြိတိန် ကြည်းတပ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ (ASOB) အတွက် ဝယ်ယူသွားမှာဖြစ်ပါ တယ်။ အရေးအကြီးဆုံးကတော့ ဒီလက်နက်စနစ်ဟာ ASOB မှာ တပ်ဆင်ပြီးသားဖြစ်တဲ့ ညကြည့်ချိန်ခွက် တွေကို ပိုပြီးအဆင့်မြှင့်ထားတာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
L403A1 AIW မောင်းပြန်ရိုင်ဖယ်ဟာ ArmaLite Rifle (AR) မောင်းပြန်ရိုင်ဖယ်ကို အဆင့်မြှင့်တင်ထား တဲ့ရိုင် ဖယ်အမျိုးအစားဖြစ်ပါတယ်။
ဒီလက်နက်ဟာ AR မောင်းပြန်ရိုင်ဖယ်ပုံစံကို အခြေခံထုတ်လုပ်ထားတဲ့အတွက် ဗြိတိန်နိုင်ငံရဲ့ မဟာ မိတ်နိုင်ငံ အများအပြားမှာ ကိုင်တွယ်သုံးစွဲနေတဲ့ AR ရိုင်ဖယ်တွေရဲ့ပုံစံနဲ့ နေရာအတော်များများမှာ တူညီနေပါတယ်။
ကနဦးက စတာလင်ပေါင် ၁၅ သန်းဖိုးဖြစ်တဲ့ AIW မောင်းပြန်ရိုင်ဖယ်အလက်ရေ ၁၆၂၀ မှာယူထားပေမဲ့ နောက်ပိုင်းမှာ အလက်ရေ ၁၀၀၀၀ မှာယူခဲ့တဲ့အတွက် စုစုပေါင်းတန်ဖိုး ပေါင် သန်း ၉၀ ဝန်းကျင်ကျ သင့်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
Ref: British soldiers getting new assault rifle thanks to £90m deal
#PeopleMedia