ဗြိတိန်အမတ်လောင်းနှစ်ဦးဟာ တရုတ်သူလျှိုတွေဖြစ်နိုင်တယ်လို့ MI5 က ပြောတဲ့အတွက် အမတ်လောင်း အဖြစ်က ပြန်လည်ဖြုတ်ချထား
PUBLISHED - September 13, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၃
ဗြိတိန်ကွန်ဆာဗေးတစ်ပါတီက အမတ်လောင်းနှစ်ဦးဟာ တရုတ်သူလျှိုတွေဖြစ်နိုင်တယ်လို့ MI5 ပြည်တွင်းတန် ပြန်ထောက်လှမ်းရေးနဲ့ လုံခြုံရေးအဖွဲ့ကသတိပေးလာတဲ့အတွက် အဲဒီအမတ်လောင်းနှစ်ဦးကို ကွန်ဆာဗေးတစ် ပါတီရဲ့ အမတ်လောင်းတွေအဖြစ်က ဖြုတ်ထားခဲ့ပါတယ်။
တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးနေတယ်လို့ သံသယနဲ့ လွှတ်တော်သုတေသီတစ်ဦးကို ဖမ်းဆီးလိုက်ပြီး နောက် ဗြိတိန်လွှတ်တော်ထဲမှာ သူလျှိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဝန်ကြီးတွေဟာ မေးခွန်းတွေမေးမြန်းခံနေရ စဉ်အတွင်း အခုဖြစ်စဉ်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
အဲဒီလွှတ်တော်အမတ်နှစ်ဦးကို အမတ်လောင်းစာရင်းထဲမှာ ထည့်မထားသင့်ကြောင်း ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်မှာ MI5 ထောက်လှမ်းရေးအဖွဲ့က ကွန်ဆာဗေးတစ်ပါတီကို အကြံပြုခဲ့တယ်လို့ The Times သတင်းစာက ရေးသားထားပါတယ်။ “အဲဒီနှစ်ယောက်ဟာ အန္တရာယ်ရှိတယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။
နောက်ဆက်တွဲအနေ နဲ့ အဲဒီနှစ်ယောက်ကို လွှတ်တော်အမတ်လောင်းစာရင်းက ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ ဘာ့ကြောင့်ထုတ်ပယ် လိုက်တယ်ဆိုတာကိုတော့ သူတို့ကို မပြောပါဘူး။” လို့ အမည်မဖော်လိုတဲ့သတင်းရင်း မြစ်ကို ကိုးကားပြီး The Times သတင်းစာက ရေးသားပါတယ်။
“လွှတ်တော်အမတ်လောင်းတွေရဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့သတင်းအ ချက်အလက်တွေ လက်ခံရရှိလိုက်တဲ့အချိန်မှာ အကြံပြုထားတဲ့အတိုင်းပဲ ကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်။” လို့ ကွန်ဆာဗေးတစ်ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
တရားဝင်လျှို့ဝှက်အက်ဥပဒေအရ ရုံးအဖွဲ့ဝင်တစ်ဦးဖမ်းဆီးခံရပြီးနောက် အခုပြောဆိုမှုတွေဟာ ဗြိတိန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဆွေးနွေးငြင်းခုန်မှုတွေအပေါ် ထပ်မံအရှိန်မြင့်တက်စေပါတယ်။
တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးမှုနဲ့ ဗြိတိန်နိုင်ငံသားတစ်ဦးကို တခြားအမျိုးသားတစ်ဦးနဲ့အတူ မတ်လ ၁၃ ရက်နေ့က လုံခြုံရေးအရာရှိတွေက ဖမ်းဆီးခဲ့ပြီး အဲဒီသတင်းကို Sunday Times သတင်းစာက ရေးသားခဲ့ပါ တယ်။
သူလျှိုမှုတွေကို ကြီးကြပ်နေတဲ့ မက်ထရိုပီလီတန်ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဌာနချုပ်က ရဲ အရာရှိတွေက အခုကိစ္စတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ အဖမ်းခံရသူထဲက အသက် ၃၀ အရွယ် အမျိုးသားကို မတ်လ ၁၃ ရက်နေ့က အောက်စဖို့ဒ်ရှိုင်းကောင်တီမှာ ဖမ်းမိခဲ့တာဖြစ်ပြီး အသက် ၂၀ အရွယ်အမျိုးသားကိုတော့ အီဒင်ဘာ့ဂျ်မှာ ဖမ်းမိခဲ့တာဖြစ်ကြောင်း စကော့တ လန်ယာ့ဒ်စုံထောက်အဖွဲ့က ပြောပါတယ်။
အဲဒီအမျိုးသားနှစ်ဦးစလုံးကို နိုင်ငံတော်ရဲ့ဘေးကင်းလုံခြုံမှုနဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ သတ်မှတ် ထားတဲ့ ပြစ်ဒဏ်ဖြစ်တဲ့ ၁၉၁၁ ခုနှစ် တရားဝင်လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၁ အရ ပြစ်မှုကျူးလွန်တယ်ဆိုတဲ့ သံသယမှုနဲ့ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ အဲဒီနှစ်ဦးစလုံးကို အောက်တိုဘာလအစောပိုင်းအထိ ခံဝန်နဲ့ လွှတ်ထားတယ်လို့ ဆိုပါတယ်။
Ref: MI5 warned Tories that MP candidates could be Chinese spies – report
#PeopleMedia