ဗြိတိန်၊ အီတလီ၊ ဂျပန်တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဆဋ္ဌမမြောက်မျိုးဆက်ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေး စီမံချက်မှာ ဆော်ဒီအာရေးဗီးယားပါဝင်လို
PUBLISHED - August 17, 2023
နိုင်ငံတကာ၊ သြဂုတ် ၁၇
ဗြိတိန်၊ အီတလီနဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ မျိုးဆက်သစ်ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေးစီမံ ချက်မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံက ပါဝင်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာတိုက်ခိုက်ရေးလေကြောင်းစီမံချက် (Global Combat Air Programme – GCAP) လို့ သိထားကြ တဲ့ ကနဦးစီမံချက်ဟာ ၂၀၃၅ ခုနှစ် မတိုင်ခင်မှာ ပြည်ပနိုင်ငံကိုတင်ပို့နိုင်တဲ့ ဆဋ္ဌမမြောက်မျိုးဆက်ဂျက်တိုက် လေယာဉ်ထုတ်လုပ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ GCAP စီမံချက်ကို နိုင်ငံလေးနိုင်ငံပူးပေါင်းဆောင်ရွက်တဲ့ စီမံချက်အဖြစ်ဆောင် ရွက်ဖို့ မေတ္တာရပ်ခံထားတဲ့စာတစ်စောင်ကို ဂျပန်အစိုးရထံကို ပေးပို့ခဲ့ပြီး ဇူလိုင်လအတွင်းက အဲဒီစီမံချက်ထဲမှာ ပါဝင်ခွင့်ရအောင် ကြိုးပမ်းခဲ့ကြောင်း ဗြိတိန်နဲ့ ဂျပန်နိုင်ငံက အရာရှိတွေက ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသက ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ ကာကွယ်ရေးကဏ္ဍအပါအဝင် နယ်ပယ်စုံမှာ မဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုတွေရှိနေတာကိုထောက်ရင် လက်ရှိဆောင်ရွက်နေတဲ့စီမံချက်မှာ ဆော်ဒီအာ ရေးဗီးယားကိုထည့်သွင်းသွားဖို့ ဆန္ဒရှိထားပြီးဖြစ်ကြောင်း ဗြိတိန်နိုင်ငံက ပြောပါတယ်။
“မျိုးဆက်သစ်ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေးစီမံချက်မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံကို အဓိကမိတ်ဖက်နိုင် ငံတစ်နိုင်ငံအဖြစ် ကျွန်တော်တို့ ရှုမြင်ထားပါတယ်။ တတ်နိုင်သမျှ ပိုမိုအားကောင်းတောင့်တင်းတဲ့စီမံချက်ဖြစ်ဖို့ သေချာအောင် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။” လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထိပ် တန်းအရာရှိတစ်ဦးက နစ်ကီအေးရှ သတင်းဌာနကို ပြောပါတယ်။
ဆော်ဒီအာရေးဗီးယားကို စီမံချက်ထဲပါဝင်ခွင့်ပြုခဲ့ရင် ဒေါ်လာဘီလျံပေါင်းများစွာကုန်ကျမယ့် အဲဒီစီမံချက်ထဲကို ဆော်ဒီအာရေးဗီးယားနိုင်ငံက ပမာဏကြီးမားတဲ့ဘဏ္ဍာရေးထောက်ပံ့မှုတွေ ထည့်ဝင်သွားမှာဖြစ်ကြောင်း ကတိ ပြုထားပါတယ်။
ဒါ့အပြင် ဆော်ဒီအာရေးဗီးယားကို ပါဝင်ခွင့်ပြုလိုက်ရင် စီမံချက်အဆင့်အသီးသီးအတွက် အင်ဂျင်နီယာကျွမ်း ကျင်မှုတွေကိုလည်း ဆော်ဒီအာရေးဗီးယားက ထောက်ပံ့သွားမှာဖြစ်ကြောင်း သိရပါတယ်။
ဒါပေမဲ့ ဗြိတိန်၊ အီတလီတို့နဲ့မတူတာက GCAP စီမံချက်ထဲမှာ ဆော်ဒီအာရေးဗီးယားပါဝင်လာမှာကို ဂျပန်နိုင်ငံ က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်နေတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေးအတွက် ၎င်းတို့ရဲ့ဆယ်စုနှစ်များစွာကြာမြင့်တဲ့ လက်နက် တင်ပို့မှုပိတ်ဆို့ထားတာကို ပြန်လည်ပယ်ဖျက်ရမှာဖြစ်တဲ့အတွက် ဗြိတိန်နိုင်ငံနဲ့ အီတလီနိုင်ငံတို့လို မိတ်ဖက်နိုင် ငံအဖြစ်ပါဝင်ခွင့်ပြုဖို့ မလွယ်ကူဘူးလို့ဆိုပါတယ်။
ဘယ်နိုင်ငံတွေကို လေယာဉ်ဝယ်ယူခွင့်ပြုမယ်ဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေဟာ ဆော်ဒီအာရေးဗီးယား အစိုးရကကြောင့် ရှုပ်ထွေးစေမှာဖြစ်ကြောင်း ဂျပန်အရာရှိတွေက ပြောပါတယ်။
ဒါ့အပြင် စီမံချက်ရဲ့လက်ရှိအဆင့်ရောက်မှ နောက်ထပ်အဖွဲ့ဝင်နိုင်ငံအသစ်ထပ်မံခွင့်ပြုလိုက်တာဟာ ဂျက်တိုက် လေယာဉ်တွေထုတ်လုပ်မှုကို နှောင့်နှေးကြန့်ကြာစေမှာဖြစ်ကြောင်း ဂျပန်နို်င်ငံက ယုံကြည်ထားပါတယ်။
ဘဏ္ဍာရေးအထောက်အကူအများအပြားထည့်ဝင်မယ်ဆိုပေမဲ့လည်း ဆော်ဒီအာရေးဗီးယားနိုင်ငံအနေနဲ့ ဘယ် လိုကြီးမားတဲ့နည်းပညာအထောက်အကူမျိုးကိုပေးနိုင်မှာလဲဆိုတာ သံသယရှိတယ်လို့ ဆိုပါတယ်။
ဥရောပတိုင်ဖွန်း ဂျက်တိုက်လေယာဉ်ပို့ဆောင်မှုနှောင့်နှေးကြန့်ကြာခြင်းကလည်း GCAP စီမံချက်ကို ပူးပေါင်းပါ ဝင်ဖို့ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ စိတ်ဝင်စားမှုကို ပိုမိုအရှိန်မြှင့်စေတယ်လို့ဆိုပါတယ်။
ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ တိုင်ဖွန်းဂျက်တိုက်လေယာဉ် ၇၂ စင်းရှိရာ အဲဒီလေယာဉ်အုပ်ထဲကို နောက်ထပ် တိုင်ဖွန်းဂျက်တိုက်လေယာဉ် ၄၈ စင်းထပ်မံဖြည့်တင်းနိုင်ရေးအတွက် ဆော်ဒီနဲ့ ဗြိတိန်နိုင်ငံတို့ လွန်ခဲ့တဲ့ငါးနှစ် အတွင်းက သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒါပေမဲ့ ဗြိတိန်အစိုးရက အရပ်သားတွေထိခိုက်သေကြေနိုင်မှုအတွက် ဆန်းစစ်လေ့လာခြင်းလုပ်ဖို့ ပျက်ကွက်ခဲ့ တဲ့အတွက် ဗြိတိန်အစိုးရဟာ ၂၀၁၉ ခုနှစ်မှာ ဆော်ဒီကိုလက်နက်ရောင်းချဖို့ ဆိုင်းငံ့ခဲ့ပါတယ်။
Ref: Saudi Arabia Wants to Join UK, Japan, Italy Fighter Jet Program
#PeopleMedia