
PUBLISHED - December 5, 2019
(Unicode)
ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်၏ မြန်မာနိုင်ငံအလည်အပတ်ခရီးစဉ်ဟာ သမရိုးကျခရီးစဉ်ဟုဆို
……………………………………………………………
ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ရဲ့ မြန်မာနိုင်ငံအလည်အပတ်ခရီးစဉ်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အဗ္ဗဒူမိုမန်က ဒီဇင်ဘာ ၄ ရက်နေ့မှာ အကျဉ်းချုပ်ပြောကြားခဲ့ပါတယ်။
အခုခရီးစဉ်ဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံက စစ်ဘက်ဆိုင်ရာနဲ့ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ အတွက် တခြားနိုင်ငံတွေကို သွားရောက်လည်ပတ်မှုပုံစံအတိုင်းဖြစ်တယ်လို့ မိုမန်ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ဟာ အခုလအတွင်း နှစ်နိုင်ငံကြား အပြန်အလှန်လည်ပတ်မှုခရီးစဉ်အဖြစ် မြန်မာနိုင်ငံ ကို လာရောက်လည်ပတ်မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ရဲ့ မြန်မာနိုင်ငံ အလည်အပတ်ခရီးစဉ်ဟာ နှစ်နိုင်ငံကြား ဘင်္ဂါလီဒုက္ခသည်ပြသာနာကို ဖြေရှင်းဖို့အတွက် လမ်းသစ်ပွင့်စေမယ် လို့ ပြောကြားထားပါတယ်။
Ref; https://www.bssnews.net/
#PeopleMedia #International