ဘင်္ဂလားဒေ့ရှ်တက္ကသိုလ်က တက္ကသိုလ်ကျောင်းသူတစ်ဦးကို ဘင်္ဂါလီဖြစ်၍ ပညာသင်ကြားခွင့် ရပ်ဆိုင်း
PUBLISHED - September 9, 2019
ဘင်္ဂလားဒေ့ရှ်တက္ကသိုလ်တစ်ခုက ကျောင်းသားတစ်ယောက်ကို ဘင်္ဂါလီဖြစ်တဲ့အတွက် ကျောင်းက ရပ်ဆိုင်းလိုက်တယ်လို့ အစိုးရအရာရှိတစ်ဦးက စက်တင်ဘာ ၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ကော့ဘဇာ နိုင်ငံတကာတက္ကသိုလ်က အသက် ၂၀ အရွယ် ရာဟီမာ အက်တာကူရှီဆိုတဲ့ ကျောင်းသူဟာ ဘင်္ဂါလီမှတ်ပုံတင်ကို ကွယ်ဝှက်ပြီး ကျောင်းအပ်ခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြခဲ့တဲ့အပေါ်မှာ စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။
ဘင်္ဂါလီတွေဟာ ဒုက္ခသည်တွေဖြစ်တာကြောင့် ကျောင်းအပ်လက်မခံနိုင်ဘူးလို့ ကော့ဘ ဇာ နိုင်ငံတကာတက္ကသိုလ် ကျောင်းအုပ်က ပြောပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားတွေ တော့ သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်းတက်ရောက်ခွင့်ရှိတယ်လို့ ပြောပါတယ်။
ကျောင်းသူ ရာဟီမာဟာ ဘင်္ဂလာဒေ့ရှ် အထက်တန်းကျောင်းမှာ ကျောင်းပြီးထားတဲ့ အထာက်အထားနဲ့ တက္ကသိုလ်မှာ ကျောင်းတက်ခွင့် လျှောက်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Ref; CNA