
PUBLISHED - December 27, 2019
(Unicode)
ဘင်္ဂလားဒေ့ရှ်တွင် အအေးလှိုင်းဖြတ်၊ လူ ၅၀ သေဆုံး
…………………………………………
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုဝင်ဘာလက စတင်ပြီး အအေးလှိုင်းဖြတ်မှုကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကျန်းမာရေးဝန်ကြီးဌာနက သေဆုံးသူအရေအတွက်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ပြန် ခဲ့တာဖြစ်ပါတယ်။
သေဆုံးသူ ၁၇ ဦးဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကြောင့် နိုဝင်ဘာ ၁ ရက်နေ့က ဒီဇင်ဘာ ၂၅ ရက်အတွင်း သေဆုံးခဲ့တာဖြစ်ပြီး တစ်ချိန်ထဲမှာပဲ ၃၃ ဦးဟာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ တခြားရောဂါတွေ ကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနရဲ့ကြေညာချက်အရ အခုနှစ်နိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသမှာ အပူချိန်စံချိန် တင်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ်ရက်အနည်းငယ်အထိ ဆက်လက်အအေးလွန်ကဲဖို့ ရှိနေတယ်လို့လည်း ကြေညာထားပါတယ်။
#PeopleMedia