
PUBLISHED - January 4, 2020
Ref; cpj.org
(Unicode)
ဘင်္ဂလားဒေ့ရှ်ထိပ်တန်းဝန်ကြီးများ အဂတိလိုက်စားမှုအကြောင်း ေရးသားတဲ့ ဆွီဒင်သတင်းဝက်ဆိုက်အပိတ်ခံရ
………………………………………………….
ဘင်္ဂလားဒေ့ရှ်အစိုးရအာဏာပိုင်တွေဟာ ဝန်ကြီးများ အဂတိလိုက်စားမှုအကြောင်းရေးသားဖော်ပြတဲ့ ဆွီဒင် သတင်းဝက်ဆိုက်တစ်ခုကို ပိတ်လိုက်ပါတယ်။
ဆွီဒင်အခြေစိုက် Netra News ဟာ ဒီဇင်ဘာ ၂၆ ရက်နေ့က သတင်း၊ ဆောင်းပါး ၈ ပုဒ်ကို အင်္ဂလိပ်၊ ဘင်္ဂါလီ နှစ်ဘာသာနဲ့ ဖော်ပြခဲ့ပြီး သတင်းတစ်ပုဒ်မှာ ဘင်္ဂလားဒေ့ရှ် ထိပ်တန်းဝန်ကြီးတွေရဲ့ အဂတိလိုက်စားမှု အကြောင်း ရေးသားထားတာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့က စတင်ပြီး Netra News ဝက်ဆိုက်ကို ဘင်္ဂလားဒေ့ရှ်ကနေ ဝင်ရောက်ဖတ်ရှုလို့မရတော့ ဘူးလို့သိရပါတယ်။
Netra News ဝက်ဆိုက်ကို ပိတ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် စစ်ထောက်လှမ်းရေးအေဂျင်စီက ညွှန်ကြားချက် ထုတ်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိတွေကပြောပါတယ်။
Ref; cpj.org
#PeopleMedia #International