• Follow Us on
Latest News

Home ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၍ ဘင်္ဂါလီ ၂ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၍ ဘင်္ဂါလီ ၂ ဦးသေဆုံး

Share this post

မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ ဘင်္ဂါလီတွေနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကြားပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘင်္ဂါလီ ၂ ဦးသေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရအာဏာပိုင်တွေက စက်တင်ဘာ ၂၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့ မနက်အစောပိုင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မြစ်တစ်ခု ကိုလှေနဲ့ ဖြတ်သန်းလာတဲ့ ဘင်္ဂါလီလူတစ်စုဟာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ၀င်တွေနဲ့ တွေ့ဆုံခဲ့ပြီး လက်နက်ချခိုင်းရာမှာ လက်နက်နဲ့ ခုခံပစ်ခတ်ခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ နယ်ခြားတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

သေနတ်ဒဏ်ရာရရှိခဲ့သူနှစ်ဦးဟာ ဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပြီး ၄င်းတို့လိုက်ပါလာတဲ့ လှေပေါ်မှာ ရာဘ မူးယစ်ဆေးပြား ၇၀၀၀၀ သိမ်းဆည်းရမိခဲ့တယ်လို့ပြောပါတယ်။

အစိုးရလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုကြောင့် သေဆုံးတဲ့ ဘင်္ဂါလီအရေအတွက်ဟာ ၄၄ ဦးရှိလာခဲ့ပြီးဖြစ်ပြီး အားလုံးဟာ မူးယစ်ဆေးဝါး၊လူ၊လက်နက် မှောင်ခိုမှု၊လုယက်မှုတွေနဲ့ ပတ်သတ်ဆက်နွယ်နေတယ်လို့ ပြောပါတယ်။

ဘင်္ဂါလီဒုက္ခသည်တွေနဲ့ ပစ်ခတ်မှုတွေမှာ ရဲတပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအစိုးရအာဏာပိုင်တွေက ပြောပါတယ်။

Ref; Reuters


Share this post