ဘဂၤလားေဒ့ရွ္နိုင္ငံ၌ အျမန္ရထား ႏွင့္ ခရီးသည္တင္ဘတ္စ္ကားကို တိုက္မိရာ ၁၂ ဦး ေသဆုံးၿပီး ေျခာက္ဦး ဒဏ္ရာရ
PUBLISHED - December 21, 2020
နိုင္ငံတကာ၊ ဒီဇင္ဘာ ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ယမန္ေန႔က ဘဂၤလားေဒ့ရွ္နိုင္ငံတြင္ ရထားတစ္စင္းက ရထားသံလမ္းကူးဂိတ္တစ္ခု၌ ဘတ္စ္ကားတစ္ စင္းကို အရွိန္ႏွင့္ဝင္တိုက္မိရာ လူ ၁၂ ဦးထက္မနည္း ေသဆုံးခဲ့ၿပီး ေျခာက္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း မီဒီယာသ တင္းမ်ားက ဆိုသည္။
ပါဘာတီပူမွ ရတ္ဂ်္ဟာနီသို႔ေမာင္းႏွင္ေနသည့္ အျမန္ရထားတစ္စင္းက ဂ်ိဳင္ပူဟတ္ခရိုင္ရွိ ပူရာနာပြိဳင္ သံလမ္းကူးဂိတ္၌ ခရီးသည္တင္ဘတ္စ္ကားတစ္စင္းကို တိုက္မိခဲ့ျခင္းျဖစ္သည္။
ကနဦး စုံစမ္းစစ္ေဆးမႈအရ ရထားသံလမ္းကူးဂိတ္ကို ဖြင့္လွစ္ထားေသာ္လည္း တာဝန္က်ဝန္ထမ္း မရွိ ျခင္းေၾကာင့္ မေတာ္တဆမႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ခရိုင္ရဲတပ္ဖြဲ႕မႉး အလမ္ဂါဂ်ာဟန္က ေျပာသည္။
မေတာ္တဆမႈျဖစ္ရာေနရာ၌ အေလာင္းဆယ္ေလာင္း ေတြ႕ရွိခဲ့ၿပီး ရွစ္ဦးကို ကယ္ဆယ္ခဲ့ကာ ၄င္းတို႔အ နက္ ႏွစ္ဦးက ရရွိေသာဒဏ္ရာမ်ားေၾကာင့္ အစိုးရေဆး႐ုံတစ္ခု၌ ေသဆုံးခဲ့ေၾကာင္း ခရိုင္အုပ္ခ်ဳပ္ေရးမႉး ရွာရီဖူ အစၥလာမ္က ေျပာသည္။
ေသဆုံးသူ၊ ဒဏ္ရာရရွိသူမ်ားအားလုံးက ခရီးသည္တင္ဘတ္စ္ကားမွျဖစ္သည္။ ဘဂၤလားေဒ့ရွ္ မီးရထား လုပ္ငန္းက ျဖစ္ရပ္ကို စုံစမ္းစစ္ေဆးရန္ အဖြဲ႕ဝင္သုံးဦးပါ ေကာ္မတီတစ္ရပ္ ဖြဲ႕စည္းခဲ့သည္။
ေဘးအႏၲရာယ္ကင္းေရး စံႏႈန္းမ်ားညံ့ဖ်င္းမႈႏွင့္ ရထားလမ္းကူးဂိတ္မ်ား၌ ဝန္ထမ္းမ်ား၏ ေပါ့ဆမႈ ေၾကာင့္ ဘဂၤလားေဒ့ရွ္နိုင္ငံ၌ ယင္းသို႔ေသာျဖစ္ရပ္မ်ား မၾကာခဏ ျဖစ္ပြားေလ့ရွိသည္။
ကိုးကား – ေဒလီစတား
Ref; 12 killed, 6 injured as train hits bus in Bangladesh
(unicode)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အမြန်ရထား နှင့် ခရီးသည်တင်ဘတ်စ်ကားကို တိုက်မိရာ ၁၂ ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ
…………………………………………….
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ယမန်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရထားတစ်စင်းက ရထားသံလမ်းကူးဂိတ်တစ်ခု၌ ဘတ်စ်ကားတစ် စင်းကို အရှိန်နှင့်ဝင်တိုက်မိရာ လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီဒီယာသ တင်းများက ဆိုသည်။
ပါဘာတီပူမှ ရတ်ဂျ်ဟာနီသို့မောင်းနှင်နေသည့် အမြန်ရထားတစ်စင်းက ဂျိုင်ပူဟတ်ခရိုင်ရှိ ပူရာနာပွိုင် သံလမ်းကူးဂိတ်၌ ခရီးသည်တင်ဘတ်စ်ကားတစ်စင်းကို တိုက်မိခဲ့ခြင်းဖြစ်သည်။
ကနဦး စုံစမ်းစစ်ဆေးမှုအရ ရထားသံလမ်းကူးဂိတ်ကို ဖွင့်လှစ်ထားသော်လည်း တာဝန်ကျဝန်ထမ်း မရှိ ခြင်းကြောင့် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး အလမ်ဂါဂျာဟန်က ပြောသည်။
မတော်တဆမှုဖြစ်ရာနေရာ၌ အလောင်းဆယ်လောင်း တွေ့ရှိခဲ့ပြီး ရှစ်ဦးကို ကယ်ဆယ်ခဲ့ကာ ၄င်းတို့အ နက် နှစ်ဦးက ရရှိသောဒဏ်ရာများကြောင့် အစိုးရဆေးရုံတစ်ခု၌ သေဆုံးခဲ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ရှာရီဖူ အစ္စလာမ်က ပြောသည်။
သေဆုံးသူ၊ ဒဏ်ရာရရှိသူများအားလုံးက ခရီးသည်တင်ဘတ်စ်ကားမှဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် မီးရထား လုပ်ငန်းက ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင်သုံးဦးပါ ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။
ဘေးအန္တရာယ်ကင်းရေး စံနှုန်းများညံ့ဖျင်းမှုနှင့် ရထားလမ်းကူးဂိတ်များ၌ ဝန်ထမ်းများ၏ ပေါ့ဆမှု ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယင်းသို့သောဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ကိုးကား – ဒေလီစတား
Ref; 12 killed, 6 injured as train hits bus in Bangladesh