
PUBLISHED - January 8, 2020
ရမန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဦးဆုံးသမ္မတဖြစ်သလို နောက်ပိုင်းမှာ ၀န်ကြီးချုပ်အဖြစ် ၁၉၇၁ ခုနှစ်က ၄င်းလုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ၁၉၇၅ ခုနှစ်၊ သြဂုတ် ၁၅ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
Ref;bdnews
(Unicode)
ဘင်္ဂလားဒေ့ရှ်သို့ မလေးရှား၊ အိန္ဒိယနှင့် ကနေဒါဝန်ကြီးချုပ်များ အခုနှစ် လာရောက်လည်ပတ်မည်
…………………………………………………………
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခုနှစ်အတွင်း နိုင်ငံတကာအထင်ကရခေါင်းဆောင်တွေဖြစ်ကြတဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ မလေးရှားဝန်ကြီးချုပ် မဟာသီယာ ဘင်မိုဟာမက်နဲ့ ကနေဒါဝန်ကြီးချုပ် ထရူးဒေါ့တို့ လာရောက်လည် ပတ်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုမန်က ပြောပါတယ်။
နိုင်ငံတကာခေါင်းဆောင်သုံးဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဦးဆုံးသမ္မတအဖြစ်တာ ဝန်ထမ်းဆောင်ခဲ့သူ ဘင်္ဂါဘန်ဒူ ရှိတ်မူဂျီဘာရမန်ရဲ့ ရာစုနှစ်ပြည့်မွေးနေ့ပွဲအခမ်းအနားကို တက်ရောက်ဖို့အတွက် လာရောက်ကြမှာ ဖြစ်ပါတယ်။
ရမန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဦးဆုံးသမ္မတဖြစ်သလို နောက်ပိုင်းမှာ ဝန်ကြီးချုပ်အဖြစ် ၁၉၇၁ ခုနှစ်က ၄င်းလုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ၁၉၇၅ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
Ref;bdnews
#PeopleMedia #International