
PUBLISHED - January 4, 2020
(Unicode)
ဘင်္ဂလားဒေ့ရှ်ရေတပ် ရေငုပ်သင်္ဘောများ ထပ်မံဝယ်ယူရန် ပြင်ဆင်
…………………………………………………
ဘင်္ဂလားဒေ့ရှ်ရေတပ်ဟာ နောက်ထပ်ရေငုပ်သင်္ဘောတွေဝယ်ယူဖို့အတွက် လုပ်ဆောင်နေပြီလို့ ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးသတင်းဝက်ဆိုက်တစ်ခုက ဖော်ပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရေတပ်ဟာ ရေငုပ်သင်္ဘောအသစ်တွေထပ်မံရရှိဖို့ ဥရောပနိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြု လုပ်လျက်ရှိနေတယ်လို့ သိရပါတယ်။
ဥရောပနိုင်ငံတွေအပြင် တရုတ်နိုင်ငံလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ လက်ရှိမှာ တရုတ်နိုင်ငံက ရေငုပ်သင်္ဘောအဟောင်းနှစ်စီးကို ဝယ်ယူထားခဲ့ပြီးဖြစ်ပေမယ့် နောက်ထပ်ရေငုပ်သင်္ဘောသစ်တွေ ထပ်မံရရှိဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။
Ref; Bangladesh Defence & Security Analysis
#PeopleMedia #International
