
PUBLISHED - December 13, 2019
Ref; indianexpress.
(Unicode)
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးများ အိန္ဒိယခရီးစဉ်များ ဖျက်သိမ်း
………………………………………………
အိန္ဒိယလွှတ်တော်မှာ နိုင်ငံသားဥပဒေပြင်ဆင်ချက် အတည်ပြုခဲ့ပြီး နောက်တစ်နေ့မှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး နှစ်ဦးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးတို့ဟာ အိန္ဒိယခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးမိုမန်က အိန္ဒိယနိုင်ငံရဲ့ နိုင်ငံသားဥပဒေပြင်ဆင်ချက်ဟာ နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်စေမှာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့က ၁၄ ရက်နေ့အထိ အိန္ဒိယနိုင်ငံမှာ ကျင်းပဖို့ရှိနေတဲ့ ၆ ကြိမ်မြောက် Indian Ocean Dialogue ကိုတက်ရောက်ဖို့ ပျက်ကွက်ခဲ့တာက ပြည်တွင်းဘာသာရေးဆိုင်ရာ ဖိအားပေးမှုတွေကြောင့်လို့ သတင်းထွက်ပေါ်မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုခဲ့ပြီး ပြည်တွင်းအထိမ်းအမှတ်တွေ တက် ရောက်ဖို့အတွက် အိန္ဒိယခရီးစဉ်ကို ဖျက်သိမ်းရခြင်းဖြစ်တယ်လို့ ပြောပါတယ်။
Ref; indianexpress.
#PeopleMedia #International