ဘဂၤလားေဒ့႐ွ္-ျမန္မာနယ္စပ္တစ္ေလွ်ာက္တြင္ တ႐ုတ္လက္နက္ေမွာင္ခိုလုပ္ငန္း႐ွိေနဟု အိႏၵိယမီဒီယာေဖာ္ျပ

PUBLISHED - September 17, 2020
နယူးေဒလီ၊ စက္တင္ဘာ ၁၆
ဘဂၤလားေဒ့႐ွ္-ျမန္မာနယ္စပ္တစ္ေလွ်ာက္ အိႏၵိယအေ႐ွ႕ပိုင္းနယ္ေျမမ်ားတြင္ ပုန္ကန္ထႂကြမႈမ်ားကို မီးထိုးေပးေနၿပီး တ႐ုတ္ႏိုင္ငံကေနာက္ခံေပးထားသည့္ အဓိကလက္နက္တရားမ၀င္ကုန္ကူးသည့္ကြန္ရ က္တစ္ခု႐ွိေနေၾကာင္း ေပၚထြက္လာသည္။
ျမန္မာႏိုင္ငံမွေအေအတပ္ဖြဲ႔ထံေထာက္ပံ့မည့္ တ႐ုတ္ေခ်မႈန္းေရး႐ိုင္ဖယ္အလက္ ၅၀၀၊ ဘက္စံုသံုးစက္ေသနတ္အလက္ ၃၀၊ က်ည္အေတာင့္ ၇၀၀၀၀ ႏွင့္ လက္ပစ္ဗံုးအမ်ားအျပားကို တ႐ုတ္ႏိုင္ငံဘက္က လႊဲေျပာင္းေပးခဲ့သည္ဟု အိႏၵိယအေျခစိုက္ Economic Times(ET) ကေဖာ္ျပသည္။
အလားတူ ၀တပ္ဖြဲ႔(UWSA)သည္လည္း တ႐ုတ္ႏိုင္ငံမွလက္နက္မ်ားရရွိေနေၾကာင္း ထိုျဖစ္ရပ္မ်ားႏွင့္ရင္းႏွီးသူတစ္ေယာက္က ET ကိုေျပာသည္။ ျမန္မာႏိုင္ငံမွေသာင္းက်န္းသူ ၇ ဖြဲ႔ကို တ႐ုတ္ႏိုင္ငံက ေထာက္ပံ့ေနသည္ဟု သတင္းေဖာ္ျပမႈမ်ားလည္း႐ွိေနသည္။
ဘဂၤလားေဒ့႐ွ္နယ္စပ္ကိုခ်ိဳးေဖာက္ၿပီး ေအေအတပ္ဖြဲ႔ထံ လႊဲေျပာင္းေပးသည့္လက္နက္မ်ားေရာက္႐ွိသည္။
လက္နက္မ်ားကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွ မိုနာခါလီကမ္းေျခတြင္ ကုန္ခ်သည္ဟု ယံုၾကည္ရေသာ သတင္းရင္းျမစ္မ်ားက ET ကိုေျပာသည္။
ေအေအသည္ အိႏၵိယေက်ာေထာက္ေနာက္ခံေပးထားသည့္ ကုလားတန္ဘက္စံုစီမံကိန္းကို တ႐ုတ္ႏိုင္ငံကိုယ္စား ပစ္မွတ္ထားေနသည္ဟု ေဒသတြင္းတ႐ုတ္ႏိုင္ငံ၏လႈပ္႐ွားမႈမ်ားကိုေ စာင့္ၾကည့္ေနသူမ်ားက ET ကိုေျပာသည္။
လက္နက္အျပင္ ၀တ္စံုႏွင့္ခဲယမ္းအတြက္ ေထာက္ပံ့ေငြ ၉၅ ရာခိုင္ႏႈန္းကို တ႐ုတ္ႏိုင္ငံက ေအေအကိုေပးေနေၾကာင္း အေ႐ွ႕ေတာင္အာ႐ွမွျဖစ္ရပ္မ်ားကိုေလ့လာသည့္ကာကြယ္ေရး ကၽြမ္းက်င္သူတစ္ေယာက္က ေျပာသည္။
အာဆာအဖြဲ႔အျပင္ ေအေအကို တ႐ုတ္လုပ္လက္နက္မ်ားေထာက္ပံ့ေပးေနသည့္ တ႐ုတ္-ပါကစၥတန္ပူးေပါင္းအဖြဲ႔တစ္ဖြဲ႔ကိုလည္း ျမန္မာတပ္မေတာ္က ႐ွာေဖြေတြ႕႐ွိခဲ့ေၾကာင္း ET ကေဖာ္ျပသည္။
Ref : China’s arms smuggling racket along Bangladesh-Myanmar border
(unicode)
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တစ်လျှောက်တွင် တရုတ်လက်နက်မှောင်ခိုလုပ်ငန်းရှိနေဟု အိန္ဒိယမီဒီယာဖော်ပြ
…………………………………………………
နယူးဒေလီ၊ စက်တင်ဘာ ၁၆
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တစ်လျှောက် အိန္ဒိယအရှေ့ပိုင်းနယ်မြေများတွင် ပုန်ကန်ထကြွမှုများကို မီးထိုးပေးနေပြီး တရုတ်နိုင်ငံကနောက်ခံပေးထားသည့် အဓိကလက်နက်တရားမဝင်ကုန်ကူးသည့်ကွန်ရ က်တစ်ခုရှိနေကြောင်း ပေါ်ထွက်လာသည်။
မြန်မာနိုင်ငံမှအေအေတပ်ဖွဲ့ထံထောက်ပံ့မည့် တရုတ်ချေမှုန်းရေးရိုင်ဖယ်အလက် ၅၀၀၊ ဘက်စုံသုံးစက်သေနတ်အလက် ၃၀၊ ကျည်အတောင့် ၇၀၀၀၀ နှင့် လက်ပစ်ဗုံးအများအပြားကို တရုတ်နိုင်ငံဘက်က လွှဲပြောင်းပေးခဲ့သည်ဟု အိန္ဒိယအခြေစိုက် Economic Times(ET) ကဖော်ပြသည်။
အလားတူ ဝတပ်ဖွဲ့(UWSA)သည်လည်း တရုတ်နိုင်ငံမှလက်နက်များရရှိနေကြောင်း ထိုဖြစ်ရပ်များနှင့်ရင်းနှီးသူတစ်ယောက်က ET ကိုပြောသည်။ မြန်မာနိုင်ငံမှသောင်းကျန်းသူ ၇ ဖွဲ့ကို တရုတ်နိုင်ငံက ထောက်ပံ့နေသည်ဟု သတင်းဖော်ပြမှုများလည်းရှိနေသည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုချိုးဖောက်ပြီး အေအေတပ်ဖွဲ့ထံ လွှဲပြောင်းပေးသည့်လက်နက်များရောက်ရှိသည်။
လက်နက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မိုနာခါလီကမ်းခြေတွင် ကုန်ချသည်ဟု ယုံကြည်ရသော သတင်းရင်းမြစ်များက ET ကိုပြောသည်။
အေအေသည် အိန္ဒိယကျောထောက်နောက်ခံပေးထားသည့် ကုလားတန်ဘက်စုံစီမံကိန်းကို တရုတ်နိုင်ငံကိုယ်စား ပစ်မှတ်ထားနေသည်ဟု ဒေသတွင်းတရုတ်နိုင်ငံ၏လှုပ်ရှားမှုများကို ေစာင့်ကြည့်နေသူများက ET ကိုပြောသည်။
လက်နက်အပြင် ဝတ်စုံနှင့်ခဲယမ်းအတွက် ထောက်ပံ့ငွေ ၉၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက အေအေကိုပေးနေကြောင်း အရှေ့တောင်အာရှမှဖြစ်ရပ်များကိုလေ့လာသည့်ကာကွယ်ရေး ကျွမ်းကျင်သူတစ်ယောက်က ပြောသည်။
အာဆာအဖွဲ့အပြင် အေအေကို တရုတ်လုပ်လက်နက်များထောက်ပံ့ပေးနေသည့် တရုတ်-ပါကစ္စတန်ပူးပေါင်းအဖွဲ့တစ်ဖွဲ့ကိုလည်း မြန်မာတပ်မတော်က ရှာဖွေတွေ့ရှိခဲ့ကြောင်း ET ကဖော်ပြသည်။
Ref : China’s arms smuggling racket along Bangladesh-Myanmar border