
PUBLISHED - December 10, 2019
Ref; thestatesman.com
(Unicode)
ဘင်္ဂါလီမူဆလင်များကို အိန္ဒိယနိုင်ငံသားအဖြစ် ဘယ်တော့မှလက်မခံဟု အိန္ဒိယပြည်ထဲရေးဝန်ကြီး အတိအလင်းပြောကြား
………………………………………………………………
အိန္ဒိယလွှတ်တော်မှာ တနင်္လာနေ့က နိုင်ငံသားပြုမှုဥပဒေပြင်ဆင်ချက်ကို ဆွေးနွေးခဲ့ရာမှာ ပြည်ထဲရေးဝန်ကြီး အာမစ်ရှာက မြန်မာနိုင်ငံက ဘင်္ဂါလီမူဆလင်တွေကို အိန္ဒိယနိုင်ငံသားအဖြစ် ဘယ်တော့မှ လက်ခံမှာ မဟုတ် ကြောင်း အတိအလင်းပြောကြားလိုက်ပါတယ်။
“ဘင်္ဂါလီမူဆလင်တွေကို အိန္ဒိယနိုင်ငံသားအဖြစ် ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး။ သူတို့ကို ဘင်္ဂလား ဒေ့ရှ်က အိန္ဒိယနိုင်ငံကို ဝင်ရောက်လာကြတာပါ။ သူတို့က မြန်မာကလာတာပါ” လို့ ရှာက ပြောပါတယ်။
နိုင်ငံသားပြုမှုဥပဒေပြင်ဆင်ချက် မူကြမ်းမှာ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ရောက်ရှိလာတဲ့ မူဆလင်မဟုတ်တဲ့ ဒုက္ခသည်တွေကိုတော့ နိုင်ငံသားခံယူခွင့်ပြုထားပါတယ်။
Ref; thestatesman.com
#PeopleMedia #International
(ပြည်တွင်းပြည်ပ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးစသည့် သတင်းများ အသစ်တင်တိုင်း သိရှိရန် PeopleMedia သတင်းဌာန Page ကို like လုပ်ဖို့ မေတ္တာရပ်ခံပါတယ်)