ဘင်္ဂါလီများကိုပြန်ခေါ်ရန် ကတိတည်ရေး ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး တောင်းဆို

PUBLISHED - January 4, 2021
ဒါကာ၊ ဇန်နဝါရီ ၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
နေရပ်စွန့်ခွာထွက်ပြေးလာသည့်ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အစောဆုံး ပြန်ခေါ်မည်ဆိုသည့် ကတိကဝတ်ကိုတည်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက နောက်တကြိမ်တောင်းဆိုသည်။
နှစ်သစ်ကူးဆုတောင်းအဖြစ် မြန်မာနိုင်ငံ၏နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေထံ ဇန်နဝါရီ ၁ ရက်၌ ပေးပို့သည့်စာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အဗ္ဗဒူ မိုမန်ကထည့်သွင်းပြော ဆိုခြင်းဖြစ်သည်။
စာပေးပို့သည့်အကြောင်းကို တနင်္ဂနွေနေ့တွင် ဒေါက်တာ မိုမန်က နိုင်ငံခြားရေးဝန်ကြီးရုံး၌ သတင်းထောက်များ ကိုပြောပြသည်။
နေရပ်ပြန်ခွင့်ရရန် ဘင်္ဂါလီ ၆ သိန်းခန့်၏စာရင်းများကို မြန်မာအစိုးရထံ ဘင်္ဂလားဒေ့ရှ်အစိုးရက အဆင့်ဆင့်ပို့ ပေးခဲ့ကြောင်းနှင့် ၂၈၀၀၀ ကိုသာပြန်ခေါ်ရန် မြန်မာဘက်က လမ်းကြောင်းရှင်းလင်းပေးထားပြီး လုပ်ငန်း စဉ်နှေးကွေးနေကြောင်းလည်း သူကပြောသည်။
၂၀၁၇ ခုနှစ်က ဘင်္ဂါလီ ၇ သိန်းကျော်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထွက်ပြေးလာသည့်ဘင်္ဂါလီ ၁၁ သိန်းကျော်ရှိပြီး ထိုထဲမှ တယောက်မှ တရားဝင်လမ်းကြောင်းဖြင့်ပြန်လာခြင်း မရှိသေးဘဲ မိမိသဘောအရ ပြန်လာသူ ရာချီရှိနေသည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းရှိ ကော့က်စ်ဘဇားခရိုင်မှဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီများ ပြွတ်သိပ်နေသဖြင့် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ လူသူကင်းဝေးသည့်ဘာရှန်ချားကျွန်းပေါ်သို့ ဘင်္ဂါလီ ၁ သိန်းကျော်ရွှေ့ပြောင်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ထားပြီး ဒီဇင်ဘာလအတွင်း ၃၇၅၅ ယောက်ကို ရွှေ့ပြောင်းထားသည်။
ရွှေ့ပြောင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူ့အခွင့်အရေးအဖွဲ့များနှင့် ကုလသမဂ္ဂတို့ကလည်း ဝေဖန်နေ ကြသည်။
Ref : Bangladesh asks Myanmar to keep pledges to take back Rohingyas
#PeopleMedia
(unicode)
……………………………………………………
Ref : Bangladesh asks Myanmar to keep pledges to take back Rohingyas
#PeopleMedia