
PUBLISHED - November 28, 2019
Ref;AFP
[Unicode]
ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ်မှုသာဓကအဖြစ် ဖော်ပြနေသော ဓာတ်ပုံမှားယွင်းကြောင်း AFP သတင်းဌာန ဖော်ပြ
………………………………………………………………
ရခိုင်မှာ ဘင်္ဂ ါလီတွေကို လူမျိုးတုံးသတ်ဖြတ်မှုရဲ့ သက်သေအထောက်အထားတစ်ခုအနေနဲ့ Facebook, ဘလော့ဂ် Page နဲ့ သတင်း၀က်ဆိုက်အတော်များများမှာ ဖော်ပြခဲ့ကြတဲ့ ဓာတ်ပုံဟာ မှားယွင်းနေကြောင်း AFP သတင်းဌာနက နို၀င်ဘာ ၂၈ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
အခုဓာတ်ပုံကို Facebook ပေါ်မှာ ၂၀၁၉ ခုနှစ် နို၀င်ဘာ ၂၃ ရက်နေ့က ဖော်ပြခဲ့ရာမှာလည်း Share လုပ်သူ ၈၇၀ ကျော်ခဲ့တယ်လို့ ဆိုပါတယ်။
ဖော်ပြပါဓာတ်ပုံကို တူရကီ၊ ထိုင်းနဲ့ မလေးရှားဘာသာစကားနဲ့ ဖော်ပြတဲ့ ဘလော့ဂ်တွေမှာလည်း ဘင်္ဂ ါလီ မူဆလင် ၁ ဦးကို မြန်မာလုံခြုံရေးတပ်ဖွဲ့၀င်တွေက တိုက်ခိုက်နေပုံအဖြစ်ဖော်ပြခဲ့ကြပါတယ်။
အခုဖော်ပြချက်တွေဟာ မှားယွင်းနေပြီး အဆိုပါဓာတ်ပုံဟာ ရန်ကုန်မြို့အနီးပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆန္ဒပြမှုတစ်ခုအတွင်း ၂၀၁၅ ခုနှစ် မတ်လက ရိုက်ကူးထားတဲ့ ဓာတ်ပုံသာဖြစ်တယ်လို့ AFP က ဖော်ပြခဲ့ပါတယ်။
Ref;AFP