• Follow Us on
Latest News

Home ဘဂၤါလီမ်ားကို ႀကိမ္ဒဏ္ေပးမည့္ မေလး႐ွားတရား႐ံုးဆံုးျဖတ္ခ်က္ ပယ္ ဖ်က္

ဘဂၤါလီမ်ားကို ႀကိမ္ဒဏ္ေပးမည့္ မေလး႐ွားတရား႐ံုးဆံုးျဖတ္ခ်က္ ပယ္ ဖ်က္

Share this post

ကြာလာလမ္ပူ၊ ဇူလိုင္ ၂၃

မေလး႐ွားႏိုင္ငံသို႔ေလွျဖင့္၀င္ေရာက္ခဲ့သည့္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပထား) ၂၇ ေယာက္ကို တရားမ၀င္၀င္ေရာက္ ခဲ့သည္ဟုဆိုကာ ႀကိမ္ဒဏ္ေပးမည့္ဆံုးျဖတ္ခ်က္ကို ဗုဒၶဟူးေန႔တြင္ မေလး႐ွားတရားသူႀကီးတစ္ေယာက္ကေျပာင္းလဲခဲ့ၿပီး လူမဆန္ေသာဆံုးျဖတ္ခ်က္ဟု ျပင္းျပင္းထန္ထန္ေ၀ဖန္ခဲ့သည္။

တက္ႂကြလႈပ္႐ွားသူမ်ားက ေ၀ဖန္ၿပီးေနာက္ အမိန္႔ေျပာင္းလဲလိုက္ျခင္းျဖစ္သည္။ ဧၿပီလတြင္ ထိုလူမ်ား မေလး႐ွားႏိုင္ငံသို႔ ေလွျဖင့္ေရာက္လာခဲ့ၿပီး သူတို႔ကို အက်ဥ္းခ်ကာ တစ္ေယာက္လွ်င္ ႀကိမ္ဒဏ္ ၃ ခ်က္စီက်ခံရရန္ဆံုးျဖတ္ခဲ့သည္။

ျမန္မာႏိုင္ငံမွ ဘဂၤလားေဒ့႐ွ္သို႔ထြက္ေျပးသည့္ဘဂၤါလီမ်ားထဲမွတခ်ိဳ႕သည္ မေလး႐ွားႏိုင္ငံသို႔လည္း ေလွျဖင့္ထြက္ေျပးမႈမ်ား႐ွိ ေနၿပီး ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါစတင္ၿပီးေနာက္ပိုင္း ေလွျဖင့္ထြက္ေျပးလာသည့္ဘဂၤါလီမ်ားကို လက္ခံေလ့႐ွိသည့္ ႏိုင္ငံမ်ားက သူတို႔ေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မည္ကိုစိုးရိမ္သျဖင့္ ျပည္၀င္ခြင့္မေပးဘဲ႐ွိေနသည္။

ႀကိမ္ဒဏ္ေပးမည့္ဆံုးျဖတ္ခ်က္သည္ အ႐ိုင္းအစိုင္းဆန္သည့္လုပ္ရပ္ျဖစ္သည္ဟု ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ႏွင့္ လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႔တို႕က႐ွဳတ္ခ်ေျပာဆိုၿပီးေနာက္ ယခုကဲ့သို႔ဆံုးျဖတ္ခ်က္ျပင္ဆင္ျခင္းျဖစ္သည္။

Ref : Malaysia judge drops Rohingya caning after outcry

#PeopleMedia

(unicode)
ဘင်္ဂါလီများကို ကြိမ်ဒဏ်ပေးမည့် မလေးရှားတရားရုံးဆုံးဖြတ်ချက် ပယ် ဖျက်
…………………………………………………

ကွာလာလမ်ပူ၊ ဇူလိုင် ၂၃

မလေးရှားနိုင်ငံသို့လှေဖြင့်ဝင်ရောက်ခဲ့သည့် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) ၂၇ ယောက်ကို တရားမဝင်ဝင်ရောက် ခဲ့သည်ဟုဆိုကာ ကြိမ်ဒဏ်ပေးမည့်ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့တွင် မလေးရှားတရားသူကြီးတစ်ယောက်ကပြောင်းလဲခဲ့ပြီး လူမဆန်သောဆုံးဖြတ်ချက်ဟု ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

တက်ကြွလှုပ်ရှားသူများက ဝေဖန်ပြီးနောက် အမိန့်ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ ဧပြီလတွင် ထိုလူများ မလေးရှားနိုင်ငံသို့ လှေဖြင့်ရောက်လာခဲ့ပြီး သူတို့ကို အကျဉ်းချကာ တစ်ယောက်လျှင် ကြိမ်ဒဏ် ၃ ချက်စီကျခံရရန်ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသည့်ဘင်္ဂါလီများထဲမှတချို့သည် မလေးရှားနိုင်ငံသို့လည်း လှေဖြင့်ထွက်ပြေးမှုများရှိ နေပြီး ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါစတင်ပြီးနောက်ပိုင်း လှေဖြင့်ထွက်ပြေးလာသည့်ဘင်္ဂါလီများကို လက်ခံလေ့ရှိသည့် နိုင်ငံများက သူတို့ကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မည်ကိုစိုးရိမ်သဖြင့် ပြည်ဝင်ခွင့်မပေးဘဲရှိနေသည်။

ကြိမ်ဒဏ်ပေးမည့်ဆုံးဖြတ်ချက်သည် အရိုင်းအစိုင်းဆန်သည့်လုပ်ရပ်ဖြစ်သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တို့ကရှုတ်ချပြောဆိုပြီးနောက် ယခုကဲ့သို့ဆုံးဖြတ်ချက်ပြင်ဆင်ခြင်းဖြစ်သည်။

Ref : Malaysia judge drops Rohingya caning after outcry

#PeopleMedia


Share this post