ဘင်္ဂါလီများရက်စက်စွာ လူမျိုးတုန်းသတ်ဖြတ်ခံရခြင်းရှိ၊ မရှိ ဘိုင်ဒန်သုံးသပ်မည်

PUBLISHED - January 20, 2021
ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
လာမည့်အမေရိကန်အစိုးရသည် မြန်မာနိုင်ငံတွင် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)လူနည်းစုများ ရက် စက်မှုများကြုံတွေ့ခဲ့ရခြင်းသည် လူမျိုးတုန်းသတ်ဖြတ်မှုမြောက်၊ မမြောက်ဆုံးဖြတ်ရန် အစိုးရအေဂျင်စီ များကြား ပြန်လည်သုံးသပ်မှုပြုလုပ်သွားမည်ဟု သမ္မတ ဂျိုး ဘိုင်ဒန်၏နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးကောက်ခံထားရသည့် အန်တိုနီ ဘလင်ကန်က အင်္ဂါနေ့တွင်ပြောသည်။
အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီရှေ့မှောက်တွင် ဝန်ကြီးအဖြစ်အတည်ပြုကြောင်း ကြား နာမှုအတွင်း ပြောခြင်းဖြစ်သည်။
အတည်ပြုပါက ထိုလုပ်ငန်းစဉ်ကို သူကြီးကြပ်ရမည်ဖြစ်ကြောင်းလည်းပြောသည်။
၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဘင်္ဂါလီဒုက္ခသည် ၇ သိန်းခွဲကျော်ထွက်ပြေးခဲ့ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့၏အချက်အလက်များအရသိရသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်မှစတင်ကာ မြန်မာအစိုးရတပ်ဖွဲ့များက ဘင်္ဂါလီ ၂၄၀၀၀ နီးပါးကိုသတ်ဖြတ်ခဲ့ကြောင်း အွန်တာရီယိုနိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ(OIDA)၏အစီရင်ခံစာတရပ်အရသိရသည်။
ယနေ့ဗုဒ္ဓဟူးနေ့တွင် ဘိုင်ဒန် တရားဝင်ကျမ်းကျိန်ပြီးနောက် အထက်လွှတ်တော်က ဘလင်ကန်ကို နိုင်ငံခြား ရေးဝန်ကြီးအဖြစ်အတည်ပြုနိုင်ချေရှိသည်။
Ref : Biden to review whether Rohingya persecution genocide
#PeopleMedia
(unicode)
…………………………………………..
Ref : Biden to review whether Rohingya persecution genocide
#PeopleMedia