ဘဂၤါလီမ်ားေတြ႕ႀကံဳရသည့္ျဖစ္ရပ္မ်ားကို လူမ်ိဳးတုန္းသတ္ျဖတ္မႈအျဖစ္ သတ္မွတ္ရန္ အေမရိကန္ႏိုင္ငံျခားေရး ၀န္ႀကီးထံ အဖြဲ႕ ၅၀ ေက်ာ္ အသ နားခံစာတင္

PUBLISHED - July 17, 2020
ဝါ႐ွင္တန္ဒီစီ၊ ဇူလိုင္ ၁၇
ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုသံုး)မ်ားအေပၚ လူမဆန္စြာက်ဴးလြန္မႈမ်ားသည္ လူမ်ိဳးတုန္းသတ္ျဖတ္မႈျဖစ္ ေၾကာင္း သတ္မွတ္ေပးရန္ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးမိုက္ပြန္ပီယိုကို NGO ႏွင့္ လူ႔အခြင့္အေရးအဖြဲ႕ စုစုေပါင္း ၅၀ ေက်ာ္က ေတာင္းဆိုလိုက္သည္ဟု ဒုကၡသည္မ်ားဆိုင္ရာ ႏိုင္ငံတကာအဖြဲ႕ Refugees Inter national က ေျပာသည္။
လူမ်ိဳးတုန္းသတ္ျဖတ္မႈႏွင့္ လူသားမ်ိဳးႏြယ္ကိုဆန္႔က်င္သည့္မႈခင္းမ်ားျဖစ္သည့္အေထာက္အထားမ်ား ႐ွင္းလင္း သိသာေနၿပီး လံုေလာက္သည္ထက္ပိုေနေၾကာင္း၊ လူမ်ိဳးတုန္းသတ္ျဖတ္မႈဟု သတ္မွတ္သံုးႏႈန္းပါက ရက္စက္ စြာ ဆက္ဆံမႈအေရး ျမန္မာႏိုင္ငံကို တာ၀န္ခံခိုင္းသည့္လုပ္ရပ္ႏွင့္ ေနာက္ထပ္ရက္စက္မႈမ်ားထပ္ျဖစ္မလာရန္ ကာကြယ္ရာတြင္ အေမရိကန္က ကမာၻကိုဦးေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း Refugees International ၏ CALL IT GENOCIDE: ACT FOR THE ROHINGYA ဟုအမည္တပ္ထားသည့္ထုတ္ျပန္ခ်က္တြင္ ပါ၀င္သည္။
လူမ်ိဳးတုန္းသတ္ျဖတ္မႈႏွင့္ လူသားမ်ိဳးႏြယ္ကိုဆန္႔က်င္သည့္မႈခင္းမ်ားဟု အေမရိကန္ကသံုးႏႈန္းပါက ႏိုင္ငံတ ကာ၏တာ၀န္ခံခိုင္းသည့္လုပ္ရပ္မ်ားကို အ႐ွိန္ႁမွင့္တင္ရန္ တြန္းအားေပးသည့္အျပင္ ဘဂၤါလီႏွင့္ အျခားတိုင္း ရင္းသားမ်ားကို ဆက္လက္ပစ္မွတ္ထားေနသည့္ စစ္တပ္ႏွင့္ ျမန္မာအစိုးရတို႔ကို ႏိုင္ငံတကာက ေစ့ေစ့စပ္စပ္ စစ္ေဆးႏိုင္ရန္ ရည္႐ြယ္သည္ဟုလည္း ပါ၀င္သည္။
သံုးႏႈန္းပါက ဘဂၤလားေဒ့႐ွ္ႏွင့္ဒုကၡသည္မ်ားကို လက္ခံေနသည့္အျခားႏိုင္ငံမ်ားႏွင့္စည္းလံုးညီၫြတ္ေၾကာင္း ေဖာ္ျပေနမည္ျဖစ္ၿပီး အေျခအေနေပးပါက လံုၿခံဳစိတ္ခ်ရၿပီး စိတ္ဆႏၵပါပါေနရပ္ျပန္ႏိုင္သည့္အေျခအေနမ်ား ဖန္တီးေပးရန္ႏွင့္ တာ၀န္ခံမႈ႐ွိသည့္လုပ္ရပ္အျဖစ္ သတ္မွတ္ေပးရန္ အေမရိကန္က ကတိက၀တ္ျပဳသည္ဟု အခ်က္ျပရာေရာက္မည္ဟုလည္း ေျပာသည္။ အေရးမလုပ္ပါက ဘဂၤါလီမ်ားေနရပ္ျပန္ႏိုင္ေရးေမွ်ာ္လင့္ခ်က္ ကင္းမဲ့သြားႏိုင္ေၾကာင္းလည္း ပါ၀င္သည္။
ၾသဂုတ္ ၂၅ ရက္တြင္ ယခုအသနားခံစာကို အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဆီ ေပးပို႔မည္ျဖစ္သည္။
Ref : MYANMAR 58 ORGANIZATIONS PUSH SECRETARY POMPEO TO MAKE A GENOCIDE DETERMINATION
(unicode)
ဘင်္ဂါလီများတွေ့ကြုံရသည့်ဖြစ်ရပ်များကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ရန် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးထံ အဖွဲ့ ၅၀ ကျော် အသ နားခံစာတင်
………………………………………………………
ဝါရှင်တန်ဒီစီ၊ ဇူလိုင် ၁၇
ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုသုံး)များအပေါ် လူမဆန်စွာကျူးလွန်မှုများသည် လူမျိုးတုန်းသတ်ဖြတ်မှုဖြစ် ကြောင်း သတ်မှတ်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယိုကို NGO နှင့် လူ့အခွင့်အရေးအဖွဲ့ စုစုပေါင်း ၅၀ ကျော်က တောင်းဆိုလိုက်သည်ဟု ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာအဖွဲ့ Refugees Inter national က ပြောသည်။
လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်ကိုဆန့်ကျင်သည့်မှုခင်းများဖြစ်သည့်အထောက်အထားများ ရှင်းလင်း သိသာနေပြီး လုံလောက်သည်ထက်ပိုနေကြောင်း၊ လူမျိုးတုန်းသတ်ဖြတ်မှုဟု သတ်မှတ်သုံးနှုန်းပါက ရက်စက် စွာ ဆက်ဆံမှုအရေး မြန်မာနိုင်ငံကို တာဝန်ခံခိုင်းသည့်လုပ်ရပ်နှင့် နောက်ထပ်ရက်စက်မှုများထပ်ဖြစ်မလာရန် ကာကွယ်ရာတွင် အမေရိကန်က ကမ္ဘာကိုဦးဆောင်နိုင်မည်ဖြစ်ကြောင်း Refugees International ၏ CALL IT GENOCIDE: ACT FOR THE ROHINGYA ဟုအမည်တပ်ထားသည့်ထုတ်ပြန်ချက်တွင် ပါဝင်သည်။
လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်ကိုဆန့်ကျင်သည့်မှုခင်းများဟု အမေရိကန်ကသုံးနှုန်းပါက နိုင်ငံတ ကာ၏တာဝန်ခံခိုင်းသည့်လုပ်ရပ်များကို အရှိန်မြှင့်တင်ရန် တွန်းအားပေးသည့်အပြင် ဘင်္ဂါလီနှင့် အခြားတိုင်း ရင်းသားများကို ဆက်လက်ပစ်မှတ်ထားနေသည့် စစ်တပ်နှင့် မြန်မာအစိုးရတို့ကို နိုင်ငံတကာက စေ့စေ့စပ်စပ် စစ်ဆေးနိုင်ရန် ရည်ရွယ်သည်ဟုလည်း ပါဝင်သည်။
သုံးနှုန်းပါက ဘင်္ဂလားဒေ့ရှ်နှင့်ဒုက္ခသည်များကို လက်ခံနေသည့်အခြားနိုင်ငံများနှင့်စည်းလုံးညီညွတ်ကြောင်း ဖော်ပြနေမည်ဖြစ်ပြီး အခြေအနေပေးပါက လုံခြုံစိတ်ချရပြီး စိတ်ဆန္ဒပါပါနေရပ်ပြန်နိုင်သည့်အခြေအနေများ ဖန်တီးပေးရန်နှင့် တာဝန်ခံမှုရှိသည့်လုပ်ရပ်အဖြစ် သတ်မှတ်ပေးရန် အမေရိကန်က ကတိကဝတ်ပြုသည်ဟု အချက်ပြရာရောက်မည်ဟုလည်း ပြောသည်။ အရေးမလုပ်ပါက ဘင်္ဂါလီများနေရပ်ပြန်နိုင်ရေးမျှော်လင့်ချက် ကင်းမဲ့သွားနိုင်ကြောင်းလည်း ပါဝင်သည်။
ဩဂုတ် ၂၅ ရက်တွင် ယခုအသနားခံစာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဆီ ပေးပို့မည်ဖြစ်သည်။
Ref : MYANMAR 58 ORGANIZATIONS PUSH SECRETARY POMPEO TO MAKE A GENOCIDE DETERMINATION