ဘင်္ဂါလီများနေရပ်ပြန်ရေး မြန်မာ-ဘင်္ဂလားဒေ့ရှ်-တရုတ် ၃ ပွင့်ဆိုင်ဆွေးနွေးပွဲ ယနေ့တွင်ပြုလုပ်မည်

PUBLISHED - January 19, 2021
ဒါကာ၊ ဇန်နဝါရီ ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
မြန်မာနိုင်ငံသို့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များ အစောဆုံးနေရပ်ပြန်နိုင်ရေးအတွက် တရုတ်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန်များအဆင့်ဆွေးနွေးပွဲကို ယနေ့ တွင်ပြုလုပ်မည်ဖြစ်သည်။
တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး လျိုကျောင်းဟွီ၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးအေးချမ်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် မာဆွတ် ဘင် မိုမန်တို့က ဘေကျင်း၊ နေပြည်တော်နှင့် ဒါကာမြို့တို့မှအသီးသီး အွန်လိုင်းမှတဆင့်ဆွေးနွေးမည်ဖြစ်သည်။
မြန်မာနိုင်ငံဘက်က ပြန်လက်ခံမည်ဟုလက်ခံထားသည့်စာရင်းထဲမှ နေရာတူသည့်ဘင်္ဂါလီများကို အုပ်စုဖွဲ့ပြီး နေရပ်ပြန်မှုစတင်မည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက မျှော်လင့်နေသည်ဟု မိုမန်က တနင်္ဂနွေနေ့တွင်ပြောသည်။
နေရပ်ပြန်ရေးလုပ်ငန်းစဉ်များကို ကုလသမဂ္ဂအဖွဲ့အစည်းများကြီးကြပ်ကွပ်ကဲမှုဖြင့် လုပ်ဆောင်သင့်ကြောင်း လည်း မိုမန်ကအကြံပြုသည်။
၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံမှဘင်္ဂါလီ ၇ သိန်းကျော်ထွက်ပြေးခဲ့ပြီး ၂၀၁၂ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံမှ ထွက် ပြေးပြီး ဘင်္ဂလားဒေ့ရှ်တွင်ခိုလှုံနေသူ ၁.၁ သန်းကျော်ရှိသည်ဟု ကုလသမဂ္ဂအေဂျင်စီများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ခန့်မှန်းထားသည်။
Ref : Bangladesh, Myanmar, China to hold talks today
#PeopleMedia
(unicode)
………………………………………………….
Ref : Bangladesh, Myanmar, China to hold talks today
#PeopleMedia