ဘင်္ဂါလီများနေရပ်ပြန်ရေးကို ကမ္ဘာ့အသိုက်အဝန်းရှေ့မှောက်တွင်ပြုလုပ်လိုဟု ဘင်္ဂလားဒေ့ရှ်ပြော

PUBLISHED - January 19, 2021
ဒါကာ၊ ဇန်နဝါရီ ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)များနေရပ်ပြန်ရမည့် မြန်မာနိုင်ငံမှရခိုင်ပြည်နယ်တွင် နိုင်ငံတကာ အသိုက်အဝန်းရှိနေပါက ဘင်္ဂါလီများစိတ်လုံခြုံလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန် မာဆွတ် ဘင် မိုမန်က တနင်္လာနေ့တွင်ပြောသည်။
ယနေ့တွင်ပြုလုပ်မည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်-တရုတ် ၃ ပွင့်ဆိုင်ဆွေးနွေးမှုမတိုင်မီ ပြောခြင်းဖြစ်သည်။
နေရာတခုသို့အုပ်စုလိုက်ပြန်ရပါက ယုံကြည်မှုရှိပြီး ဘေးကင်းကြောင်း ဘင်္ဂါလီများခံစားရမည်ဟု သူတို့ ထင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှအရာရှိများကပြောသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နှင့် ၂၀၁၉ ခုနှစ်၊ သြဂုတ် ၂၂ ရက်တို့တွင် နေရပ်ပြန်ရေးလုပ်ငန်းစဉ် ၂ ကြိမ်စတင်ခဲ့သော်လည်း ၂ ကြိမ်စလုံးအောင်မြင်မှုမရှိခဲ့ဘဲ ဘင်္ဂါလီတယောက်မှနေရပ်မပြန်ခဲ့ချေ။
ရခိုင်ပြည်နယ်တွင် သူတို့အတွက် ဘေးကင်းလုံခြုံမှု၊ နိုင်ငံသားဖြစ်ခွင့်နှင့် အခြေခံအခွင့်အရေးများမရှိကြောင်း ဘင်္ဂါလီများကပြောသည်။
၂၀၁၇ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးခဲ့သည့်ဘင်္ဂါလီ ၇ သိန်းကျော်အပါအဝင် ဘင်္ဂလားဒေ့ရှ်တွင် ဘင်္ဂါလီစုစုပေါင်း ၁.၁ သန်းဝန်းကျင်ရှိနေသည်။
ဘင်္ဂါလီအများအပြားရှိနေခြင်းသည် ဒေသတွင်းမတည်ငြိမ်မှုဖြစ်စေနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကစိုးရိမ် နေပြီး ဘင်္ဂါလီများနေရပ်ပြန်ရေးအမြန်စတင်ရန်လည်း လိုလားနေသည်။
Ref : Rohingya Repatriation: Dhaka wants global community’s presence
#PeopleMedia
(unicode)
…………………………………………………
Ref : Rohingya Repatriation: Dhaka wants global community’s presence
#PeopleMedia