ဘဂၤါလီမ်ားေနရပ္ျပန္ေရးအတြက္ အိႏၵိယထံမွအကူအညီ ဘဂၤလားေဒ့႐ွ္ ထပ္မံေတာင္းခံ

PUBLISHED - August 20, 2020
ဒါကာ၊ ၾသဂုတ္ ၂၀
ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)သိန္းခ်ီ ေစာစီးစြာေနရပ္ျပန္ႏိုင္ေရးအတြက္ အိႏၵိယႏိုင္ငံ၏အကူအညီကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံထပ္မံေတာင္းခံခဲ့သည္။ ႀကိဳတင္ေၾကညာထားျခင္းမ႐ွိဘဲ ဘဂၤလားေဒ့႐ွ္ႏိုင္ငံသို႔ေရာက္ ႐ွိလာသည့္ အိႏၵိယႏိုင္ငံျခားေရးအတြင္း၀န္ ဟာ့႐ွ္ ဗာ့ဒ္ဟန္ ႐ွရင္ဂလာ ႏွင့္ေတြ႕ဆံုအၿပီး သတင္းေထာက္မ်ား ကို ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနအတြင္း၀န္ မာဆြတ္ ဘင္ မိုမန္က ဗုဒၶဟူးေန႔တြင္ ေျပာျခင္းျဖစ္သည္။
ဘဂၤလားေဒ့႐ွ္ၿမိဳ႕ေတာ္ဒါကာကို ႐ွရင္ဂလာ အဂၤါေန႔တြင္ေရာက္႐ွိခဲ့ၿပီး ၀န္ႀကီးခ်ဳပ္ ႐ွိတ္ဟာဆီနာႏွင့္ ညေန႔ပိုင္း တြင္ေတြ႕ဆံုခဲ့သည္။
မၾကာေသးခင္က ကုလသမဂၢလံုျခံဳေရးေကာင္စီတြင္ အိႏၵိယႏိုင္ငံက အၿမဲတမ္းမဟုတ္သည့္အဖြဲ႔၀င္ႏိုင္ငံျဖစ္ခဲ့ၿပီး လာမည့္ဇန္နဝါရီ ၁ ရက္တြင္ စတင္တာ၀န္ယူမည္ျဖစ္သည္။
ျမန္မာႏွင့္ႏွစ္ႏိုင္ငံဆက္ဆံေရး႐ွိၿပီး ဘဂၤါလီမ်ားေနရပ္ျပန္ၿပီးပါက လိုအပ္သည့္အေျခခံအေဆာက္အအံုမ်ား တည္ေဆာက္ျခင္းအတြက္ အေျခခံက်သည့္အရာမ်ားေထာက္ပံ့ေနသျဖင့္ အိႏိၵယႏိုင္ငံ၏ အကူအညီေတာင္း ခံရျခင္းျဖစ္သည္ဟု မာဆြတ္ကေျပာသည္။
ကုလသမဂၢလံုျခံဳေရးေကာင္စီအစည္းအေ၀းမ်ားတြင္ အိႏၵိယက ဘဂၤလားေဒ့႐ွ္ကိုယ္စားရပ္တည္ေဆြး ေႏြးမည္ဟု ေမွ်ာ္လင့္သည္ဆိုၿပီး ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရးအတြင္း၀န္ကေျပာသည္။
အဂၤါႏွင့္ ဗုဒၶဟူး ၂ ရက္ၾကာသည့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံခရီးစဥ္သည္ စိတ္ေက်နပ္ဖြယ္ေကာင္းေၾကာင္း ႐ွရင္ဂလာကေျပာသည္ဟုဆိုၿပီး PTI သတင္းေအဂ်င္စီကေဖာ္ျပသည္။
Ref : Dhaka again seeks Delhi’s support for Rohingya repatriation
#PeopleMedia
(unicode)
ဘင်္ဂါလီများနေရပ်ပြန်ရေးအတွက် အိန္ဒိယထံမှအကူအညီ ဘင်္ဂလားဒေ့ရှ် ထပ်မံတောင်းခံ
…………………………………………………
ဒါကာ၊ ဩဂုတ် ၂၀
ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)သိန်းချီ စောစီးစွာနေရပ်ပြန်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံ၏အကူအညီကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထပ်မံတောင်းခံခဲ့သည်။ ကြိုတင်ကြေညာထားခြင်းမရှိဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက် ရှိလာသည့် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ် ဗာ့ဒ်ဟန် ရှရင်ဂလာ နှင့်တွေ့ဆုံအပြီး သတင်းထောက်များ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် မာဆွတ် ဘင် မိုမန်က ဗုဒ္ဓဟူးနေ့တွင် ပြောခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်မြို့တော်ဒါကာကို ရှရင်ဂလာ အင်္ဂါနေ့တွင်ရောက်ရှိခဲ့ပြီး ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့် ညနေ့ပိုင်း တွင်တွေ့ဆုံခဲ့သည်။
မကြာသေးခင်က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အိန္ဒိယနိုင်ငံက အမြဲတမ်းမဟုတ်သည့်အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး လာမည့်ဇန်နဝါရီ ၁ ရက်တွင် စတင်တာဝန်ယူမည်ဖြစ်သည်။
မြန်မာနှင့်နှစ်နိုင်ငံဆက်ဆံရေးရှိပြီး ဘင်္ဂါလီများနေရပ်ပြန်ပြီးပါက လိုအပ်သည့်အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းအတွက် အခြေခံကျသည့်အရာများထောက်ပံ့နေသဖြင့် အိန္ဒိယနိုင်ငံ၏ အကူအညီတောင်း ခံရခြင်းဖြစ်သည်ဟု မာဆွတ်ကပြောသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးများတွင် အိန္ဒိယက ဘင်္ဂလားဒေ့ရှ်ကိုယ်စားရပ်တည်ဆွေး နွေးမည်ဟု မျှော်လင့်သည်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန်ကပြောသည်။
အင်္ဂါနှင့် ဗုဒ္ဓဟူး ၂ ရက်ကြာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်သည် စိတ်ကျေနပ်ဖွယ်ကောင်းကြောင်း ရှရင်ဂလာကပြောသည်ဟုဆိုပြီး PTI သတင်းအေဂျင်စီကဖော်ပြသည်။
Ref : Dhaka again seeks Delhi’s support for Rohingya repatriation
#PeopleMedia