ဘဂၤါလီမ်ားျမန္မာႏိုင္ငံမွထြက္ေျပးေစသည့္အၾကမ္းဖက္မႈမ်ားတြင္ Facebook အခန္းက႑တစ္ခုပါ၀င္ေနဟု ဘဂၤါလီအဖြဲ႔မ်ားေျပာ

PUBLISHED - August 24, 2020
ဒါကာ၊ ၾသဂုတ္ ၂၄
အိမ္မ်ားကိုစြန္႔ခြာၿပီး ဘဂၤလားေဒ့႐ွ္ႏိုင္ငံသို႔ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)ထြက္ေျပးေစသည့္ ျမန္မာႏိုင္ငံမွအၾကမ္းဖက္လုပ္ရပ္မ်ားတြင္ Facebook အခန္းက႑တစ္ခုအေနျဖင့္ပါ၀င္ေနေၾကာင္း ဘဂၤါလီအဖြဲ႔ ၄ ခုက အခိုင္အမာေျပာဆိုသည္။
တရားမွ်တမႈရေစရန္ လူမႈကြန္ရက္ကုမၸဏီ၏တာ၀န္ယူမႈလိုအပ္ေၾကာင္းလည္း တိုက္တြန္းေျပာဆိုသည္။
ၾကာသပေတးေန႔တြင္ ႐ိုဟင္ဂ်ာ့အသံ(VOR)၊ အာရကန္႐ိုဟင္ဂ်ာၿငိမ္းခ်မ္းေရးႏွင့္ လူ႔အခြင့္အေရးအသိုက္ အ၀န္း(ARSPH)၊ ႐ိုဟင္ဂ်ာလူငယ္တရားဥပေဒေရးရာလႈပ္႐ွားမႈ(RYLA)ႏွင့္ ႐ိုဟင္ဂ်ာအမ်ိဳးသမီးတရားမွ် တေရးႏွင့္ၿငိမ္းခ်မ္းေရး(RWJP) စုစုေပါင္းအဖြဲ႔ ၄ ဖဲြ႕မွကိုယ္စားလွယ္မ်ားႏွင့္ Facebook လူ႔အခြင့္အေရး ဆိုင္ရာၫႊန္ၾကားေရးမွဴး မီရန္ဒါ ဆစ္ဆင္၊ လုပ္ေဖာ္ကိုင္ဖက္ အဲလက္စ္ ဝါရာေအာ့ဖ္ကာတို႔ ဖုန္းမွတစ္ဆင့္ေဆြးေႏြးခဲ့ၾကသည္။
“ေဆြးေႏြးမႈမွာေတာ့ Facebook က အခန္းက႑တစ္ခုအေနနဲ႔ပါ၀င္ခဲ့တဲ့ျမန္မာႏိုင္ငံက အၾကမ္းဖက္မႈေ တြေၾကာင့္ ျမန္မာႏိုင္ငံကေန ဘဂၤလားေဒ့႐ွ္မွာ႐ွိတဲ့ေကာ့က္စ္ဘဇားကို ထြက္ေျပးခဲ့ရတယ္ဆိုတာပါ။ အခုေတာ့ တရားမွ်တမႈရေအာင္နဲ႔ ဒုကၡသည္စခန္းေတြက ေနထိုင္မႈတိုးတက္လာဖို႔ Facebook တာ၀န္ယူရမွာျဖစ္ပါတယ္။” ဟု ဘဂၤါလီအစုအဖြဲ႔မ်ား၏ကိုယ္စားလွယ္မ်ားလက္မွတ္ေရးထိုးထားသည့္ ပူးတြဲထုတ္ျပန္ခ်က္တြင္ပါ၀င္သည္။
ဖုန္းျဖင့္ေဆြးေႏြးမႈအေၾကာင္းႏွင့္ အဖြဲ႔Facebook စာမ်က္ႏွာတြင္တင္ထားသည့္ ပူးတြဲထုတ္ျပန္ခ်က္မွ အခ်က္အလက္မ်ားကို AARSPHမွအရာ႐ွိ မက္ မာတင္ကအတည္ျပဳသည္။
“ႏိုင္ငံတကာတရားေရးယႏၲရားနဲ႔ Facebookမွာ႐ွိတဲ့အခ်က္အလက္ေတြေ၀မွ်ဖို႔ ဆစ္ဆင္ကို ေတာင္းဆိုခဲ့ပါတယ္။ ဘာလို႔လဲဆိုရင္ သူတို႔ဘက္က ေ၀မွ်ထားတာမ႐ွိဘူးလို႔ဖတ္ေနရလို႔ပါ။” ဟု ပူးတြဲထုတ္ျပန္ခ်က္တြင္ပါ၀င္သည္။
“တရားေရးကိစၥရပ္ေတြမွာအသံုးျပဳႏိုင္တဲ့အခ်က္အလက္ေတြကို အမ်ိဳးအစားခြဲႏိုင္ေအာင္ လြတ္လပ္အမွီအခိုကင္းတဲ့ျမန္မာႏိုင္ငံဆိုင္ရာစံုစမ္းစစ္ေဆးေရးယႏၲရားနဲ႔ Facebook နဲ႔ပူးတြဲလုပ္ကိုင္ေနတယ္လို႔ ဆစ္ဆင္က အသိေပးပါတယ္။ အဲဒီယႏၲရားက ႏိုင္ငံတကာရာဇ၀တ္မႈဆိုင္ရာတရား႐ံုး(အိုင္စီစီ)၊ ႏိုင္ငံတကာတရား႐ံုး(အိုင္စီေဂ်)နဲ႔ အာဂ်င္တီးနားႏိုင္ငံမွာ စြဲခ်က္တင္ထားတဲ့ေ႐ွ႕ေနေတြနဲ႔ အခ်က္အလက္ေတြေ၀မွ်ေပးသြားမွာပါ။” ဟုလည္း ထုတ္ျပန္ခ်က္တြင္ပါ၀င္သည္။
ထိုကဲ့သို႔ ၾကားသိရျခင္းအတြက္ ၀မ္းသာမိေၾကာင္းႏွင့္ ေ၀မွ်ၿပီးေသာအခါ သူတို႔ကိုအသိေပးရန္ ေတာင္းဆိုခဲ့ေၾကာင္းလည္း ပါ၀င္သည္။ အထူးသျဖင့္ ပညာေရးႏွင့္ လူငယ္မ်ားႏွင့္သက္ႀကီး႐ြယ္အို မ်ားအတြက္ ေလ့က်င့္မႈမ်ားအတြက္ စီစဥ္ေပးရာတြင္ ဘဂၤလားေဒ့႐ွ္အစိုးရႏွင့္ပူးေပါင္းၿပီး ဘဂၤါလီဒုကၡသည္စခန္းမ်ားတြင္ လႈပ္႐ွားမႈမ်ားႏွင့္၀န္ေဆာင္မႈမ်ားအတြက္ ေငြေၾကးေထာက္ပံ့ေပးရန္လည္း အဖြဲ႔မ်ားက ေတာင္းဆိုခဲ့သည္။
“အမုန္းစကားေတြကိုတန္ျပန္ဖို႔ Facebook က အမ်ားႀကီးလုပ္ေနတယ္ဆိုတာလည္း ဆစ္ဆင္က ေျပာပါတယ္။ ဒီလုပ္ငန္းေတြကလည္း ျမန္မာႏိုင္ငံအတြက္ အေရးႀကီးပါတယ္။ အထူးသျဖင့္ ေ႐ြးေကာက္ပြဲကိုဦး တည္ေနတဲ့အခ်ိန္မွာေပါ့။”ဟုလည္း ထည့္သြင္းထားသည္။
“၂၀၁၈ ခုႏွစ္က ျမန္မာႏိုင္ငံမွာျဖစ္ခဲ့တဲ့ျဖစ္ရပ္မ်ိဳး အခုထပ္မျဖစ္ဖို႔ သူုတို႔ဘာေတြလုပ္ေနတယ္ဆိုတာေတြ အဆင့္ႁမွင့္ဖို႔နဲ႔ ဆက္ၿပီးအသိေပးေနမယ္လို႔ ေမွ်ာ္လင့္ပါတယ္။” ဟုလည္းေျပာသည္။
Ref: ‘Facebook had role in violence in Myanmar forcing Rohingyas to flee’
(unicode)
ဘင်္ဂါလီများမြန်မာနိုင်ငံမှထွက်ပြေးစေသည့်အကြမ်းဖက်မှုများတွင် Facebook အခန်းကဏ္ဍတစ်ခုပါဝင်နေဟု ဘင်္ဂါလီအဖွဲ့များပြော
……………………………………………………
ဒါကာ၊ ဩဂုတ် ၂၄
အိမ်များကိုစွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)ထွက်ပြေးစေသည့် မြန်မာနိုင်ငံမှအကြမ်းဖက်လုပ်ရပ်များတွင် Facebook အခန်းကဏ္ဍတစ်ခုအနေဖြင့်ပါဝင်နေကြောင်း ဘင်္ဂါလီအဖွဲ့ ၄ ခုက အခိုင်အမာပြောဆိုသည်။
တရားမျှတမှုရစေရန် လူမှုကွန်ရက်ကုမ္ပဏီ၏တာဝန်ယူမှုလိုအပ်ကြောင်းလည်း တိုက်တွန်းပြောဆိုသည်။
ကြာသပတေးနေ့တွင် ရိုဟင်ဂျာ့အသံ(VOR)၊ အာရကန်ရိုဟင်ဂျာငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအသိုက် အဝန်း(ARSPH)၊ ရိုဟင်ဂျာလူငယ်တရားဥပဒေရေးရာလှုပ်ရှားမှု(RYLA)နှင့် ရိုဟင်ဂျာအမျိုးသမီးတရားမျှ တရေးနှင့်ငြိမ်းချမ်းရေး(RWJP) စုစုပေါင်းအဖွဲ့ ၄ ဖွဲ့မှကိုယ်စားလှယ်များနှင့် Facebook လူ့အခွင့်အရေး ဆိုင်ရာညွှန်ကြားရေးမှူး မီရန်ဒါ ဆစ်ဆင်၊ လုပ်ဖော်ကိုင်ဖက် အဲလက်စ် ဝါရာအော့ဖ်ကာတို့ ဖုန်းမှတစ်ဆင့်ဆွေးနွေးခဲ့ကြသည်။
“ဆွေးနွေးမှုမှာတော့ Facebook က အခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်ခဲ့တဲ့မြန်မာနိုင်ငံက အကြမ်းဖက်မှု ေတွကြောင့် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ကော့က်စ်ဘဇားကို ထွက်ပြေးခဲ့ရတယ်ဆိုတာပါ။ အခုတော့ တရားမျှတမှုရအောင်နဲ့ ဒုက္ခသည်စခန်းတွေက နေထိုင်မှုတိုးတက်လာဖို့ Facebook တာဝန်ယူရမှာဖြစ်ပါတယ်။” ဟု ဘင်္ဂါလီအစုအဖွဲ့များ၏ကိုယ်စားလှယ်များလက်မှတ်ရေးထိုးထားသည့် ပူးတွဲထုတ်ပြန်ချက်တွင်ပါဝင်သည်။
ဖုန်းဖြင့်ဆွေးနွေးမှုအကြောင်းနှင့် အဖွဲ့Facebook စာမျက်နှာတွင်တင်ထားသည့် ပူးတွဲထုတ်ပြန်ချက်မှ အချက်အလက်များကို AARSPHမှအရာရှိ မက် မာတင်ကအတည်ပြုသည်။
“နိုင်ငံတကာတရားရေးယန္တရားနဲ့ Facebookမှာရှိတဲ့အချက်အလက်တွေဝေမျှဖို့ ဆစ်ဆင်ကို တောင်းဆိုခဲ့ပါတယ်။ ဘာလို့လဲဆိုရင် သူတို့ဘက်က ဝေမျှထားတာမရှိဘူးလို့ဖတ်နေရလို့ပါ။” ဟု ပူးတွဲထုတ်ပြန်ချက်တွင်ပါဝင်သည်။
“တရားရေးကိစ္စရပ်တွေမှာအသုံးပြုနိုင်တဲ့အချက်အလက်တွေကို အမျိုးအစားခွဲနိုင်အောင် လွတ်လပ်အမှီအခိုကင်းတဲ့မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးယန္တရားနဲ့ Facebook နဲ့ပူးတွဲလုပ်ကိုင်နေတယ်လို့ ဆစ်ဆင်က အသိပေးပါတယ်။ အဲဒီယန္တရားက နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး(အိုင်စီစီ)၊ နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)နဲ့ အာဂျင်တီးနားနိုင်ငံမှာ စွဲချက်တင်ထားတဲ့ရှေ့နေတွေနဲ့ အချက်အလက်တွေဝေမျှပေးသွားမှာပါ။” ဟုလည်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ထိုကဲ့သို့ ကြားသိရခြင်းအတွက် ဝမ်းသာမိကြောင်းနှင့် ဝေမျှပြီးသောအခါ သူတို့ကိုအသိပေးရန် တောင်းဆိုခဲ့ကြောင်းလည်း ပါဝင်သည်။ အထူးသဖြင့် ပညာရေးနှင့် လူငယ်များနှင့်သက်ကြီးရွယ်အို များအတွက် လေ့ကျင့်မှုများအတွက် စီစဉ်ပေးရာတွင် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့်ပူးပေါင်းပြီး ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် လှုပ်ရှားမှုများနှင့်ဝန်ဆောင်မှုများအတွက် ငွေကြေးထောက်ပံ့ပေးရန်လည်း အဖွဲ့များက တောင်းဆိုခဲ့သည်။
“အမုန်းစကားတွေကိုတန်ပြန်ဖို့ Facebook က အများကြီးလုပ်နေတယ်ဆိုတာလည်း ဆစ်ဆင်က ပြောပါတယ်။ ဒီလုပ်ငန်းတွေကလည်း မြန်မာနိုင်ငံအတွက် အရေးကြီးပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲကိုဦး တည်နေတဲ့အချိန်မှာပေါ့။”ဟုလည်း ထည့်သွင်းထားသည်။
“၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ဖြစ်ရပ်မျိုး အခုထပ်မဖြစ်ဖို့ သူုတို့ဘာတွေလုပ်နေတယ်ဆိုတာတွေ အဆင့်မြှင့်ဖို့နဲ့ ဆက်ပြီးအသိပေးနေမယ်လို့ မျှော်လင့်ပါတယ်။” ဟုလည်းပြောသည်။
Ref: ‘Facebook had role in violence in Myanmar forcing Rohingyas to flee’